ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
အကြောင်းရင်းများ
Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်များက အများအားဖြင့် ဖြစ်ပွားစေသည်။ လက္ခဏာရပ်များ
သည် ပိုးဝင်ပြီး 10 ရက် (သို့) နှစ်ပတ်ကြာမှသာ ပေါ်လာတတ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အကယ်၍ ဖြစ်ရသောအကြောင်းအရင်းမှာဘက်တီးရီးယားများကြောင့် ဖြစ်ပါက မိုက်ခရိုစကုပ် ခေါ်အနုကြည့်မှန်ပြောင်းပါကိရိယာဖြင့်ကျောရိုးအရည်များကိုစစ်ဆေးကာ အတည်ပြုနိုင်သည်။
မြန်မြန်စစ်ဆေးတွေ့ရှိကာ ကုသနိုင်လေလေ အကျိုးရလဒ်ထူးလေလေဖြစ်သည်။
Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ
ဤရောဂါသည် ဆေးရုံတွင် အရေးပေါ်ကုသရန်လိုအပ်သည်။ ကုသမှုတွင် အကြောဆေးသွင်း
ခြင်းနှင့် သောက်သုံးရသော ပိုးသတ်ဆေးများ၊ အနားယူခြင်း စသည်ဖြင့် ပါဝင်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။