backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်
အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာ Salmonella ပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။

ဒီပိုးတွေကို ဆက်ပြီးစစ်ဆေးတဲ့အခါ Ampicillin၊ Tetracycline၊ Levofloxacin နဲ့ Ciprofloxacin အပါအဝင် ပဋိဇီဝဆေးဝါးသုံးမျိုးနဲ့အထက် ဆေးယဉ်ပါးနေတာ တွေ့ရတယ်လို့ စာတမ်းမှာ ပါရှိပါတယ်။

Salmonella ဆိုတာ ဘာလဲ

Salmonella ဆိုတာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ အစားအသောက်ကနေ ကူးတယ်၊ အိမ်မွေးတိရစ္တာန်ကနေ ကူးတယ်၊ ရောဂါပိုးပါတဲ့ ကြက်ဘဲ၊ ဝက်၊ အမဲသား၊ ဥနဲ့ နို့တွေစားသောက်မိရာကနေ Salmonella ပိုးကိုရရှိနိုင်ပြီး သူတို့နဲ့ အတူထားမိတဲ့ အသီးအရွက်တွေစားမိရင်လည်း ကူးစက်ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ ကူးစက်ရရှိနိုင်တာဖြစ်ပေမယ့် ဒီဘက်တီးရီးယားရှိတဲ့အရာကို ထိတွေ့မိပြီး လက်သေချာမဆေးမိတဲ့အခါလည်း လူကနေလူကို လက်ကတဆင့် ဆက်ပြန့်ပွားနိုင်ပါတယ်။

Salmonella ကြောင့် အစာအဆိပ်သင့်ရင် လက္ခဏာတွေ ရှိလဲ

အများအားဖြင့်တော့ ကူးစက်ခံရပြီဆိုရင် –

  • ဗိုက်အောင့်တာ၊
  • ဝမ်းပျက်ဝမ်းလျှောတာ၊
  • ပျို့အန်တာ၊
  • ဖျားတာ၊
  • ချမ်းတုန်တာ၊
  • ခေါင်းကိုက်တာ၊
  • ဝမ်းသွားရင်သွေးပါတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီး ၈ နာရီကနေ ၇၂ နာရီအတွင်း စလာတတ်ပြီး အပျော့စားမျိုးစိတ် တွေဆို တစ်ပတ်လောက်အတွင်း ပြန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းကျန်းမာရေးနဲ့ ဝမ်းပုံမှန်ပြန်ကောင်းဖို့က လနဲ့ချီပြီးကြာနိုင်ပါတယ်။

ဘာလို့ပိုဂရုစိုက်သင့်တာလဲ

Salmonella ပိုးရဲ့မျိုးစိတ်တွေက အများကြီးရှိပေမယ့် ဒီတစ်ခါတွေ့ရတာက တိုက်ဖွိုက်မဖြစ်စေနိုင်တဲ့ အမျိုးအစားဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးနေတာလည်း တွေ့ရပါတယ်။ ဆေးယဉ်ပါး Salmonella ကြောင့် အစာအဆိပ်သင့်ခြင်းက ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာတာကြောင့် ပိုပြီးသတိထားသင့်ပါတယ်။  ဒီပိုးကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးတွေရှိပေမယ့် သတိဆိုတာ ပိုသည်မရှိလို့ ကိုယ့်ဘက်က ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေ သိထားဖို့က အရေးကြီးပါတယ်နော်။

ဘယ်လို ကာကွယ်ရမလဲ

  • အသားနဲ့ ဥတွေကို အစိမ်း သို့မဟုတ် မကျက်တကျက် မစားပါနဲ့။
  • သန့်ရှင်းတဲ့ရေကိုပဲ သောက်ပါ။
  • အသားစိမ်းတွေ၊ ဥတွေကို အသီးအရွက်အပါအဝင် တခြားစားစရာတွေနဲ့ သီးခြားခွဲထားပါ။
  • အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပါ။
  • လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောသန့်စင်ပါ။ (အထူးသဖြင့် အစားအသောက်ပြင်ဆင်တဲ့အခါနဲ့ အစားမစားခင်အချိန် ဒါမှမဟုတ် သန့်စင်ခန်းအထွက်)
  • ချက်ပြုတ်တဲ့မီးဖိုခန်းမှာ သန့်ရှင်းအောင်ထားပါ။
  • အသားတွေကို သေချာကျက်အောင်ချက်ပါ။

တကယ်လို့ ကိုယ့်မှာ အစာအဆိပ်သင့်တဲ့လက္ခဏာတွေ တွေ့ရတယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးခန်းတွေမှာ အမြန်ဆုံးကုသမှုခံယူပါ။

ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ကတော့ ” ကြက်သားအစိမ်းတွေမှာ Salmonella ပိုးတွေတွေ့ရပေမဲ့ ဒီကြက်သားကို ကျက်အောင်ချက်ရင် Salmonella ပိုးတွေကသေသွားနိုင်ပါတယ်။ ဒါပေမဲ့ Salmonella ပိုးပါတဲ့ကြက်သားကိုကိုင်နေရင်းနဲ့ အခြားအစားအသောက်တွေကိုင်လိုက်မယ်ဆိုရင်တော့ ဒီပိုးက ဗိုက်ထဲတန်းရောက်သွားပါမယ်။ ဒါကြောင့် အသားစိမ်းတွေကိုင်ပြီးရင် လက်ကိုရေစင်အောင်ဆေးကြောဖို့လိုတယ်။ အသားစိမ်းတွေနဲ့ ချက်ပြီးသားအစားအစာတွေ၊ မုန့်ပဲသရေစာတွေ၊ အသီးအရွက်တွေအတူတူရောမထားရပါဘူး” လို့ ပြောပြခဲ့ပါတယ်။

အခုတွေ့ရတဲ့ Salmonella ပိုးတွေမှာ ဆေးယဉ်ပါး နေတဲ့ အကြောင်းရင်းကိုတော့ ဆက်ပြီးလေ့လာ၊ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.who.int/news-room/fact-sheets/detail/salmonella-(non-typhoidal)

Accessed Date Jan-16, 2020.

https://www.cdc.gov/drugresistance/pdf/threats-report/nt-salmonella-508.pdf

Accessed Date Jan-16, 2020.

https://www.webmd.com/food-recipes/food-poisoning/what-is-salmonella#3

Accessed Date Jan-16, 2020.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement