ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်းဆိုတာကတော့ ခွဲစိတ်ထားတဲ့ အနာမကျက်ခင် ခွဲတဲ့နေရာမှာ ရောဂါပိုးများ ဝင်ရောက်ပေါက်ပွားလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ စစ်တမ်းတွေအရ ခွဲစိတ်ကုသမှုအားလုံးရဲ့ ၂-၅ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုးဝင်တတ်တယ်လို့ သိရပါတယ်။