အဓိပ္ပါယ်ဖွင့်ဆိုချက်
Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကဘာလဲ။
Staph ရောဂါတွေဟာ staphylococcus လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တာပါ။ ထိုပိုးမွှားတွေဟာ ကျန်းမာသူတွေရဲ့ အရေပြားပေါ်မှာနဲ့ နှာခေါင်းတွေထဲမှာပါ ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားရောဂါငယ်မျိုးလောက်ဖြစ်တတ်တာကလွဲရင် ပြဿနာမရှိတာမျိုးများပါတယ်။
ဒါပေမယ့် ဘတ်တီးရီးယားတွေ သင့်ခန္ဓါကိုယ်ထဲကို နက်နက်တိုးဝင်သွားရင်၊ သွေးကြောတွေ အရိုးအဆစ်တွေ အဆုတ်၊ နှလုံးတို့ထဲကိုဝင်သွားခဲ့ရင်တော့ သေနိုင်လောက်သည်ထိဆိုးသွားနိုင်ပါတယ်။ ကျန်းမာတဲ့လူတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ staph ရောဂါပိုးရောဂါတွေဖြစ်နှုန်းကတက်လာနေပါတယ်။
ကုသမှုတွေကတော့များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ပိုးဝင်တဲ့နေရာကိုသန့်စင်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သော staph တွေက သာမန်ပဋိဇီဝပိုးသတ်ဆေးလောက်ကိုမဖြုံတော့ပါဘူး။
Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုးအာေးပးတဲ့အချက်တွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
လက္ခဏာများ
Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လက္ခဏာတွေကတော့ သာမန်အရေပြားပြဿနာလောက်ကနေ နှလုံးအမြှေးပါးဖုံးရောင်တာအထိဖြစ်နိုင်တယ်။ ဒါကြောင့် ထို staph ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ရောဂါပိုးဝင်တဲ့နေရာ၊ ပြင်းထန်မှုတို့ကိုမူတည်ပြီး ကွဲပြားနိုင်ပါတယ်။
staph ဘတ်တီးရီးယားကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါတွေမှာတော့ ဒါတွေပါပါတယ်-
- သွေးစုနာ – အဖြစ်အများဆုံး အရေပြားရောဂါကတော့ သွေးစုနာဖြစ်တယ်။ မွှေးညင်းပေါက်၊ အဆီပေါက်တို့မှာ ပြည်တည်ခြင်းဖြစ်ပြီး ထိုနေရာတဝိုက်ကအရေပြားမှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။ အနာပေါက်သွားပါက ပြည်ထွက်လာတတ်ပြီး အများအားဖြင့် လက်မောင်းအောက်၊ ပေါင်ခြံနဲ့ တင်ပါးတို့မှာဖြစ်လေ့ရှိတယ်။
- အနာစက်များ – ကူးစက်တတ်ပြီး တခါတရံနာသော အနာကွက်များဖြစ်တယ်။ များသောအားဖြင့် အရည်များထွက်လာတတ်သော အရည်ကြည်ဖုများဖြစ်ပြီး ပျားရည်ရောင်အက်ကွဲရာတွေအဖြစ် ကျန်နေတတ်တယ်။
- ဆဲလ်ရောင်ခြင်း – အရေပြားအလွှာအနက်ပိုင်းတွင် ဖြစ်တတ်သော အခြေအနေတစ်ခုဖြစ်ပြီး အရေပြားအပေါ်ယံလွှာမှာတော့ နီရဲရောင်ရမ်းနေတတ်ပါတယ်။ ပြည်များထွက်နေတတ်သော အနာများ၊ ပြည်တည်နာများလည်း ရှိနိုင်ပြီး ခြေထောက်တွေမှာ အဖြစ်များပါတယ်။
- Staphylococcal ကြောင့်အရေခွံလောင်ခြင်းအခြေအနေ – ရောဂါပိုးဝင်ခြင်းကြောင့်ထွက်လာသော အဆိပ်များက အရေခွံလောင်ခြင်းကိုဖြစ်နေတတ်ပါတယ်။ ကလေးငယ်များ၊ မွေးကင်စများတွင်အဖြစ်များပြီး ဖျားခြင်း၊ ယားဖုများအကွက်လိုက်ပေါ်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်းဖြစ်နိုင်တယ်။ အရည်ကြည်ဖုများပေါက်သွားပါက အရေပြားအပေါ်ယံလွှာကွာပြီး အပူလောင်ကွက်လို နီရဲကြမ်းတမ်းသောမျက်နှာပြင်ပေါ်လာပါတယ်။
Staph ဘတ်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းဖြစ်စေသော အဓိကအကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်တယ်။ လက္ခဏာတွေမြန်မြန်ပြတတ်ပြီး ရောဂါပိုးရှိသောစားစရာကို စားပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပြလေ့ရှိပါတယ်။ လျင်မြန်စွာလည်းလက္ခဏာပျောက်လေ့ရှိပြီး များသောအားဖြင့် နေ့ဝက်ခန့်သာကြာလေ့ရှိတယ်။ အစားအစာမှာပါသော ရောဂါပိုးဟာ များသောအားဖြင့် မဖျားပါဘူး။ တွေ့ရတတ်သော လက္ခဏာတွေကတော့-
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။