backup og meta

ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။

    ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။ အကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်နော်။

    ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။

    ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများကတော့

    Q ဘာကြောင့် ထိပ်ပြောင်ရတာလဲ။ ။

  • ဘာလို့ ငါ့ကျမှ ထိပ်ပြောင်ရတာလဲဆိုရင်တော့ ကိုယ့်ရဲ့ မျိုးရိုးကိုသာ အပြစ်တင်ပေတော့။ ထိပ်ပြောင်ခြင်း အများစုဟာ မျိုးရိုးလိုက်တတ်တာမျိုးပါ။ dihydrotestosterone (DHT)လို့ခေါ်တဲ့ ကျားဟော်မုန်းက ဆံပင်အမြစ်အိတ်ကို သွားပေါင်းပြီး အမြစ်တွေကို ရှုံ့အောင်လုပ်လိုက်တာကြောင့် ဆံပင်တွေ မသန်၊ မထွက်တော့တာဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် အဖေက ထိပ်ပြောင်နေရင် သားဖြစ်သူလည်း တစ်နေ့ ထိပ်ပြောင်ဖို့ အလားအလားများပါတယ်။ ။
  • Q အသက်ဘယ်လောက်ဆို ထိပ်စပြောင်တတ်လဲ။ ။

  • ၂၀ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ အသက်၂၀ ဝန်းကျင်လောက်မှာ ထိပ်ပြောင်တာကို စသတိထားမိတတ်ကြပါတယ်။
  • အသက် ၅၀ လောက်မှာ ထိပ်ပြောင်တဲ့ အမျိုးသားတွေက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး
  • အသက် ၇၀ အရွယ်မှာ ထိပ်ပြောင်တဲ့ အမျိုးသား ၇၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် အသက် ဘယ်လောက်ဆို ထိပ်ပြောင်ရမယ်ဆိုတာက သေချာ သတ်မှတ်ထားတာမျိုး မဟုတ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။
  • Q ထိပ်ပေါ်က ဆံပင်တွေ အကုန်ကုန်သွားဖို့ ဘယ်လောက်ကြာလဲ။ ။

    • ကိုယ့်ထိပ်ပေါ်က ဆံပင်တွေစပါးနေပြီလို့ သတိထားမိတဲ့ အချိန်ကနေ နောက် ၁၅ နှစ် ( ဒါမှမဟုတ်) ၂၅ နှစ် အတွင်းမှာ ထိပ်ပေါ်က ဆံပင်တွေ အကုန်ပြောင်သွားနိုင်ပါတယ်။ ဒါက ပျှမ်းမျှ တွက်ထားတာဖြစ်ပြီး တစ်ချို့ဆို ၅ နှစ်အတွင်းမှာတင် အကုန်ပြောင်သွားနိုင်ပါတယ်။

    Q ကိုယ့်ဆံပင်တွေ စပါးလာပြီးဆို နောက်ပိုင်းဘာတွေ ဆက်ကြုံတွေ့ရမှာလဲ။ ။

    • ထိပ်ပြောင်တာက တစ်ဆင့်ပြီးမှ တစ်ဆင့်ဖြစ်တတ်တာမျိုးပါ။ အဆင့်တွေကတော့

    ၁ ။ ဆံပင်ကျွတ်တာ သိပ်မသိသာသေးဘူး

    ၂ ။ နဖူးနဲ့ ထိပ်တွေမှာ ဆံပင်တွေ စပါးလာပြီ။ သိသိသာသာတော့ ဆံပင် မကျွတ်သေးဘူး

    ၃ ။ မှန်ထဲကြည့်လိုက်တဲ့ အချိန်မှာ နဖူးကဆံစပ်အနားလိုင်း နောက်ဆုတ်တာ သိသာလာပြီ။ ထိပ်ပေါ်က ဆံပင်လေးတွေဆို ထိလိုက်တာနဲ့တင် ကျွတ်လာပြီ။

    ၄ ။ ဆံပင်လိုင်းက သိသိသာသာနောက်ဆုတ်လာပြီး ပြောင်နေတဲ့နေရာနဲ့ မပြောင်ဘဲကျန်ခဲ့တဲ့နေရာကို ခွဲခြားမြင်လာရပြီ။ နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကတော့ ဆက်မနေသေးဘူး။

    ၅ ။ နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကြားက ဆံပင်တွေ စပါးလာပြီ။

    ၆ ။ နောက်ဆုံး အဆင့်အနေနဲ့ နဖူးနဲ့ ထိပ်က ပြောင်နေတဲ့နေရာနှစ်ခုဆက်သွားပြီး နားထင်မှာပဲ ဆံပင်တွေကျန်ခဲ့တယ်။ ။

    Q ထိပ်ပြောင်ရင် ဘယ်လိုနည်းတွေနဲ့ ကုသလို့ရမလဲ။ ။

    Q ထိပ်ပြောင်တာကို ကြိုတင်ကာကွယ်လို့ရလား။ ။

    စိတ်ဖိစီးမှုတွေ လျော့အောင်နေမယ်၊ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပေးမယ်၊ ဆံပင်ကိုခဏခဏ ဆေးဆိုး တာမျိုးတွေ မလုပ်ဘူး၊ ဗီတာမင် A ဗီတာမင် C နဲ့ ဇင့်ဓါတ်ကြွယ်ဝတာတွေ စားပေးမယ်ဆိုရင် ထိပ်ပြောင်တာကို အနည်းနဲ့ အများတော့ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement