backup og meta

သင့်ရဲ့ လိင်အဂါၤတောင့်တင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိသော အစားအသောက်များ


Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ လိင်အဂါၤတောင့်တင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိသော အစားအသောက်များ

    မှန်ကန်သင့်တင့်မှုမရှိသော အစားအသောက်များစားခြင်းဟာ အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအပေါ်မှာ မကောင်းသော အကျိုးသက်ရောက်မှု တွေကိုစေနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ အချို့သော အစားအသောက် အမျိုးအစားတွေဟာ အမျိုးသားများရဲ့ testosterone ဟော်မုန်းပမာဏကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး သက်ရောက်လျက်ရှိပါတယ်။ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ရရှိစေရန် သို့မဟုတ် လိင်အဂါၤကောင်းမွန်စွာ တောင့်တင်းစေရန်အတွက် လိင်အဂါၤတောင့်တင်းမှု ကိုထိခိုက်စေတဲ့ အစားအသောက်များ ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ သင်တို့အမျိုးသားတွေကို အဆိုးဝါးဆုံးဖြစ်စေမယ်လို့ ယူဆရပါတယ်။

    အသားများ

    အမျိုးသားများရဲ့ နှလုံးပေါ်ကို ထိခိုက်စေတဲ့ အစားအသောက်တွေဟာ သူတို့ရဲ့ လိင်အဂါၤ တောင့်တင်းမှုပေါ်မှာလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုသေတနပြုချက် များအရ သက်သေပြလျက်ရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းဟာဆိုရင် လိင်အဂါၤကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကျန်းမာရေးကောင်းမွန်ရန် ထိန်းသိမ်းပေးဖို့ရာ မရှိမဖြစ် အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။ တကယ်လို့ သင့်မှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာ ရှိနေပြီဆိုရင်တော့ သင်ဟာ လိင်အဂါၤကောင်းစွာမတောင့်တင်း နိုင်ခြင်း ဖြစ်နိုင်ခြေရှိပါတယ်။ အမျိုးမျိုးသော အသားအမျိုးအစားတွေ ဖြစ်တဲ့ ဝက်သား နှင့် အမဲသား စတာတွေဟာ အဆီနှင့် ကိုလက်စထရော ပမာဏ များစွာ ပါဝင်ပါတယ်။ ၎င်းဟာ နှလုံးအတွက် အလွန်ဆိုးရွားစေပြီး သင့်ရဲ့ လိင်အဂါၤ တောင့်တင်းမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ သူတို့စားသောက်တဲ့ အစားအသောက်တွေထဲမှာ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အသားတွေကို ရှောင်ကြဉ်ပြီးစား သင့်ပါတယ်။ ဒါ့အပြင် အသားဓါတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ စားပေးခြင်း၊ အိုမီဂါ သရီး ပါဝင်သော ငါးကြီးဆီ များ စားပေးခြင်း၊ အစေ့အဆံများ၊ ထောပတ်သီး၊ သံလွင်ဆီ စတဲ့ အဆီများ စားပေးခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။

    အကြော်အလှော်များ

    အကြော်အလှော်များဟာ သင့်ရဲ့နှလုံးကို ထိခိုက်စေနိုင်ပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ထိခိုက်စေနိုင် ပါတယ်။ သင့်နှလုံးအတွက် မကောင်းသော အစားအသောက်ကတော့ အလွန်ပူပြင်းတဲ့ အပူချိန်မှာ အဆီတွေနှင့် ကြော်လှော်ချက်ပြုတ်ထားတဲ့ အစာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ စားသုံးသူတွေမှာ ကိုလက်စထရော ဆိုင်ရာပြဿနာများစွာကို ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုအကြော်အလှော်တွေ စားမိတဲ့အခါ အဝလွန်ခြင်း စသောပြဿနာများ ဖြစ်စေတဲ့အတွက် အမျိုးသားတွေမှာ ဟော်မုန်းမညီမျှခြင်းတွေ ဖြစ်လာပါတယ်။ တကယ်လို့ သင်ဟာ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ရယူချင်တယ် ဆိုရင်တော့ အကြော်အလှော်တေ၊ွ ဒိုးနက်တွေနှင့် အသားကြော်တွေကို မစားသင့်တော့ပါဘူး။ ဒီအစားအသောက်တွေဟာ ဆီးကျိတ်ကင်ဆာ နှင့်ဆီးကျိတ်ကြီးခြင်း စတာတွေနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။

    ပဲပိစပ်

    ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဟားဗက်တက္ကသိုလ်မှာ လေ့လာချက်အရ နေ့စဉ်စားသောအစာများတွင် ပဲပိစပ်ထည့်စားခြင်းဟာ ကျန်းမာရေး ကောင်းသော အမျိုးသားများရဲ့ သုက်ပိုးပမာဏကို ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုသူများ ရှာဖွေတွေ့ရှိတာကတော့ သင်ဟာ ပဲပိစပ်ကို ပိုစားလေလေ သင့်ရဲ့ testosterone ဟော်မုန်းပမာဏ ဟာလည်း လျော့ကျလေလေပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ပဲပိစပ်မှာ ပါတဲ့ ပစ္စည်းတွေဟာ အမျိုးသမီး ဟော်မုန်းလို့ခေါ်တဲ့ အီစထရိုဂျင် ထွက်မှုကို အားပေးတာကြောင့် ဖြစ်ပါတယ်။ ဒီဟော်မုန်းဆိုရင် အမျိုးသားများရဲ့ ခန္ဓါကိုယ်မှာ ပုံမှန်အားဖြင့် အနည်းငယ်ပဲ ရှိပါတယ်။ ပဲပိစပ်စားသုံးခြင်းအားဖြင့် အီစထရိုဂျင် နဲ့ testosterone ဟော်မုန်းကြားမှာ မညီမျှမှုတွေ ဖြစ်စေပြီး အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဒုက္ခပေးပါတယ်။ ဒါကြောင့် အမျိုးသားများကို အထူးသဖြင့် ပဲပိစပ်ဖြင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ရာအတွက် အထူးသတိပေးပါတယ်။ သို့သော် အချဉ်ဖောက်ထားသော ပဲပိစပ် သို့မဟုတ် သဘာဝအားဖြင့် အချဉ်ဖောက်ထားသောပဲပိစပ်၊ ပဲပိစပ်နှင့် အချဉ်ဖောက်ထားသော ကိတ်မုန့်ပုံစံ မုန့်များ၊ ပဲပိစပ်မှပြုလုပ်ထားသော ဂျပန်နိုင်ငံတွင် စားသောက်သည့်မုန့် စတာတွေကတော့ ခြွင်းချက်ဖြစ်ပါတယ်။

    ဆီသွတ်ဘူးဖြင့် ထည့်ထားသည့် အစားအသောက်များ သို့မဟုတ် ပလပ်စတစ်ဖြင့် ထုတ်ပိုးထားသော အစားအသောက်များ

    BBA လို့ခေါ်တဲ့ Bisphenol A ဟာပလပ်စတစ် အစားအသောက်ဘူး အများစုနှင့် ဆီသွပ်ဘူး တွေမှာ တွေ့ရတဲ့ ဓါတုဗေဒ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ၎င်းဟာဆိုရင် အမျိုးသားများမှာ လိင်အဂါၤတောင့်တင်းမှု မရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် လျော့ကျခြင်းနှင့် မြုံခြင်း စတာတွေနဲ့ ဆက်စပ်လျက်ရှိတယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိပြီးဖြစ်ပါတယ်။ အမျိုးသားများဟာ ဆီသွပ်ဘူး အစားအသောက်တွေကို ရှောင်ရှားဆင်ခြင် သင့်ပြီးအစားအသောက်တွေကို ပလတ်စတစ်ခွက်တွေထဲ ထည့်ပြီးသိမ်းခြင်း မပြုသင့်ပါဘူး။ ဒီလိုအမျိုးအစားခွက်တွေ ထဲမှာအစားအသောက်တွေကို ထည့်ပြီးမှ မိုက်ခရိုဝေ့ မီးဖိုမှာ အပူပေးခြင်းဟာလည်း လုံးဝကောင်းသော ရွေးချယ်မှု မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ BBA ဆိုတဲ့ ဓါတုပစ္စည်းဟာ အပူပေးတဲ့ အခါမှာထွက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခြားသောခွက်အမျိုးအစားကို အသုံးပြုခြင်း သို့မဟုတ် BBA free ဟု တံဆိပ်တပ်ထားသော ပစ္စည်းများကို ရှာဖွေအသုံးပြုခြင်းကို ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ရေတွေကို ပလတ်စတစ် ဗူးထဲကို ထည့်သောက်ခြင်း မပြုရန်လည်းပဲ အကြံပေးပါတယ်။

    အရက်အလွန်အမင်း သောက်ခြင်း

    အရက်အလွန်အကျွံ သောက်ခြင်းဟာဆိုရင် အမျိုးသားများရဲ့ လိင်အဂါၤ တောင့်တင်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို များစွာထိခိုက်နိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာတွေ့ ရှိချက်များအရ အရက်ကို တစ်နေ့လျှင် ၅ခွက်နှင့်အထက် အလွန်အမင်း သောက်သုံးသူတွေဟာ testosterone ဆိုတဲ့ ဟော်မုန်းပမာဏ သိသာစွာလျော့ကျနေပါတယ်။ အရက်ဟာ သင့်ရဲ့သွေးကြောထဲမှာ testosterone ဟော်မုန်းကို တိုက်ထုတ်ပစ်ပြီး ဒီဟော်မုန်း ထွက်လာမှုကို လျော့ကျစေပါတယ်။ အရက်အနည်းငယ်သောက်ခြင်း များသောအားဖြင့် ၁ ခွက်၊ ၂ခွက် သောက်မယ်ဆိုရင်တော့ testosterone ဟော်မုန်းပမာဏ အနည်းငယ်သာ လျော့ကျနိုင်ပြီး ချက်ချင်းသိသာတဲ့ သက်ရောက်မှုတော့ မရှိပါဘူး။ ဒါကြောင့် အမျိုးသားများဟာ အရက်ကို အနည်းငယ်သာသောက်ပေးဖို့ သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement