backup og meta

သွေးလွန်တုပ်ကွေး (Dengue fever)

သွေးလွန်တုပ်ကွေး ရောဂါဟာ ခြင်ကနေတဆင့် ကူးစက်ပြန့်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်၄ မျိုးထဲက တစ်မျိုးကြောင့် ဖြစ်တာဖြစ်ပါတယ်။ အဖျားတက်တဲ့အခါ ပြင်းထန်တဲ့ အဆစ်အမြစ်နဲ့ ကြွက်သားတွေနာကျင်မှုကို ခံစားရတာကြောင့် “break-bone” fever လို့လည်းခေါ်ကြပါတယ်။

သွေးလွန်တုပ်ကွေး (Dengue fever)

အပျော့စား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အဖျားတက်တာ၊ အနီစက်တွေထွက်တာ၊ ကြွက်သားနဲ့ အရိုးတွေ နာကျင်ကိုက်ခဲတာ ခံစားရနိုင်ပါတယ်။ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါမှာတော့ သွေးလွန်တာ၊ ရုတ်တရက်သွေးပေါင်ကျတာနဲ့ သေဆုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

နှစ်စဉ် ကမ္ဘာတလွှားမှာ သွေးလွန်တုပ်ကွေးရောဂါခံစားနေရသူဦးရေက သန်းနဲ့ချီပြီးရှိပါတယ်။ သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ များသောအားဖြင့် မိုးရာသီနဲ့ မိုးရာသီကုန်ဆုံးပြီးချိန်မှာ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေဖြစ်တဲ့

  • အာဖရိက
  • အရှေ့တောင်အာရှဒေသ နဲ့ တရုတ်နိုင်ငံ
  • အိန္ဒိယ
  • အရှေ့အလယ်ပိုင်းဒေသ
  • ကာရေဗီယန်၊ တောင်အမေရိက နဲ့ အမေရိကအလယ်ပိုင်း
  • သြစတြေးလျ၊ ပစိဖိတ်တောင်ပိုင်း နဲ့ အလယ်ပိုင်းတို့မှာ သွေးလွန်တုပ်ကွေးအဖြစ်များပါတယ်။

သွေးလွန်တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

classic dengue၊ dengue hemorrhagic fever နဲ့ dengue shock syndrome ဆိုပြီး သွေးလွန်တုပ်ကွေး ရောဂါ အမျိုးအစား ၃ မျိုးရှိပါတယ်။

Classic Dengue

ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေအကိုက်ခံရပြီးတဲ့နောက်မှာ ၄ ရက်ကနေ ၇ ရက်အတွင်း အဖျားစတက်လာတဲ့အချိန်မှာ –

  • အဖျားက ၁၀၅ ဒီဂရီဖာရင်ဟိုက်အထိတက်လာတာ
  • မခံမရပ်နိုင်အောင် ခေါင်းကိုက်တာ
  • မျက်လုံးတွေ အောင့်တာ
  • အဆစ်တွေနဲ့ ကြွက်သားတွေနာကျင်ကိုက်ခဲတာ
  • ပျို့အန်တာ၊ အော့အန်တာ
  • အနီရောင်အစက်တွေ ထွက်တာ

Dengue Hemorrhagic Fever ( အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ)

Dengue hemorrhagic fever (အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ) ဖြစ်ပေါ်ခံစားရတဲ့အခါ classic dengue ရဲ့ လက္ခဏာတွေအပြင်

  • သွေးကြောနဲ့ ပြန်ရည်ကြောတွေပျက်စီးတာ
  • သွေးဥမွှားတွေ နည်းတာကြောင့် နှာခေါင်း၊ သွားဖုံး သွေးယိုတာ၊ အရေပြားအောက်ဘက်မှာ သွေးခြည်ဥတာတွေကိုပါ ခံစားရပါတယ်။

အချိန်မီမကုဘူးဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

Dengue Shock Syndrome (အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေးရောဂါ)

Dengue Shock Syndrome (အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေး ရောဂါ) မှာ အထက်ပါသွေးလွန်တုပ်ကွေးရောဂါနှစ်မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေအပြင်

သွေးလွန်တုပ်ကွေးဖြစ်ရတဲ့ အကြောင်းရင်းများ

ခြင်ကိုက်ရာကနေတဆင့် ကူးစက်တဲ့ ရောဂါပိုးတစ်မျိုးကြောင့် သွေးလွန်တုပ်ကွေးရောဂါ ခံစားရတာဖြစ်ပါတယ်။ DEN-1၊ DEN-2၊ DEN-3 နဲ့ DEN-4 လို့သိကြတဲ့ ရောဂါပိုးတစ်မျိုးစီကြောင့် ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ၄ မျိုးရှိပါတယ်။

Aedes aegypti (သို့) Aedes albopictus လို့ သိကြတဲ့ခြင်မျိုးစိတ်တွေက ရောဂါပိုးရှိသူတွေကိုကိုက်ပြီး သွေးကနေတဆင့်ရောဂါပိုးကို သယ်ဆောင်ကာ အခြားသူကိုကိုက်ရာကနေ ပိုးကူးစက်စေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ပြန်ကောင်းလာတဲ့အခါ ကိုယ်ခံအားစနစ်က လတ်တလောခံစားခဲ့ရတဲ့ သွေးလွန်တုပ်ကွေးရောဂါပိုးတစ်မျိုးကိုပဲ ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ပဲ ဖြစ်လာပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးက ၄ မျိုးရှိတာကြောင့် နောက်တစ်ကြိမ်ကူးစက်ခံရနိုင်ပါတယ်။

ဘယ်အချက်တွေက သွေးလွန်တုပ်ကွေး ရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်သလဲ။

ရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့အချက်တွေက

  • အပူပိုင်းဒေသတွေကို ခရီးသွား၊ နေထိုင်တာ။ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ နေထိုင်တာနဲ့ ဒီဒေသတွေကို သွားရောက်တာက သွေးလွန်တုပ်ကွေးရောဂါပိုးနဲ့ ထိတွေ့ခံစားရနိုင်ခြေကို များစေပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်အနောက်ဘက်ကျွန်းတွေ၊ လက်တင်အမေရိကနဲ့ ကာရေဗီယန်ဒေသတွေက သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေ မြင့်မားတဲ့ဒေသတွေဖြစ်ပါတယ်။
  • အရင်က သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖူးတယ်ဆိုရင် နောက်တစ်ကြိမ်ရောဂါ ကူးစက်ခံရတဲ့အခါ ပိုပြီးပြင်းထန်တတ်ပါတယ်။

သွေးလွန်တုပ်ကွေး နဲ့ပတ်သက်ပြီး အသုံးများတဲ့ဆေးစစ်မှုတွေကဘာတွေလဲ။

သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေက ငှက်ဖျား၊ leptospirosisနဲ့ တိုက်ဖွိုက်ရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူနေတတ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါကို ဖော်ထုတ်သိရှိနိုင်ဖို့ခဲယဉ်းနိုင်ပါတယ်။

ဒါပေမယ့် ရောဂါရာဇဝင်တွေ၊ လူနာကို စမ်းသပ်ချက်တွေအရ သွေးလွန်တုပ်ကွေးနဲ့ ကိုက်ညီနေတယ်ဆိုရင် သွေးစစ်ပြီး အဖြေရှာမှာပဲ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုကုသမလဲ။ 

သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုထုံးရယ်လို့ မရှိပါဘူး။ ရောဂါခံစားရသူအများစုက နှစ်ပတ်လောက် အတွင်း ပြန်ကောင်းလာတတ်ကြပါတယ်။ အရေးကြီးတာတစ်ချက်က နောက်ဆက်တွဲရောဂါတွေဝင်မလာအောင် ရောဂါတွေကို ကုသဖို့ပဲဖြစ်ပါတယ်။ သိပ်မပြင်းထန်ဘူးဆိုရင်

  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ရေများများသောက်ပါ။
  • အဖျားကျအောင်ဆေးသောက်ပါ။ နာကျင်ကိုက်ခဲမှုသက်သာပြီး အဖျားကျစေနိုင်ဖို့ ပါရာစီတမောသောက်ပေးလို့ရပါတယ်။
  • သွေးလွန်တာကို ဖြစ်နိုင်ခြေများစေတာကြောင့် အက်စပရင် (aspirin) ၊ အိုင်ဘူပရိုဖန်(ibuprofen)နဲ့ naproxen sodium တို့လိုမျိုး အကိုက်အခဲပျောက်ဆေးတွေမသောက်ပါနဲ့။
  • သွေးအန်တာကို မသိလိုက်မှာစိုးတာကြောင့် အညိုရောင်ပါတဲ့ အစားအစာတွေကို ခဏရှောင်ထားပါ။

ရောဂါသည်းတဲ့အခါမျိုးမှာ သွေးလွန်တုပ်ကွေးရောဂါက သွေးပေါင်ချိန်တအားကျတာ (သို့) အပြင်းစားသွေးလွန် တုပ်ကွေးရောဂါကိုခံစားရနိုင်ပြီး ချက်ချင်းဆေးကုသမှုခံယူနိုင်ဖို့လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါကို ဘယ်လိုကာကွယ်မလဲ။

  • လေအေးပေးစနစ်ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ ညဘက်မှာ ခြင်ကိုက်မခံရပါစေနဲ့။
  • ခြင်ကိုက်မခံရအောင်အဝတ်အစားတွေကို လုံလုံခြုံခြုံဝတ်ထားပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ထားပါ။
  • ခြင်နိုင်ဆေးသုံးပါ။ အဝတ်တွေ၊ ခရီးသွားရာမှာ အသုံးပြုမယ့်အသုံးအဆောင်တွေနဲ့ ခြင်ထောင်တွေမှာ Permethrin (ပိုးသတ်ဆေး) တွေလိမ်းပေးပါ။ ပိုးသတ်ဆေးစိမ်ထားပြီးသား အဝတ်အထည်တွေ၊ ခြင်ထောင်တွေကိုလည်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။ အရေပြားမှာလူးဖို့အတွက်ကတော့ DEET ၁၀ ရာခိုင်နှုန်းလောက်ပဲပါတဲ့ ခြင်နိုင်လူးဆေးကို အသုံးပြုပေးနိုင်ပါတယ်။
  • ခြင်ပေါက်ဖွားနေတဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပစ်ပါ။ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်ကနေရာတွေမှာနေထိုင်ပြီး ကားတာယာအဟောင်းလိုမျိုး မိုးရေတွေဝပ်နေနိုင်တဲ့နေရာတွေထဲမှာ ပေါက်ဖွားနိုင်ပါတယ်။ ခြင်ပေါက်ပွားမှု လျော့ကျစေဖို့ ခြင်ပေါက်နိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပါ။

Takeaways

သွေးလွန်တုပ်ကွေးရောဂါက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ မိုးရာသီမှာ အဖြစ်များပေမယ့် ရာသီမရွေး ဂရုစိုက်သင့်ပါတယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dengue fever. http://www.niaid.nih.gov/topics/DengueFever/Understanding/Pages/overview.aspx

Dengue fever. http://www.mayoclinic.org/diseases-conditions/dengue-fever/basics/definition/con-20032868

Dengue Fever Home Remedies. http://www.emedicinehealth.com/dengue_fever/page7_em.htm#dengue_fever_home_remedies

ယခုပုံစံ

07/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ