backup og meta

1

မျှဝေပါ။

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ ဆိုတာက ခံတွင်းကျန်းမာရေး ပြဿနာ တစ်မျိုးဖြစ်ပြီးတော့ လျှာရောင်းရမ်းနာ တစ်မျိုးပါ။ ခံစားရခက်ပြီးတော့ ဖြစ်ပွားချိန်လည်း ကြာမြင့်တဲ့ ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ ပူတဲ့စပ်တဲ့ အစားအစာတွေကို အလွန်အကျွံ စားတတ်သူတွေမှာ အဖြစ်များတတ်ပါတယ်။

လျှာတစ်လျှောက်မှာ ကြမ်းတမ်းနေတာ၊ နာကျင်ရောင်ရမ်းနေတာ၊ အနီပြင်တွေ ထွက်တာ၊ အရောင်ပြောင်းလဲတာ၊ စကားပြောဆိုတာ-အစာစားတာ-မျိုချတာတွေမှာ ခက်ခဲနေတတ်တာနဲ့ လျှာဖောရောင်နေတာမျိုးတွေဖြစ်တတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ခံစားရခက်တဲ့ ဝေဒနာတစ်မျိုးလို့ ဆိုရမှာပါ။

လျှာဟာ အစာမျိုချတာနဲ့ စကားပြောဆိုရာမှာ အရေးပါတဲ့ ကြွက်သားအစိတ်အပိုင်းတစ်မျိုးဖြစ်တာကြောင့် Glossitis ဖြစ်ပြီဆိုတာနဲ့ အစာစားတာမှာရော၊ စကားပြောဆိုရမှာပါ ပြဿနာရှိလာမှာဖြစ်ပါတယ်။ အစာစားချိန်၊ စကားပြောဆိုချိန်တွေမှာ ပြင်းထန်စွာ နာကျင်နေတာမျိုးဖြစ်တတ်ပါတယ်။

ပုံမှန်အားဖြင့် Glossitis ရောဂါ အမျိုးအစား ၃ မျိုးရှိပါတယ်။

  • ဓာတ်မတည့်မှုကြောင့် ဖြစ်လေ့ရှိတဲ့ Acute glossitis
  • နာတာရှည်ဖြစ်တတ်တဲ့ Chronic glossitis နဲ့
  • လျှာအရောင်ကိုပြောင်းလဲစေတဲ့ Atrophic glossitis တို့ပါပဲ။

ရောဂါတစ်ခါဖြစ်ပြီဆိုရင်လည်း ၁၀ ရက်ထက်မနည်းကြာတတ်တာမို့ ပြင်းထန်တဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ဆိုးရွားတဲ့ရောဂါတစ်ခုလို့ သတ်မှတ်ခံရတာပါ။

Glossitis ဘာလို့ဖြစ်ရတာလဲ

ပုံမှန်အားဖြင့် Glossitis ဖြစ်စေတဲ့အကြောင်းအရင်းက အာဟာရဓာတ်ချို့တဲ့လို့ပါ။ ဒါပေမယ့် ဒီတစ်ချက်တည်းတာ့မဟုတ်ပါဘူး။ အောက်ပါအချက်တွေဟာ Glossitis ဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ကြပါတယ်။

ဘယ်လိုလူတွေ Glossitis ပိုဖြစ်နိုင်သလဲ

Glossitis က လူတိုင်းမှာ အချိန်မရွေးဖြစ်နိုင်ပေမယ့် အောက်ပါလူအမျိုးအစားတွေမှာတော့ ဖြစ်နိုင်ခြေပိုများပါတယ်။

ဒီလူတွေကတော့

  • ပါးစပ်နဲ့ အာခေါင်မှာ ထိခိုက်ဒဏ်ရာရထားသူတွေ၊
  • အစပ် အလွန်အကျွံ စားသူတွေ
  • သွားထိန်းဝတ်ထားပြီး လျှာနဲ့ မကြာခဏ ထိခိုက်မိနေသူတွေ
  • ရေယုန် ရှိသူတွေ
  • သံဓာတ်လျှော့နည်း/ချို့တဲ့နေသူတွေ
  • အစာ ဓာတ်မတည့်/အဆိပ်သင့်တတ်သူတွေ
  • ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ရောဂါ တစ်မျိုးမျိုး ရှိသူတွေ စတဲ့ လူအမျိုးအစားတွေမှာ ပိုအဖြစ်များပါတယ်။

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ  သက်သာစေဖို့ဆိုရင်

Glossitis က ကုစားလို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ကုစားရင် အလျင်အမြန် သက်သာပျောက်ကင်းနိုင်ပါတယ်။

Glossitis ကိုများသောအားဖြင့် ဆေးဝါးနဲ့ကုသတဲ့နည်းနဲ့ အိမ်တွင်းကုထုံးနဲ့ ကုသတဲ့ နည်းလမ်း ဆိုပြီး နည်းလမ်း ၂ မျိုးနဲ့ ကုစားတတ်ကြပါတယ်။

  • ဆေးဝါးဖြင့် ကုသခြင်း – ပဋိဇီဝဆေးဝါးကို အသုံးပြုပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ကုစားတာ ဖြစ်ပါတယ်။
  • အိမ်တွင်းကုထုံး – ကတော့ သွားတွေကို အကြိမ်ကြိမ်တိုက်ပေးတာ၊ လျှာ-သွားဖုံး-သွားတို့ကို ကျန်းမာအောင် ထားတာစတဲ့ နည်းလမ်းတွေနဲ့ ကုစားတာဖြစ်ပါတယ်။
  • ခံတွင်းကို သန့်စင်အောင်ထားတာ၊
  • စားသောက်ပုံ ပြောင်းလဲတာ၊
  • အပူအစပ်နဲ့ ဆေးရွက်ကြီး ပါဝင်တဲ့ ထုတ်ကုန်တွေကို ရှောင်ကျဉ်တာတွေကလည်း ရောဂါကို သက်သာစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/glossitis#treatments

https://medlineplus.gov/ency/article/001053.htm

https://www.medicalnewstoday.com/articles/322135

ယခုပုံစံ

12/10/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement