backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။

သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။
သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။

သွားတွေမညီလို့၊ သွားကျဲနေလို့၊ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်း ကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်အောင် လုပ်ပေး နိင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါပဲ။

သွားထိန်းတစ်ခု တပ်တော့မယ်လို့ ဆုံးဖြတ်ထားရင်

  • စိတ်ရှည်ရပါမယ်။ ဒီနေ့တပ် နောက်တစ်ပတ်လောက်ဆို သွားတွေကို ပြန်ညှိနိုင်တာမဟုတ်ဘူးလေ။
  • သွားထိန်း တပ်ထားတဲ့အချိန် အနည်းငယ်ပြောင်းနေတဲ့ ကိုယ့်ရုပ်ကို သည်းခံနိုင်ရမယ်။
  • သွားထိန်းနဲ့ သွားတွေကို သေချာ သန့်ရှင်းရေးလုပ်တတ်ရမယ်။
  • အစားရှောင်ရမယ်။ ဒီအချက်တွေ လိုက်နာနိုင်မှ သွားထိန်းတပ်သင့်ပါတယ်။

သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။

သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ 

အစားအစာရှောင်ရမယ့်သူတွေထဲမှာ ချွတ်ရတပ်ရလွယ်တဲ့ ပလစ်စတစ်သွားထိန်း ( Invisalign plastic aligners ) သမားတွေထက် ဝါယားကြိုးနဲ့ သွားထိန်း တပ်တဲ့သူတွေက ပိုအရေးကြီးပါတယ်။ ဖြုတ်လို့မရတဲ့ ဝါယာကြိုးတွေတပ်ထားတော့ သန့်ရှင်းရေးလုပ်ရတာပိုခက်တယ်လေ။ ဒီတော့ အစားအသောက်လေး ဆင်ခြင်ဖို့လိုတာပေါ့ ။ ဘာတွေ ရှောင်ရမလဲ။

  • ဝါယာကြိုးတွေနဲ့ အသေတပ်ထားတဲ့ သွားထိန်းတွေက မာကြာတဲ့ အစားအစာတွေကြောင့် နေရာလွဲတာ ပြုတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
  • အချိုတွေ၊ စေးကပ်တဲ့ အစားအစာတွေ စားရင် သန့်ရှင်းရေးလုပ်ရတာ မစင်ဘဲ ကပ်ကျန်နေတတ်ပြီး သွားပိုးစားစေပါတယ်။ ဒီတော့ ဒီ အစားအစားတွေကို ရှောင်စားရပါမယ်။

( ၁ )  ပီကေ – သွားထိန်းမှာ ကပ်သွားရင် ပြန်ခွာဖို့ အတော်ခက်ပါလိမ့်မယ်။

( ၂ ) တော်ဖီ – မကျည်း တော်ဖီ၊ ဇီးတော်ဖီ၊ သကြားလုံး စတဲ့ မာတဲ့အရာတွေက သွားထိန်းကို နေရာလွဲစေသလို ပြုတ်လည်းပြုတ်သွားစေနိုင်ပါတယ်။

( ၃ ) အသီးအနှံ – ပန်းသီး ၊ မုန်လာဥ စတာတွေကို အသီးလိုက် ကိုက်မစားသင့်ပါဘူး။ အတုံးလေးတွေ တုံးပြီးလှီးပြီးမှ စားပါ။

( ၄ ) ပေါင်မုန့်၊ ပီဇာ၊ ကိတ်ခြောက်စတဲ့ သွားကြားကပ်စေတဲ့ အစားအစာတွေရှောင်ပါ။

( ၅ ) အစေ့အဆံတွေ – မာကြောတဲ့ အစေ့အဆံတွေ၊ အရိုးတွေနဲ့ ရေခဲတုံး တွေကို ရှောင်ပါ။

( ၆ ) သွားပိုးစားစေပြီး သွားထိန်း ပေါ်မှာ စွန်းထင်ကျန်စေနိုင်တဲ့ အချိုများတဲ့ အစားအသောက်တွေ၊ အချဉ်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။

(၇ ) အသား – အမဲသားတို့၊ ကြက်သားတို့လိုမျိုး စားပြီး သွားကြားညပ်တဲ့ အသားတွေ အများကြီး မစားပါနဲ့။

( ၈ ) ပြောင်းဖူးပေါက်ပေါက်တို့၊ ပြောင်းဖူးကို ဒီတိုင်းကိုက်စားလိုက်တာတို့ကိုရှောင်ပါ။

( ၉ ) ကြက်ရိုးကိုက်တာတို့၊ ဆိတ်ရိုးစွတ်ပြုတ်စာပြီး ဆိတ်ရိုးကိုက်တာတို့ ခဏရှောင်ထားပါ။ တောင်ပံစားချင်ရင်တောင်မှ အသားလေးဖဲ့ပြီးမှ တောင်ပံကို ကိုက်ပါ။ အရိုးညက်သွားရင် ပြန်ထုတ်ရတာ ခက်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

https://www.metamorphosisorthodontics.com/blog/10-foods-to-avoid-with-braces

Accessed Date 28.8.2019

https://oralb.com/en-us/oral-health/life-stages/braces/what-you-can-cant-eat-with-braces

Accessed Date 28.8.2019

ယခုပုံစံ

16/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement