တုပ်ကွေးအတွက် သဘာဝကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများစွာ ရှိပါတယ်။ တုပ်ကွေးဖြစ်ပွားချိန်မှာ ရောဂါဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ တုပ်ကွေးဖြစ်ပွားချိန်မှာ ဆောင်ရွက်သင့်တဲ့ သဘာဝကုထုံးတွေ ဖြစ်ပါတယ်။

ရေ သို့မဟုတ် အရည်များများသောက်ပါ

တုပ်ကွေးဖြစ်ပွားနေချိန်မှာ ရိုးရိုးရေ ဒါမှမဟုတ် အရည်များများ သောက်ဖို့လိုပါတယ်။ ရေများများသောက်ရင် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။

တုပ်ကွေးဖြစ်နေချိန်မှာ ပုံမှန်စားသောက်ခြင်း မပြုရင် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ဖျားခြင်း၊ ဝမ်းပျက်ခြင်း စတာတွေကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် အောက်ပါအရည်တွေ သောက်သုံးနိုင်ပါတယ်။

– ရေ
– အုန်းရည်
– အချိုရည်
– လက်ဖက်ရည်
– စွပ်ပြုတ်
– အရည်ရွှမ်းသော အသီးအရွက်များ

ဆီးပုံမှန်သွားခြင်း၊ ဆီးအရောင်ကြည်ခြင်း၊ ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ရှိခြင်း စတာတွေဟာ ရေဓာတ် ပြည့်ဝတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဆီးအရောင်ရင့်နေရင်တော့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နေနိုင်ပါတယ်။

စွပ်ပြုတ်ပူပူနွေးနွေးသောက်ပါ

ကြက်စွပ်ပြုတ် ဒါမှမဟုတ် အမဲရိုးကို စွပ်ပြုတ်ကို ပူပူနွေးနွေးသောက်ခြင်းဟာ အရည်ဓာတ် ပြည့်ဝစေတဲ့အပြင် အားလည်းဖြစ်စေပါတယ်။ နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ပရိုတိန်းအပြင် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အသင့်ပြုတ်သောက်နိုင်တဲ့ အထုပ်တွေနဲ့ ရနိုင်သလို မိမိစိတ်ကြိုက်ရွေးချယ် ချက်ပြုတ်နိုင်ပါတယ်။

အပြည့်အ၀ အနားယူပါ

တုပ်ကွေးမိနေချိန်မှာ အနားယူဖို့ ပိုမိုလိုအပ်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ ကိုယ်ခန္ဓာကနေ တုတ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရာမှာလည်း အထောက်အကူ ပြုပါတယ်။

ဇင့်သုံးစွဲပါ

ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်အတွက် အလွန်အရေးကြီးပါတယ်။ သင့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးဖြူဥတွေကနေ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ပါဝင်ကူညီပေးပါတယ်။ သုတေသနတွေအရ ဇင့်ဓာတ်ဟာ အအေးမိတုတ်ကွေး လက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။ တုတ်ကွေးဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တဲ့အပြင် ရောဂါပိုးတွေ ပွားများခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

ဇင့်ဓာတ်ပါတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

– အသား
– ကမာကောင်
– ပဲနီလေး
– ကုလားပဲ
– ပဲကြီး
– အခွံမာသီး
– အစေ့အဆန်များ
– နို့ထွက်ပစ္စည်းများ
– ဥအမျိုးမျိုး

ဆားရည်ဖြင့် အာလုပ်ကျင်းပါ

ဆားကို ရေနွေးနွေးမှာဖျော်ပြီး အာလုပ်ကျင်းပေးခြင်းဟာ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ ချွဲသလိပ်တွေကိုလည်း ကင်းရှင်းစေပါတယ်။ ဆားရည်ကို ဘယ်လိုဖျော်စပ်သင့်တယ်ဆိုတာ အောက်မှာဖော်ပြထားပါတယ်။

၁။ ရေကို ဆူအောင်ကျိုချက်ပါ။ အနည်းငယ် အအေးခံပါ။ ရေ ၈ အောင်စလောက်မှာ ဆားကို ဇွန်းဝက်လောက်ထည့ပါ။
၂။ အနည်းငယ်နွေးပြီး ခံတွင်းက ခံနိုင်တဲ့ အပူချိန်လောက်ရောက်ရင် လည်ချောင်းနောက်ပိုင်းလောက် ရောက်အောင် အာလုတ်ကျင်းပေးပါ။ ဆယ်စက္ကန့်ကနေ စက္ကန့်သုံးဆယ်လောက် ငုံထားပေးပါ။
၃။ ထွေးထုတ်ပြီးရင် ၃-၄ကြိမ်လောက် ထပ်ငုံပါ။ ဆားရည်ကို မျိုမချပါနဲ့။

ဆေးဘက်ဝင်အပင်များကို လက်ဖက်ခြောက်လုပ်သောက်ပါ။

ဆေးဘက်ဝင်အပင်တွေမှာ သဘာဝအလျောက် ဗိုင်းရပ်စ်ဆန့်ကျင်တဲ့၊ ဘက်တီးရီးယား နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ ကြယ်ပွင့်ပုံစံလေးတွေရှိတဲ့ နာနတ်ပွင့်ကနေ တုတ်ကွေးပျောက်ဆေး oseltamivir ကို ထုတ်လုပ်ထားပါတယ်။ Oseltamivir phosphate ကို Tamiflu လို့ လူသိများပြီး တုတ်ကွေးဖြစ်ရင် မြန်မြန်သက်သာအောင်၊ တုတ်ကွေးကို ကာကွယ်နိုင်အောင် သောက်သုံးကြပါတယ်။ တခြား ဆေးဘက်ဝင်အပင်တွေနဲ့ အရွက်တွေကနေလည်း ရောဂါပိုးသေစေတဲ့၊ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

ရေနွေးငွေ့ရှူပေးပါ

ရေနွေးကနေ ထွက်လာတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းဟာ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အဆုတ် စတာတွေကို ရှင်းလင်းစေပါတယ်။ ချွဲသလိပ်များကို ပျော်စေပါတယ်။ ပူနွေးပြီး စိုစွတ်တဲ့ ရေနွေးငွေ့ဟာ နှာခေါင်းတွင်းနဲ့ အဆုတ်တွင်းမှာ ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေပါတယ်။
ဒါပေမယ့် ရေနွေးငွေ့ကို ရှူရာမှာ ပွက်ပွက်ဆူနေတဲ့ ရေမဖြစ်စေဖို့ သတိပြုရပါမယ်။ အပူမဟပ်စေဖို့ ဖြစ်ပါတယ်။ မရှူရှိုက်ခင်မှာ အပူချိန်ကို သိရှိဖို့ လိုပါတယ်။ ဆေးအဆီတချို့ကိုထည့်ပြီး ရှူရှိုက်ပေးရင် ပိုကောင်းပါတယ်။

အစာကြေလွယ်မယ့် အစာတွေပဲစားပါ

ဗိုက်ပါမကောင်းဘူးဆိုရင် အစားကို တကြိမ်စီမှာ နည်းနည်းပဲစားပါ။ ဗိုက်ပြည့်အောင် မစားပါနဲ့။ အပူအစပ် မစားပါနဲ့။ အထူးသဖြင့် ပျို့အန်ချိန်၊ ဗိုက်အောင့်ချိန်၊ ဝမ်းပျက်ချိန်တွေမှာ သတိထားရပါမယ်။ တုတ်ကွေးမိပြီး နေမကောင်းဖြစ်ချိန်မှာ အစာကြေလွယ်ပြီး အားဖြစ်စေမယ့် အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ကွေကာအုပ်
– ဆန်ပြုတ်
– စွပ်ပြုတ်
– အာလူးပြုတ်
– Gelatin
– ကြက်သားပြုတ်
– ဓာတ်ဆားကြွယ်ဝသော ဖျော်ရည်များ

ဗိုက်မကောင်းချိန်မှာ မစားသုံးသင့်သော အစားအစာများကတော့

– ဒိန်ခဲ
– ကဖိန်း
– အသား
– အပူအစပ်များ
– ကြော်ထားသော စားစရာများ
– အဆီများသော စားစရာများ
– အရက် စတာတွေ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်တွေမျာ ကြောက်စိတ် တွေဝင်ပြီး အိပ်မပျော်နိုင်တာ ဘာကြောင့်လဲ။ အိပ်ရေးပျက်တာ ကြာလာရင် ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရင်း ဟစ်ရင်း အားတွေ ပါလာတဲ့အခါ လည်ချောင်းကွဲ တာ ဖြစ်တတ်ပါတယ်။ မလန့်ဘဲ ခုပြောထားတာတွေကို သေချာလုပ်ပါ။ အသံကို အနားပေးဖို့လည်း မမေ့ပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အသံပြာသွားတာ၊ အသံဝင် သွားတာကို Hoarseness လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read