သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း ဆိုလို့ ခေါင်းစဉ်ကို ဖတ်ပြီး ထူးဆန်းသွားပြီလား။ သင့်သွားတွေက သင်ထက်တာထက်ပိုပြီး သင့်ခန္ဓာကိုယ်အကြောင်းကို ပြောနိုင်ကြပါတယ်။ ဒါဟာ အိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး။ သင့်သွားကိုကြည့်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင်သက်သေပြထားကြတာပါ။ ကဲ …. ဘယ်လိုတွေများ ဆက်စပ်နေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း
သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။
၁။ သင့်လိင်တံနဲ့ သင့်သွားတွေရဲ့ ဆက်စပ်မှု
ခံတွင်းနံ့ဆိုးတာဟာ စကားပြောဆိုတဲ့အခါ ဆိုးရွားတဲ့အနံ့ထွက်စေရုံသာမက လိင်တံကို တုတ်ခိုင်မှုအားနည်းစေတယ်။ ထိုင်ဝမ်က စမ်းသပ်လေ့လာမှု အရ ခံတွင်းနံ့ဆိုးနဲ့ လိင်တံ ထောင်မတ်မှု အားနည်းတဲ့ရောဂါဆက်စပ်မှုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်သူတွေကို လေ့လာရာမှာ ၇၉ ရာခိုင်နှုန်းက နာတာရှည်သွားဖုံးရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ နာတာရှည်သွားဖုံးရောဂါဆိုတာ သင့်သွားအမြစ်တွေကနဲ့ကာ ပြုတ်ထွက်မလိုဖြစ်လာပြီး သွားအံကပ်နဲ့ သွားအမြစ်ကြားမှာ ဘက်တီးရီးယားတွေ ပေါက်တာဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ သူ့ပတ်ဝန်းကျင်သာမက အရိုးထိပါပြန့်ပွားနိုင်ပါတယ်။
၂။ သင့်သွား ရောဂါက လိင်တံထောင်မတ်မှုကို ဘယ်လိုထိခိုက်သလဲ
နာတာရှည်ရောင်ရမ်း ကိုက်ခဲမှုတွေဟာ သွေးကြောအလွှာတွေ ဆဲလ်လွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် သင့်လိင်တံကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောတွေပါ။ ဒီလိုထိခိုက်ရင် လိင်တံ ထောင်မတ်မှုမှာ ထိခိုက်စေတတ်ပါတယ်။
၃။ နာတာရှည်သွားဖုံးရောဂါ ကို ကုသနည်းများ
သင့်ရောဂါကို စောစောစီးစီး တွေ့ရှိမယ် ဆိုရင် သွားဆေးခန်းတွေမှာ သေချာ သန့်ရှင်းမှု လုပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တကယ်လို့ သင့်သွားက အခြေအနေ ဆိုးနေပြီ ဆိုရင် ဒီရောဂါကြောင့် ဖြစ်တဲ့ သွား အံဖုံးတွေကို ပြင်ဖို့နဲ့ အရိုးတွေပါ ပြန်ကုသဖို့ သွားအမြစ် ခွဲစိတ်မှု ပြုရမှာဖြစ်ပါတယ်။ ဒီလို ကုသမှုနဲ့ ထိန်းချုပ်မှု ရပြီဆိုရင် အစီအစဉ် ချပြီး သွားဆရာဝန်နဲ့ ၃လ တစ်ကြိမ် သန့်ရှင်းမှု ပြုရပါမယ်။
နာတာရှည် သွားဖုံးရောဂါ ဖြစ်သူတွေဟာ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်စေတဲ့ အတွက် သေချာ ဂရုစိုက်ပြီး လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ ဒီရောဂါက နောက်တစ်ဆင့် ဆိုးရွားတဲ့ အခြေအနေ မရောက်ခင် အထိ သင့်ကို နာကျင်မှု မဖြစ်စေပါဘူး။ ဒါကြောင့် သွားဖုံးတွေ နီတာ၊ ရောင်တာ၊ သွေးထွက်တာတွေ နဲ့ သွားရောဂါတွေ ဖြစ်ရင် သင့်သွားဆရာဝန်ဆီ မြန်မြန် သွားပြသင့်ပါတယ်။ ဒါပေမယ့် လူအများက စိုးရိမ်လွန်ပြီး သွားကို နှုတ်ပစ်လိုက်တာ များပါတယ်။
၄။ နာတာရှည်သွားဖုံးရောဂါ ကိုဘယ်လိုကာကွယ်မလဲ
ကံကောင်းတဲ့ အချက်က ဒီရောဂါကို ခံတွင်း သန့်ရှင်းရေး လုပ်ပြီး ကာကွယ်နိုင်ပါတယ်။ ADA က ထောက်ခံတဲ့ ဖလိုရိုက်ဒ် ပါဝင်တဲ့သွားတိုက်ဆေးနဲ့ တစ်ရက် နှစ်ခါ တိုက်ပါ။ သွားပွတ်ကြိုးနဲ့ သွားကြားတွေကို သန့်ရှင်းရေး လုပ်ပေးနိုင်ပြီး ခံတွင်း စစ်ဆေးမှု လုပ်ဖို့လည်းအကြံပေးချင်ပါတယ်။
တကယ်လို့သင့် လိင်တံ မာကြောမှုမှာ ခက်ခဲနေတယ် ဆိုရင် သင်သွားတွေကိုပါ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလို ထောင်မတ်ရခက်တဲ့ ရောဂါတွေဟာ အခြား ဆိုးရွားတဲ့ ရောဂါတွေရဲ့ ပြယုဂ်လည်း ဖြစ်တာကြောင့် တခြား ကိုယ်အင်္ဂါတွေမှာ ပုံမမှန်မှု ရှိရင် ဆေးခန်းပြသပါ။
Dr. Phyo wai Yan
[embed-health-tool-bmi]