Marijuana (ဆေးခြောက်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ဆေးခြောက် (Marijuana) ဆိုတာဘာလဲ

ဆေးခြောက်ကိုနိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့နိုင်ငံတွေမှာတော့ဆေးခြောက်ကို နာကျင်တဲ့ဝေဒနာ၊မအီမသာဖြစ်တာနဲ့အခြားသောရောဂါတွေကို ကုသရာမှာအသုံးပြုခွင့်ပေးထားပါတယ်။

ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ဆေးခြောက်ကိုဖွာရှိုက်တာ၊ ရှုတာနဲ့ အစားအစာတွေနဲ့ရေနွေးထဲကိုထည့်ပြီးမှီဝဲလို့ရပါတယ်။ဆေးကုသတဲ့နေရာမှာဆေးခြောက်ကိုဆေးပြားအနေဲ့ရော အဆီအနေနဲ့ပါအသုံးပြုခဲ့ကြပါတယ်။

ဆေးခြောက်ကို နာကျင်တာသက်သာစေဖို့၊မအီမသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့နဲ့ အခြားသောဆေးကုသမှုဆိုင်ရာဘေးထွက်ဆိုးကျိုးတွေလျော့ပါးသက်သာစေဖို့နဲ့ရောဂါအချို့ကိုကုသရာမှာပါအသုံးပြုလို့ရပါသေးတယ်။

ဆေးခြောက်ဆိုတာကဆေးဖက်ဝင်အပင်တစ်မျိုးကနေရရှိလာတဲ့ အရာတစ်မျိုးပါ။ ဒါပေမယ့်ဆေးခြောက်ထဲမှာ cannabinoids လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်ခုပါဝင်နေပါတယ်။ ဒီဓါတုပစ္စည်းက ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရော်မှုရှိစေတာဖြစ်ပါတယ်။ အပင်ရဲ့ အရွက်တွေနဲ့ အပွင့်မှာcannabinoids ပါဝင်မှုအများဆုံးဖြစ်ပြီးဆေးဝါးထုတလုပ်ရာမှာလည်း အရွက်နဲ့အပွင့်ကို အဓိကအသုံးပြုကြပါတယ်။

အချို့လူတွေကဆေးခြောက်ကို စိတ်အပန်းဖြေစရာတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ဆေးခြောက်မှာပါတဲ့ cannabinoids က ကိုက်ခဲမှုကိုကုသရာမှာအသုံးပြုတဲ့ ကိုဒင်း နဲ့ အာနိသင်ဆင်တူတာကြောင့်multiple sclerosis (MS) အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ရောဂါလက္ခဏာတွေကို ကုသရာမှာအသုံးပြုခဲ့ကြပါတယ်။

ကုသရေးပိုင်းမှာ ဘယ်လိုအသုံးဝင်သလဲ

ရေတိမ် –ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်းစေနိုင်ပါတယ်။ အမြင်အာရုံနဗ်ကြောတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုလျော့ကျအောင်လုပ်ဆောင်ပေးတဲ့အပြင်ဆေးခြောက်ကအမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။

အိတ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း –ဆေးခြောက်ရှုတာကအေအိုင်ဒီအက်စရောဂါရှိသူတွေကို အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ indinavir (Crixivan) (သို့)nelfinavir (Viracept)ဆေးသောက်သုံးနေရတဲ့ အိတ်အိုင်ဗွီရောဂါသည်တွေအနေနဲ့လည်း ကိုယ်အလေးချိန်တက်လာစေဖို့ဆေးခြောက်ကိုမှီဝဲပေးလို့ရပါတယ်။

Multiple sclerosis (MS) အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါ – အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါကြောင့် ကြွက်သားတွေတင်းတာ၊တုန်တုန်ယင်ယင်ဖြစ်တဲ့ဝေဒနာတွေကိုလည်း ဆေးခြောက်ကထိထိရောက်ရောက်သက်သာစေနိုင်စွမ်းရှိပါတယ်။ ဆေးခြောက်ကို ဆေးပမာဏ တိတိကျကျသောက်သုံးမယ်ဆိုရင်တော့ အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ဝေဒနာသည်တွေမှာ တုန်တုန်ယင်ယင်ဖြစ်တာသက်သာသွားတယ်၊လို့ သိရပါတယ်။

အာရုံကြောနာကျင်ခြင်း – အစောပိုင်း သုတေသနပြုချက်တွေအရ တစ်နေ့ကို ၃ ကြိမ်ဆေးခြောက်ရှုရှိုက်ပေးတာက အိတ်အိုင်ဗွီ နဲ့အခြားရောဂါတွေကြောင့်ဖြစ်တဲ့ အာရုံကြောနာကျင်မှုဝေဒနာကို သက်သာစေနိုင်တယ်၊ လို့သိရှိရ ပါတယ်။

နာကျင်မှုများ –လေ့လာမှုတွေအရဆေးခြောက်မှာပါတဲ့cannabinoids လို့ခေါ်တဲ့ဓါတုပစ္စည်းကို ပမာဏတိကျစွာ သုံးစွဲပေးမယ်ဆိုရင် နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရသူတွေမှာ နာကျင်မှုကိုလျော့ပါးသက်သာစေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

Amyotrophic lateral sclerosis (ALS, Lou Gehrig’s disease)(မိုတာနူရုန်းရောဂါ ) – ALS ဝေဒနာခံစားနေရသူတွေအနေနဲ့ ဆေးခြောက်ကိုအသုံးပြုပေးမယ်ဆိုရင် စိတ်ဓါတ်ကျတာ၊ အစားစားချင်စိတ်နည်းတာ၊ အကြောဆွတြာနဲ့ သွားရည်ကျတာတွေ လိုမျိုးလက္ခဏာတွေအပါအဝင်ရောဂါလက္ခဏာအများစုကိုသက်သာစေနိုင်စွမ်းရှိ ပါတယ်။

ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း – ကင်ဆာရောဂါအခြေအနေဆိုးလာတာကြောင့် အစားစားချင်စိတ်လျော့နည်းလာတဲ့ လူနာတွေနဲ့ ဓါတ်ကင်ရတာကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ။ အစာစားချင်စိတ်မရှိတာတွေအတွက်လည်းဆေးခြောက်က အသုံးဝင်ပါတယ်။

လေးဖက်နာ (Rheumatoid arthritis) (RA) –ဆေးခြောက်အဆီအနှစ်ပါတဲ့ ခံတွင်းဖြန်းဆေးအသုံးပြုပေးတာကလေးဖက်နာဝေဒနာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးသက်သာစေပြီးကောင်းကောင်းလည်း အိပ်ပျော်စေပါတယ်။ မနက်နိုးတဲ့အခါလေးဖက်နာရောဂါကြောင့် အဆစ်တွေနာကျင်တာကိုလည်း သက်သာစေပါတယ်။

ကင်ဆာဆဲလ်တွေပြန့်ပွားတာကို ကာကွယ်ပေးနိုင်ခြင်း –ဓါတ်ခွဲစမ်းသပ်မှုတွေလုပ်ဆောင်ကြည့်တဲ့အခါမှာတော့ဆေးခြောက်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာဆဲလ်တွေကိုမပြန့်ပွားအောင်လည်း ထိထိရောက်ရောက်ဟန်ပတားပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်အတွင်းမှာ အကျိတ်တည်တာ၊ရင်သားနဲ့အဆုတ်တွေမှာ အကျိတ်ဖြစ်တာတွေကိုလည်းလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

ဆေးရွက်ကြီးမှာပါတဲ့ ကာစီနိုဂျင်ကြောင့် ထိခိုက်မှုတွေကိုလျော့ပါးသက်သာစေပြီး အဆုတ်ကိုကျန်းမာစေနိုင်ခြင်း –American Medical Association ဂျာနယ်မှာဖော်ပြပါရှိတဲ့လေ့လောမှုတစ်ရပ်အရဆေးခြောက်ကဆေးလိပ်သောက်သုံးမှုကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်မှုတေါကိုလျော့ပါးစေပြီး အဆုတ်ကို ကျန်းမာစေနိုင်တယ်။ လို့ တွေ့ရှိခဲ့ ရပါတယ်။

လေဖြတ်ဝေဒနာသည်တွေကို ဦးနှောက်ထိခိုက်မှုနည်းအောင်ကာကွယ်ပေးနိုင်ခြင်း –ဆေးခြောက်ကလေဖြတ်တာကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာကြောင့် ထိခိုက်တဲ့ ဧရိယာနည်းအောင်လည်း အထောက်အပံ့ပေးပါတယ်။ဆေးခြောက်မှာ neuroprotective အာနိသင်ပါဝင်နေတာကြောင့်ခေါင်းထိခိုက်မှုကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

သတိပြုစရာအချက်များ

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးခြောက်ကို မရှုသင့်သလို စားသုံးတာမျိုးလည်းမလုပ်သင့်ပါဘူး။ ဆေးခြောက်က အချင်းကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားပြီး ကလေးဖွံ့ဖြိုးကြီးထွား မှုကိုနျှေးကွေးစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဆေးခြောက်အသုံးပြုတာက ကလေးငယ်ကို သွေးကင်ဆာဖြစ်စေနိုင်သလို သန္ဓေသားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့လည်းဆေးခြောက်ကိုလုံးဝအသုံးမပြုသင့်ပါဘူး။ နို့တိုက်မိခင်တွေဆေးခြောက် သုံးစွဲတဲ့အခါဆေးခြောက်ရြ့အာနိသင်က နို့ရည်ကနေတဆင့် ကလေးငယ်ဆီရောက်ရှိသွားပြီး ကလေးကြီးထွားမှုကိုနှေးကွေးစေပါတယ်။

နှလုံးရောဂါအခံရှိသူတွေ အနေနဲ့လည်းဆေးခြောက်အသုံးပြုမယ်ဆိုရင် နှလုံးခုန်မြန်တာနဲ့ ယာယီသွေးပေါင်ချိန်တက်တာမျိုေးတွခံစားရနိုင်ပါတယ်။ ရုတ်တရက်နှလုံးခုန်ရပ်ပြီးသေဆုံးနိုင်ခြေပိုများပါတယ်။

ကိုယ်ခံအားစနစ်အားနည်းတဲ့သူတွေအနေနဲ့ဆေးခြောက်ကိုအသုံးပြုမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ပိုမိုအားနည်းစေပြီး ကူးစက်ရောဂါပိုးတွေကို ကိုယ်ခန္ဓါကတိုက်ထုတ်ရာမှာ ပိုမိုခက်ခဲစေပါတယ်။

ဆေးခြောက်က ပင်မအာရုံကြောစနစ်ကိုထိခိုက်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူတဲ့အခါဆေးခြောက်သုံးစွဲထားမယ်ဆိုရင်မေ့ဆေးတွေအခြားဆေးဝါးတွေနဲ့ပေါင်းစပ်မိပြီး ပင်မအာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုကိုနှေးကွေးသွားစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့ ရှိနေတယ်ဆိုရင် ခွဲခန်းမဝင်ခင် အနည်းဆုံး သီတင်းပတ် ၂ ပတ်အလိုလောက်ကတည်းကဆေးခြောက်အသုံးမပြုဘဲနေသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းသား အရေပြား အလှအပ ရေဓာတ် အဆိပ်အတောက် skin care ရေသောက် နှုတ်ခမ်းခြောက် တံတွေး ဟင်းသီးဟင်းရွက် အသီးအနှံ ဗီတာမင် အမျှင်ဓာတ် နေရောင်ခြည် Mask ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 2 mins read
ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 1 min read
သက်သက်လွတ်စားရင်း မှားနေကြသည်များ

သက်သက်လွတ်စားရင်း မှားနေကြသည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read