backup og meta

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း – Circumcision နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေရှိမှာပါ။ အများစုကတော့ ဘာသာရေးအယူအဆကြောင့်၊ တချို့တွေကတော့ ကျန်းမာရေးကြောင့် ကလေးမွေးကတည်းက ဒီလိင်တံထိပ်အရေပြားဖြတ်တဲ့ အလေ့အကျင့်ကို ပြုမူတတ်ပါတယ်။ ဒီနေ့မှာတော့ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။

လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ ဂျူးလူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်သက်ဝင်ရာ အယူအဆတွေကြောင့် ကလေးတွေ မွေးပြီးတာနဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်း ပြုလုပ်ကြပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။

ခွဲစိတ်ရင် ဘယ်လောက်ကြာနိုင်လဲ။

ကလေးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

လိင်တံထိပ်အရေပြား ဖယ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။

၁။ အမျိုးသားတွေ လိင်တံကို သန့်ရှင်းတဲ့နေရာမှာ ပိုလွယ်ကူသွားပါတယ်။

အရေပြားငုံနေတဲ့အချိန်မှာ အရေပြားအောက်မှာ အဖြူရောင်အဖတ်၊ အညစ်အကြေးတွေ ကပ်နေတတ်ပြီး အမြဲဆေးကြောသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒီအရေပြားကို ဖယ်ရှားလိုက်တာကြောင့် အမျိုးသားတွေမှာ သန့်ရှင်းရေးလုပ်ရ ပိုလွယ်ကူသွားတယ်။ အနံ့အသက် မပြင်းထန်တော့ပါဘူး။

၂။ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

အမျိုးသားတွေမှာ ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်တတ်ပါတယ်။ အထူးသဖြင့် လိင်တံထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ကျောက်ကပ်မှာ ရောဂါဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်နိုင်ပါတယ်။

၃။ လိင်ကတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးတယ်။

လိင်တံထိပ်အရေပြား ဖြတ်ထားတဲ့သူတွေမှာလည်း ရောဂါကူးစက်နိုင်ပေမယ့် မဖြတ်ထားသူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အလွန်နည်းတာကို တွေ့ရပါတယ်။ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ HIV ၊ ကာလသားရောဂါ၊ ရေယုန်၊ အရေပြားမှိုရောဂါ၊ ဆီးပူညောင်းကျရောဂါ တို့ ပါဝင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

၄။ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့မရတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်တယ်။

တချို့အမျိုးသားတွေရဲ့ လိင်တံထိပ်အရေပြားဟာ ရှည်လွန်းတာကြောင့် နောက်ကလှန်ဆွဲရခက်ပါတယ်။ ဒီအခါမှာ သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ ဒီပြဿနာရှိနေသူတွေအနေနဲ့ လိင်တံထိပ်အရေပြားကို ဖြတ်ထားသင့်ပါတယ်။

၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

အဖြစ်နည်းတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့အပြင် ထိပ်အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါ့အပြင် လိင်တံထိပ်အရေပြားဖြတ်ပြီးသား အမျိုးသားတွေရဲ့ လိင်ဆက်ဆံဖော်အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

လိင်တံထိပ်အရေပြားမဖြတ်လို့ရော ရလား။

ဘာသာရေး၊ လူမျိုးရေးအယူအဆနဲ့ မသက်ဆိုင်ဘဲ လိင်တံထိပ်အရေပြားဖြတ်ထားတာဟာ ကျန်းမာရေးအတွက်ရော အမျိုးသားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်ပါ အကောင်းဆုံးပါပဲ။

ကိုယ်က မဖြတ်ထားလို့လည်း စိတ်တော့မပူလိုက်ပါနဲ့။ လိင်တံအရေပြားအောက်ကို သေချာလေး ဆေးကြောပေးမယ်။ ရေချိုးတိုင်း သန့်ရှင်းရေးလုပ်ပေးရင် ရောဂါပိုးဝင်နိုင်ခြေကို ထိထိရောက်ရောက် လျော့နည်းစေနိုင်ပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝကိုတော့ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေတာမျိုး မရှိပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Circumcision –https://www.mayoclinic.org/tests-procedures/circumcision/about/pac-20393550 (Jan 8, 2019)

Pros And Cons Of Circumcision –https://www.webmd.com/sexual-conditions/guide/circumcision (Jan 8, 2019)

ယခုပုံစံ

11/10/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement