သွားတိုက်တာ နှစ်မိနစ်/သုံးမိနစ်လောက် အချိန်ပေးပါ။
သွားတိုက်တဲ့အခါ အပေါ်နဲ့အောက် တိုက်ပြီး စက်ဝိုင်းသဏ္ဍာန်တိုက်တဲ့အခါ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို တစ်ပိုင်းချင်း အချိန်ပေးပြီးတိုက်ပါ။ နှစ်မိနစ်/ သုံးမိနစ်ထက်တော့ ပိုမကြာပါစေနဲ့။
အံသွားတွေကိုလည်း တိုက်ပေးပါ
သွားတိုက်တဲ့အခါ အံသွားတွေကိုလည်းချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
သွားရဲ့အတွင်းဘက်ကိုလည်းတိုက်ပါ
သွားရဲ့အရှေ့ခြမ်းကိုတင်မကပဲ အတွင်းဘက်ခြမ်းကိုလည်း သေချာတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အတော်များများ မေ့ကျန်တတ်တဲ့နေရာက ရှေ့သွားရဲ့အတွင်းပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
လျှာကိုလည်း ခပ်ဖွဖွတိုက်ပေးပါ
သွားတိုက်ပြီးတဲ့အခါ လျှုာကိုလည်း ညင်သာစွာတိုက်ပေးပါ။ ဒါ့ကြောင့်ပဲ နူးညံ့တဲ့သွားပွတ်တံကို သုံးသင့်တာဖြစ်ပါတယ်။ လျှာကိုသန့်စင်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးကိုကာကွယ်ပေးပြီး ဘက်တီးရီးယားတွေကင်းစင်စေပါတယ်။
သွားပွတ်တံကိုလည်းဆေးပါ
သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးချိန်မှာ သွားပွတ်တံကို ရေနဲ့လောင်းချပြီး ဆေးကြောသင့်ပါတယ်။ မဆေးဘဲကြာရင် နောက်တစ်ကြိမ်သုံးတဲ့အခါ ဘက်တီးရီးယားတွေကစောင့်ကြိုနေပါလိမ့်မယ်။ ဆေးကြောလိုက်တဲ့အခါ သွားပွတ်တံမှာကျန်နေတဲ့သွားတိုက်ဆေးလက်ကျန်တွေကိုဖယ်ရှားနိုင်ပါတယ်။ သွားတိုက်ဆေးတွေကပ်ကျန်တဲ့အခါ ခြောက်သွေ့သွားပြီး ဘက်တီးရီးယားတွေ ကပ်ငြိပေါက်ဖွားစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။