backup og meta

နှုတ်ခမ်းတဝိုက်က ရေယုန် အတွက် အိမ်တွင်းကုထုံး

နှုတ်ခမ်းတဝိုက်က ရေယုန် အတွက် အိမ်တွင်းကုထုံး

စားချင်တာမစားရဘဲ ပါးစပ်တဝိုက်မှာပေါက်တဲ့ ရေယုန်ကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့ နှုတ်ခမ်းတဝိုက်က ရေယုန် ကို သက်သာအောင်လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးမယ်နော်။

နှုတ်ခမ်းတဝိုက်က ရေယုန် ဆိုတာ ဘာလဲ…..

ပါးစပ်တဝိုက်မှာပေါက်တတ်သလို ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးက အရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်၊၊ ရေယုန်အမျိုးအစားတွေ အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန်ကတော့ အဖြစ်များပါတယ်။

ဘယ်လိုလက္ခဏာတွေရှိလဲ….

တော်တော်များများက ကူးစက်ခံရတာကိုတောင်မသိလိုက်တာမျိုး ရှိနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာမယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာနေမယ်ဆိုရင်တော့ ရေယုန်ဖြစ်ဖို့ များပါတယ်။ လိင်အင်္ဂါတဝိုက်မှာဖြစ်တတ်တဲ့ ရေယုန် တွေကလည်း ဒီလိုပါပဲ၊၊   စအိုတဝိုက်မှာ နာကျင်တဲ့ အရည်ကြည်ဖုလေးတွေကနေ စဖြစ်တာပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

နှုတ်ခမ်းနဲ့ နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန် တွေကို သက်သာစေဖို့ဆိုရင်တော့

  • ရေခဲဝတ်ကပ်ပေးပါ – တဘက်စ သန့်သန့်လေးနဲ့ ရေခဲတွေကိုထုပ်လို့ အနာပေါ်ကို ခပ်ဖွဖွလေးကပ်ပေးပါ။ အနာသက်သာစေပါလိမ့်မယ်။
  • မကုတ်ပါနဲ့ – ဒါက အရေးအကြီးဆုံးအချက်တစ်ခုပါ။ အနာကို ကုတ်လိုက်တဲ့အခါ အရည်ကြည်ဖုတွေ ပေါက်သွားပြီး ပိုးတွေ ကူးစက်သွားနိုင်ပါတယ်။ အနာတွေထပ်ပွားလာနိုင်တာကြောင့် မကုတ်ပါနဲ့။
  • သန့်စင်အောင်ထားပါ – အနာကိုပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့အတွက် အနာဖြစ်နေတဲ့နေရာကို လက်နဲ့ခဏခဏကိုင်တာမျိုး မလုပ်ပါနဲ့။ အနာဖုတွေနဲ့ အနာဖုတွေတဝိုက်ကို သေချာလေး သန့်စင်ပေးပါ။
  • စိတ်ဖိစီးမှု လျှော့ချပါ –  စိတ်ဖိစီးမှုက ကိုယ်ခံအားကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေတာက ရေယုန်ကို သက်သာစေဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေယုန်သက်သာစေဖို့ နဲ့ ထပ်ဖြစ်မလာစေဖို့ စိတ်ဖိစီးမှုကိုလျှော့ချပေးပါ။

နှုတ်ခမ်းတဝိုက်က ရေယုန် ကို သက်သာစေမယ့် သဘာဝပစ္စည်းတွေက ဘာတွေများလဲ……….

နှုတ်ခမ်းတဝိုက်ကရေယုန်ကို သက်သာစေဖို့ဆိုရင်တော့

  • လိမ်းဆေးလိမ်းပေးပါ၊၊

ဆေးဆိုင်မှာ ရေယုန်အတွက် အနာသက်သာစေတဲ့ လိမ်းဆေးတွေ ရှိပါတယ်၊၊ ဥပမာ lidocaine ပါဝင်တာမျိုးပါ၊၊ အနာမသက်သာမချင်း အရည်ကြည်ဖုလေးတွေပေါ်ကို လိမ်းဆေး လိမ်းပေးနိုင်ပါတယ်၊၊ သိပ်ကိုက်လွန်းရင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးနိုင်ပါတယ်၊၊

လက်ဖက်ပင်ကရတဲ့ အဆီကို ဂွမ်းစလေးနဲ့တို့ပြီး ရေယုန်ပေါ်မှာ အသာအယာတို့ပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်တို့ပေးပါ။ ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ လက်ဖက်ဆီက အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်သလို ရေယုန်ကိုလည်း သက်သာစေနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ ရောပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ စုပ်ယူလို့ အနာပေါ်မှာ အသာအယာတို့ပေးပါ။ ရေမဆေးချပါနဲ့။ ခြောက်သွားတိုင်း ဂွမ်းအသစ်သုံးလို့ တို့ပေးပါ။ ၃ ကြိမ်ကနေ ၄ ကြိမ်လောက်လုပ်ပေးလည်းရပါတယ်။

ရေနွေးနွေးတစ်ခွက်စာထဲကို ပူဒီနံအရွက်အဆီ ၃ စက် လောက်ချပေးပါ။ ပြီးရင် ဂွမ်းစလေးနဲ့တို့ယူပြီး အနာပေါ်နဲ့ အနာတဝိုက်မှာ စွတ်ပေးပါ။ ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်အထိလုပ်ပေးပါ။

လက်ကိုစင်အောင်ဆေးလို့ ရှားစောင်းလက်ပပ်အတွင်းသားကို ခွာပြီး အနာပေါ်နဲ့ အနာတဝိုက်ကို ပွတ်ပေးပါ။ ခြောက်သွားအောင် ထားလိုက်ပါ။ တစ်နေ့ကို ၃ ကြိမ်အထိ လုပ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သံလွင်ဆီတစ်ခွက်စာထဲကို လာဗင်ဒါဆီ ၁၀ စက်၊ ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာတို့ရောကျိုပါ။ ပြီးရင် အအေးခံပြီး ဂွမ်းစလေးနဲ့ယူလို့ အနာပေါ်မှာ တို့ပေးပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ကြိမ်အထိလုပ်ပေးပါ။

အရေးကြီးတဲ့အချက်က အရည်ကြည်ဖုတွေကို ကြမ်းကြမ်းတမ်းတမ်း မထိတွေ့ဖို့ပါ၊၊ ပြီးတော့ ရေယုန်ပေါက်ပြီး ၄၈နာရီအတွင်းဆို သောက်ဆေးပေးပြီး ကုသလို့ ရတာကြောင့် စောစောစီးစီး ဆရာဝန်နဲ့ ပြသဖို့လည်း လိုအပ်ပါတယ်၊၊

ရေယုန်သက်သာစေဖို့အခုနည်းလေးတွေကို သုံးပြီးလုပ်ဆောင်ကြည့်လိုက်ပါနော်…….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Effective Treatments for Herpes https://www.verywellhealth.com/herpes-treatment-3133020 Accessed Date 24 December 2019

6 Tips To Treat Herpes Naturally And Prevent Spreading https://doctor.ndtv.com/living-healthy/6-tips-to-treat-herpes-naturally-and-prevent-spreading-1807254 Accessed Date 24 December 2019

15 Effective Natural Remedies To Treat Herpes https://www.stylecraze.com/articles/natural-remedies-to-treat-herpes/#gref Accessed Date 24 December 2019

ယခုပုံစံ

13/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Herpes Simplex Virus Infection (ရေယုန်ရောဂါ)

Shingles (ဆင်ဖြူတော်ရေယုန်)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement