ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေတဲ့ မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ။ ကာကွယ်ဆေးများ မရှိဘူးလားလို့ တွေးနေမိပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတာလေးတွေကို အဖြေပေးနိုင်မှာပါ။ ကဲ ….. မျောက်ကျောက် ကာကွယ်ဆေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။
မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါ ဆိုတာက ကျောက်ကြီးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။ မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေဆီကို စတင်ကူးစက်ခဲ့ပါတယ်။
မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။
လောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုနေတဲ့ မျောက်ကျောက် ကာကွယ်ဆေး ၂ မျိုးရှိပါတယ်။ ဒါကတော့
- ACAM200 vaccine [ ရေကျောက်ရောဂါအတွက် အသုံးပြုဖို့ ထုတ်ထားတဲ့ ကာကွယ်ဆေး] နဲ့
- Jynneos (Imvamune/ Imvanex) vaccine [ရေကျောက် နဲ့ မျောက်ကျောက်ရောဂါအတွက် အသုံးပြုဖို့ ထုတ်ထားတဲ့ ကာကွယ်ဆေး] တို့ပါ။
Jynneos (Imvamune/ Imvanex) vaccine
Jynneos (Imvanex) vaccine ကတော့ လက်ရှိမှာ ဖြစ်ပွားမှုနှုန်းမြင့်နေတဲ့ မျောက်ကျောက်ကို တားဆီးနိုင်ဖို့ အဓိကထားပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးပါ။ ဒီကာကွယ်ဆေးက
သက်ရှိ ဗိုင်းရပ်စ်နဲ့ ထုတ်လုပ်ထားတဲ့ လက်မောင်းမှာ ထိုးနှံရမှာဖြစ်ပါတယ်။ ဆေး ၂ လုံးကို ၂၈ ရက်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာပါ။ ဒုတိယအကြိမ်ထိုးပြီး ၁၄ရက်နေမှ ခုခံအားကို အပြည့်အဝရမှာပဲ ဖြစ်ပါတယ်။
ACAM200 vaccine
ACAM200 vaccine ကလည်း သက်ရှိဗိုင်းရပ်စ်နဲ့ပဲ ထုတ်လုပ်ထားတာပါ။ အရေပြားအပေါ်ယံမှာ ခြစ်ရာလေးလို ဖြစ်အောင် လုပ်ရမှာပါ။ အမာရွတ်လို ကျန်ခဲ့မှာပဲဖြစ်ပါတယ်။
ကျောက်ရောဂါ ကာကွယ်ဆေးလိုမျိုးပါ။ ဆေးမှာပါတဲ့ ဗိုင်းရပ်စ်တွေက အမာရွတ်ထဲမှာ ပေါက်ဖွားပြီး ခန္ဓာကိုယ် အနှံ့ကို ရောက်ရှိသွားမှာပါ။ ဒီအခြေအနေမှာ အခြားသူတွေဆီကို ဗိုင်းရပ်စ် ရောက်ရှိသွားတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် ACAM200 vaccine ထိုးနှံမယ့်သူတွေအနေနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့တာမျိုး မရှိစေဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက တစ်ကြိမ်တည်း ထိုးနှံမှာ ဖြစ်ပြီး ၂၈ ရက်နေမှ ခုခံအား ရရှိမှာပါ။ ဒါကြောင့် ဒါကို သိပ်မသုံးပါဘူး။
ဒီနှစ်မျိုးမှာ Jynneos (Imvamune/ Imvanex) vaccineကို ပိုပြီး အသုံးများကြပါတယ်။
မျောက်ကျောက် ကာကွယ်ဆေးက ဘယ်လိုမျိုး side effectတွေ ခံစားရနိုင်လဲ

ဒါကတော့ ထိုးနှံတဲ့ ကာကွယ်ဆေးအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးလည်း မတူနိုင်ပါဘူး။
JYNNEOS vaccine ဆိုရင်
ACAM2000 vaccine ဆိုရင်
- ဆေးထိုးထားတဲ့နေရာက နာမယ်
- ဆေးထိုးထားတဲ့နေရာက ရောင်မယ်
- ဆေးထိုးထားတဲ့နေရာမှာ နီမြန်းမယ်
- အဖျားတက်မယ်
- အင်ပြင်လိုတွေ ထွက်မယ်
- ပြန်ရည်ကျိတ်လေးတွေရောင်မယ်
- ခေါင်းကိုက်မယ်
- ကိုယ်လက်တွေ ကိုက်ခဲမယ် စတာတွေ ခံစားရနိုင်ပါတယ်။
ACAM2000 ကာကွယ်ဆေးက အမာရွတ် ဖြစ်ကျန်ခဲ့စေနိုင်ပြီး Jynneos ကာကွယ်ဆေးကတော့ အခြား ကာကွယ်ဆေးတွေလိုပဲ ထိုးနှံရတာ ဖြစ်တာကြောင့် အမာရွတ် ဖြစ်တာမျိုး ရှိမှာ မဟုတ်ပါဘူး။
ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘယ်လို ဂရုစိုက်ရမလဲ
ကာကွယ်ဆေး ထိုးပြီးချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ခံစားတုံ့ပြန်ပုံချင်းကတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီးချိန်မှာ ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို့အတွက်
- ရေ များများသောက်ပါ
- အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးပါ
- ဆေးထိုးထားတဲ့နေရာကို ရေခဲကပ်ပေးလို့ ရပါတယ်
- အာဟာရ ပြည့်ဝအောင် စားပါ
- ပြည့်ပြည့်ဝဝ အနားယူပါ
- အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။
လက်ရှိမှာ ကာကွယ်ဆေး ထိုးသင့်နေပြီလား။
လက်ရှိမှာ မျောက်ကျောက်ကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေးလိုမျိုး လူတွေ အစုလိုက် ထိုးစရာတော့ မလိုသေးပါဘူး။ ဒါပေမယ့် ထိုးထားသင့်တဲ့ သူတွေကတော့
- မျောက်ကျောက်ရောဂါရှိတဲ့ လူနာကို ကုသမှုပေးဖို့ လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေ
- မျောက်ကျောက်ရောဂါရှိသူနဲ့ ထိတွေ့ထားတဲ့သူတွေ (ထိတွေ့ပြီးပြီးချင်း ၄ရက် သို့ ၁၄ရက်အတွင်းမှာ တစ်ကြိမ်တော့ အနည်းဆုံးထိုးထားသင့်ပါတယ်။)
- အမျိုးသားချင်းလိင်တူ ဆက်ဆံသူတွေ (မျောက်ကျောက်ရောဂါက လိင်ကတဆင့် ကူးစက်တတ်တာမျိုး မဟုတ်ပေမယ့် လက်ရှိလူနာစာရင်းအရ သူတို့တွေမှာ အဖြစ်များနေတာကြောင့်ပါ)