အဓိပ္ပါယ်ဖွင့်ဆိုချက်
Pinworms (ကပ်ပါးတုတ်ကောင် ကူးစက်ခြင်း ) ကဘာလဲ။
တုတ်ကောင်ကူးစက်တယ် ဆိုတာ လူတွေရဲ့ အူထဲမှာ ကပ်ပါးကောင်ကူးစက်တဲ့ အမျိုးအစားတွေထဲ က အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ယူဆ ကြပါတယ်။ တုတ်ကောင်ဆိုတာ အလွန်သေးငယ်ပြီး ချည်မျှင်လို ပါးလွှာတဲ့ ကပ်ပါးကောင်တွေ ဖြစ်ပါတယ်။ အဖြူရောင်ရှိပြီး လက်မဝက်လောက်တောင် မရှည်ပါဘူး။ တုတ်ကောင်ကူးစက်ခံရတာကို enterobiasis ဒါမှမဟုတ် oxyuriasis လို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အတွေ့ရအများဆုံး ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ တုတ်ကောင်ကူးစက်မှုဟာ ပျံ့နှံ့လွယ်ပါတယ်။ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား အသင်းအဖွဲ့နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေရတဲ့ ကလေးတွေများ အဖြစ်များပါတယ်။ နောက်တစ်ကြိမ်ပြန်ကူးစက်တာမျိုး ရှိနိုင်ပေမယ့် ကုသတဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ ဆေးသောက်တာပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဆင့်ပွားရောဂါတွေနဲ့ နာတာရှည် ဝေဒနာတွေ ခံစားရတာမျိုးကတော့ ရှားပါးပါတယ်။
Pinworms (ကပ်ပါးတုတ်ကောင် ကူးစက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ
တုတ်ကောင်ကူးစက်တာက ကမ္ဘာတစ်ဝန်း နေရာတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါ ဖြစ်လာစေမယ့် အမူအကျင့်တွေကို ဂရုစိုက်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
လက္ခဏာများ
Pinworms (ကပ်ပါးတုတ်ကောင် ကူးစက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ
တုတ်ကောင်တွေ ရှိနေပြီလို့ သိနိုင်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။