Stomach Breathing
မှောက်ပြီး အသက်ရှူတာက လေပြွန် သေးသေးလေးတွေကို မပိတ်ဆို့စေပါဘူး။ အကြောင်းကတော့ အဆုတ်က အရှေ့ပိုင်းမှာထက် ကျောဘက်မှာ ပမာဏ ပိုများလို့ပါ။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့
- လှဲရတာ သက်သောင့်သက်သာဖြစ်စေမယ့် အိပ်ရာ ဒါမှမဟုတ် ပြင်ညီတစ်ခုကို ရှာပါ
- ပြီးရင် မေးစေ့အောက်မှာ လက်နှစ်ဖက်ကို ထားရင်း မှောက်လျက် အနေအထားနေပါ
- ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ် ၁၀ ကြိမ် လုပ်ပါ။ ဖြစ်နိုင်ရင် ပုံမှန်ထက် အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်း ရှူထုတ် လုပ်ပါ။
Diaphragmatic breathing
ဒါကို ဝမ်းဗိုက်နဲ့ အသက်ရှူတယ်လို့ သိကြပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်ပေးတာက ရင်ဝမ်းခြားမြှေးရဲ့ လုပ်ဆောင်မှုကို တိုးတက်စေပြီး အဆုတ် အောက်ခြေကို လေပိုရစေနိုင်ပါတယ်။ အသက်ရှူရတာလည်း လွယ်ကူစေပါတယ်။
ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် ထိုင်ရင်လည်း ရသလို လှဲနေလို့လည်း ရပါတယ်။ သက်သောင့်သက်သာ ဖြစ်မယ့် အနေအထား တစ်ရပ်ကို ရွေးချယ်ပါ။ ပြီးရင် လျှာကို အာခေါင်မှာ ထိထားပေးပါ။ ခါးကို ဆန့်ထားပါ။ မျက်လုံးလေးတွေကို မှိတ်ထားပါ။ အသက်ကို ပုံမှန် ရှူနေပါ။ အသက်ရှူနေချိန်မှာ လက်တစ်ဖက်ကို ရင်ဘတ်အပေါ်မှာ ထားပြီး လက်တစ်ဖက်ကို ဝမ်းဗိုက်မှာ ထားပေးပါ။