brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

Omicron ဖြစ်ပွားမှုက ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေပါတယ်။ ဒီလို မြင့်တက်လာနေမှုနဲ့အတူ လူတိုင်းလိုလို ခေါင်းထဲ ရောက်လာတဲ့အတွေးက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ဒီကြောက်စရာကောင်းတဲ့ Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာ ဖြစ်မယ် ထင်ပါတယ်။

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားမှ ထိခိုက်မှု နည်းမှာဖြစ်တဲ့ Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို လိုက်နာပေးပါ။

(၁) ကာကွယ်ဆေး ထိုးပါ။

ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ထိုင်သင့်သလောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ၂ ကြိမ် ပြည့်မီအောင် ထိုးထားပါ။

အကောင်းဆုံးကတော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံတာပါပဲ။ ထပ်ဆောင်းကာကွယ်ဆေးကို အမျိုးအစားအလိုက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးလို့ ၃ လနဲ့ ၆လ အကြာမှာ ထိုးနှံလို့ ရပါပြီ။ Omicron ကို ထိုက်သင့်သလောက် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို ထိုးထားဖို့ လိုပါမယ်။

(၂) ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ။

အပြင်ထွက်တဲ့ အခါတိုင်း၊ လူစုလူဝေးဖြစ်မယ့် နေရာတွေကို သွားတိုင်းမှာ ပါးစပ်နဲ့နှာခေါင်းစည်းကို သေသေချာချာ တပ်ဆင်ပါ။ နှာခေါင်းစည်းကို စုတ်ပြဲနေတာ၊ စိုနေတာ၊ ညစ်ပေနေတာတွေ ရှိ၊မရှိ သေချာလေး ဆန်းစစ်ပါ။

(၃) အလုံပိတ်နေရာတွေကို ရှောင်ပါ။

အလုံပိတ်နေရာတွေက ကိုဗစ် ကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အခုလို ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေချိန်မှာ အလုံပိတ်နေရာတွေ ဖြစ်တဲ့ ဈေးဝယ်စင်တာလိုမျိုး နေရာတွေကို မသွားဖို့ လိုပါမယ်။ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ မသွားမိဖို့ ဂရုစိုက်ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ဖို့ လိုပါမယ်။ ပြီးရင် အိမ်ပြန်ရောက်တာနဲ့ ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ လိုပါမယ်။

(၄) လက်ကို မကြာခဏ ဆေးကြောသန့်စင်ပါ။

လက်တွေကို အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်တွေကို ရေနဲ့ ဆပ်ပြာနဲ့ သေချာလေး သန့်စင်ဆေးကြောပေးပါ။

(၅) တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။

အခုချိန်မှာ Omicronကို ကာကွယ်ဖို့ လိုက်နာရမယ့် နည်းလမ်းက လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာပါ။ တစ်ဦးဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှာ နေတာက ရောဂါ ကူးစက်မှုကို ရပ်တန့်နိုင်မှာပါ။

(၆) ပိုးသတ်သန့်စင်ပါ။

တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ အသုံးပြုမယ့် ပစ္စည်းတွေကို ပိုးသတ်သန့်စင်တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချတာပါပဲ။ ဖုန်း၊ စားပွဲတွေနဲ့ အခြားသော အသုံးအဆောင်တွေကို အရက်ပြန် အသုံးပြုပြီး ပိုးသတ်သန့်စင်ပေးပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေသေချာချာ လိုက်နာပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ omicron အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။