Salak Fruit (ရေငန်းသီး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ရေငန်းသီး

Salak သို့မဟုတ် snake fruit လို့ခေါ်ကြတဲ့ရေငန်းသီးဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင် ဓါတ်တွေကြွယ်ဝပါတယ်။

ရေငန်းသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

မျက်စိကျန်းမာရေး

မျက်စိအတွက်တကယ်ကောင်းတာက မုန်လာဥနီဖြစ်ပါတယ်။ ဒါပေမယ့်အသီးတွေမှာလည်း မျက်စိအတွက်မရှိမဖြစ် လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်ပါတယ်။ မုန်လာဥနီစားရတာငြီးငွေ့လာပြီဆိုရင်ရေငန်းသီးကို အစားထိုးစားသုံးလို့ရလောက်တဲ့အာနိသင်ရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင်

ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံးဆေးပြေးမသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက်ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်းရှိပါတယ်။

ဝိတ်ချနိုင်ခြင်း

ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှာရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ရေငန်းသီးက အာဟာရဓါတ်ပြည့်ဝရုံသာမကphytonutrientsတွေလည်းပါဝင်ပါတယ်။ရေငန်းသီးက သင့်ရဲ့diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။

ဦးနှောက်ကျန်းမာရေး

ရေငန်းသီးက ဦးနှောက်အတွက်ကောင်းပါတယ်။ရေငန်းသီးမှာပါတဲ့pectin နဲ့ ပိုတက်စီယမ်တို့က ဦးနှောက်အတွက်ကောင်းတာကြောင့် မှတ်ဉာဏ်လည်းကောင်းစေပါတယ်။

အစာအိမ်ကျန်းမာရေး

ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက်ဆေးဖက်ဝင်ကြောင်းသိကြပြီးဖြစ်ပါတယ်။Saponins၊ beta-carotene၊ tannins၊ flavonoids နဲ့ calcium တို့ကြောင့် အသီးရဲ့အာနိသင်ပို အစွမ်းထက်စေတာဖြစ်ပါတယ်။

အသားအရေ

ရေငန်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ အရွယ်မတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ free radicals တွေကို ဖယ်ရှားပေးတဲ့ ဗီတာမင် စီက အသားအရေအတွက်အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသားအရေပေါ်က အရေးအကြောင်းတွေကို သဘာဝအတိုင်းကာကွယ်ပေးပါတယ်။

ရင်ပူနာ သက်သာစေခြင်း

ရေငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ရင်ပူဝေဒနာကိုသက်သာစေတဲ့အစွမ်းလည်းပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် သဘာဝနည်းနဲ့သာကုသပါ။ရေငန်းသီးကို ပျားရည်နဲ့ရောစပ်ပြီး သို့မဟုတ် ဖရဲသီးနဲ့တွဲဖက်ပြီးလည်း စားသုံးရင် သက်သာစေနိုင်ပါတယ်။

အစာကြေစေခြင်း

ရေငန်းသီးဟာ ဝမ်းချုပ်တတ်သူတွေအတွက်လည်း အကျိုးပြုပါတယ်။ အမျှင်ဓါတ်လည်းကြွယ်ဝလို့ အစာချေဖျက်မှုမှာ အထောက်အကူပေးပါတယ်။ မပျော်ဝင်တဲ့အမျှင်ဓါတ်က အူလမ်းကြောင်းအတွင်း အစာရွေ့လျားမှုကို ကူညီလုပ်ဆောင်ပေးတာကြောင့် ဝမ်းမချုပ်နိုင်တော့ပါဘူး။

ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းကျိုး

ရေငန်းသီးက ဉာဏ်ရည်အတွက်ကောင်းရုံသာမက မြွှေအရေခွံလိုဖြစ်နေတဲ့ အသီးရဲ့အခွံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကောင်းကျိုးပြုပါတယ်။ ရေငန်းသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုပြည့်စုံစေပြီး အမျှင်ဓါတ်ကလည်းအကျိုးပြုပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ

အရေပြားကျန်းမာရေးအတွက်ကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝလို့ ရင့်ရော်မှုကို ဟန့်တားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါ

အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်ပဲသွေးတွင်းသကြားဓါတ်ကို ထိန်းညှိနိုင်စွမ်းပိုကောင်းစေပါတယ်။ ဒီအချက်က ဆီးချိုသွေးချိုဝေဒနာသည်တွေအတွက် အရေးပါတဲ့အချက်ပါ။ အသီးထဲမှာ ကာဗိုဟိုက်ဒရိတ်အတန်အသင့် ပါဝင်တယ်ဆိုပေမယ့် အမျှင်ဓါတ်ကသွေးတွင်းသကြားဓါတ်မြင့်တက်မှုကိုကာကွယ်တားဆီးပေးပြီး ပန်ကရိယမှာ ဖိစီးမှုမဖြစ်ရအောင်ကူညီ လျော့ချပေးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲသလို ဆေးဖက်ဝင်အပင်အဖြစ်လည်းသုံးပါတယ်။လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ကိုဆေးဖက်ဝင်တဲ့တန်ဖိုးကြီးပစ္စည်းအဖြစ်လူသိများပါတယ်။ သူက အပင်လား၊သက်ရှိလား၊ဘယ်လိုတွေဆေးဖက်ဝင်တာလဲ၊ဘေးကင်းရဲ့လားဆိုတဲ့သိကောင်းစရာတွေဖော်ပြထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ ရလား။ ကိုယ်ဝန်ဆောင်မေမေ Detox Water မသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း။ ကိုယ်ဝန်ဆောင်နဲ့Detox Water။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

အနံ့မွှေးမွှေး အရသာ ရှတတလေးနဲ့ မာလာဖူးရဲ့ သဘာဝ ဆေးဖက်ဝင်အာနိသင်တွေအကြောင်းကို သင်သိပြီးပြီလား။ ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 2 mins read
ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 1 min read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read