သွေးဆိပ်တက်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 2 mins read
Share now

သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကို ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ အဆုတ်၊ အရေပြား ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ တနေရာရာမှာ ဝင်ရောက်ကူးစက်နေတဲ့ ဘက်တီးရီးယားများဟာ သွေးထဲမှာပါ ပျံ့နှံ့လာတဲ့အခါ သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထဲမှာပျံ့နှံ့သွားပြီးတဲ့ ရောဂါပိုးများဟာ ကိုယ်ခန္ဓာအနှံ့ကို ရောက်ရှိနိုင်တာမို့ အန္တရာယ်များတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမို့ ဆေးရုံမှာ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ နားတည်တတ်ကျွမ်းသူမကုသရင် သွေးလန့်သေဆုံးနိုင်ခြေ ရှိပါတယ်။

သွေးဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်နိုင်သလဲ

ဘက်တီးရီးယားပိုးကူးစက်ရာကနေ ဖြစ်ပွားပါတယ်။ သွေးဆိပ်တက်ခြင်းဟာ ကိုယ်ခန္ဓာအခြားတနေရာရာကနေ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ဘယ်နေရာကလာသလဲဆိုတဲ့ ရင်းမြစ်ကို တိကျစွာ မသိနိုင်ပါဘူး။ များသောအားဖြင့်

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

– အဆုတ်ပိုးဝင်ခြင်း (ဥပမာ နမိုးနီးယား)

ကျောက်ကပ်ရောဂါပိုးဝင်ခြင်း

– ဝမ်းဗိုက်ပိုင်း ရောဂါပိုးဝင်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အဆိုပါနေရာများကနေ သွေးထဲကို ရောဂါပိုးဝင်ရောက်ပျံ့နှံ့ခြင်းဟာ မြန်ဆန်ပြီး ရောဂါလက္ခဏာတွေလည်း ချက်ချင်းပြတတ်ပါတယ်။ ဆေးရုံတက်ပြီးကုသမှု ခံယူနေသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဥပမာ ခွဲစိတ်ကုသမ ခံယူထားသူတွေ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေကို ထပ်ဆင့်ကူးစက်ခြင်း (Secondary Infection) လို့ခေါ်ပြီး အန္တရာယ်ပိုများပါတယ်။

ဘက်တီးရီးယားများဟာ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိနေကြလို့ ဖြစ်ပါတယ်။ သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများတဲ့ အခြားအခြေအနေတွေကတော့

– ဆိုးရွားစွာ ဒဏ်ရာရရှိထားခြင်း၊ မီးအပူလောင်ထားခြင်း

– အသက်ငယ်လွန်းခြင်း၊ ကြီးလွန်းခြင်း

– ကိုယ်ခံစွမ်းအားလျော့နည်းသော ပြဿနာများရှိနေခြင်း (ဥပမာ AIDS၊ သွေးကင်ဆာ ရောဂါများ ခံစားနေရခြင်း)

– ဆီးပိုက်ထည့်ထားခြင်း၊ သွေးကြောအတွင်း ဆေးထိုးရန် ပိုက်ပြွန်များ ချိတ်ထားခြင်း

– အသက်ရှူစက်ကိရိယာတပ်ထားခြင်း စတာတွေဖြစ်ပါတယ်။

ဘာလက္ခဏာတွေပြသလဲ

သွေးဆိပ်တက်တဲ့ လက္ခဏာတွေဟာ မြန်ဆန်စွာ ပေါ်လာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုခံယူခြင်း၊ အခြား ရောဂါကူးစက်မုတခုခုဖြစ်ပွားခြင်း စတဲ့အခြေအနေတွေ ကြုံရပြီးတဲ့နောက်မှာ လူနာဟာ အလွန်အမင်း နေထိုင်မကောင်းဖြစ်သွားပါတယ်။ ပြလာတတ်တဲ့လက္ခဏာတွေကတော့

– ချမ်းတုန်ခြင်း

– အဖျားတက်ခြင်း

– အသက်ရှူမြန်ခြင်း

– နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဒီထက်ပိုဆိုးလာတဲ့ အခြေအနေမှာတော့

– အာရုံရှုပ်ထွေးခြင်း

– ပျို့အန်ခြင်း

– ဆီးနည်းသွားခြင်း

– အရေပြားပေါ် အနီစက်များပေါ်လာခြင်း

– သွေးလည်ပတ်မှုမကောင်းခြင်း

သွေးလန့်ခြင်း စတာတွေ ကြုံလာရပါတယ်။

ဘယ်လိုကုသမလဲ

သွေးဆိပ်တက်တဲ့အခြေအနေဟာ ကိုယ်ခန္ဓာတခုလုံးကို ရောဂါပိုးပျံ့နှံ့စပြုတဲ့ အခြေအနေဖြစ်တာကြောင့် အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံတက်ပြီး ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်။

ပဋိဇီဝဆေးများပေးခြင်း၊ အရည်ဓာတ်များ ဖြည့်သွင်းကုသခြင်း၊ လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆရာဝန်နဲ့သူနာပြုများက အခြေအနေပေါ်မူတည်ပြီး ကုသပါလိမ့်မယ်။ ဆရာဝန်နဲ့ နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပေးဖို့ပဲ ဖြစ်ပါတယ်။

သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိရင်၊ ရောဂါပိုးတမျိုးမျိုးဝင်ရောက်တဲ့ လက္ခဏာပြနေရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားနည်းပါးသူတွေမှာ ပိုမိုဂရိုစိုက်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ကင်ဆာ

ကင်ဆာဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေ ပျက်စီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်းဆိုတာကတော့ ခွဲစိတ်ထားတဲ့ အနာမကျက်ခင် ခွဲတဲ့နေရာမှာ ရောဂါပိုးများ ဝင်ရောက်ပေါက်ပွားလာခြင်း ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဘေလုံးထုတ် ပြီးတဲ့နောက်

ဘေလုံးထုတ် ဘေလုံးကြီး ပဋိဇီဝပစ္စည်း ဘေလုံးကွဲ သွေးထွက်လွန် သာလာဆီးမီးယား သွေးကင်ဆာ မေ့ဆေးထုံဆေးဒဏ် ခုခံအားကျ ကာကွယ်ဆေးထိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ

COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 3 mins read
ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ

ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 2 mins read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read