backup og meta

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

နုပျိုချင်ရင်၊ အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင် ကော်လာဂျင် လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။

ကော်လာဂျင်ဆိုတာဘာလဲ ။ ။

Collagen ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ အရွတ်၊ အရွတ်တွဲနဲ့ အဆီဆဲလ်တွေမှာ ပါဝင်ပြီး အရိုးတွေရဲ့ လှုပ်ရှားမှုပြေပြစ်စေဖို့နဲ့ အသားအရေ တွေ တင်းရင်းစေဖို့အတွက် သူက ကူညီပေးနိုင်ပါတယ်။

တင်းရင်းလှပတဲ့ အသားအရေတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်လဲ ။ ။

Elastin ဟာလည်း ကိုယ်တွင်းမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အဆုတ်နဲ့ သွေးကြောတို့လို ကျုံ့နိုင် ဆန့်နိုင်အားရှိတဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေမှာ အတွေ့များပါတယ်။

Elastin နဲ့ Collagen ပရိုတင်းနှစ်ခုလုံးကို အသားအရေမှာ ကြွယ်ဝစွာတွေ့ရပြီး အသားအရေတင်းရင်းဖို့၊ အရေးအကြောင်းကင်းစင်ဖို့ ကူညီပေးတဲ့အပြင် နုပျိုလှပအောင်လည်း သူတို့ကပဲ ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။

မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အသားအရေဖြစ်တဲ့ တင်းရင်းနုပျိုမှုတစ်ခုကို ပေးစွမ်းတဲ့ ဒီ ကော်လာဂျင်တွေ ထုတ်လုပ်မှုဟာ အသက် ၂၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒ့ါကြောင့် အသက်ကြီးလာတာနဲ့ အရေးအကြောင်းတွေ ပေါ်လာရတာဖြစ်ပါတယ်။

အပြင်မှာ ကော်လာဂျင်ဖြည့်စွက်အားဆေးတွေ မှိုလိုပေါက်နေပေမယ့် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာရှိမှာစိုးလို့ ဝယ်မသောက်ရဲဘူး၊ အသားအရေလေးလည်း တင်းရင်းနေချင်တယ်ဆိုရင်တော့ ခုပြောပြမယ့် သဘာဝအတိုင်းကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးမယ့် နည်းတွေက အသုံးဝင်မှာပါ ။ ။

ကော်လာဂျင်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ချက်တော့ သူ့မှာ domino effect ရှိတာပဲ ဖြစ်ပါတယ်။ ကော်လာဂျင်များများရှိလေ နောက်ထပ်ကော်လာဂျင်တွေ များများထုတ်နိုင်လေပါ။ ဒီတော့ သဘာဝအတိုင်း ကော်လာဂျင်ရအောင် စွမ်းဆောင်ပေးနိုင်မယ့်နည်းလမ်းတွေက ဘာများလဲ ။ ။

သဘာဝအတိုင်း ကော်လာဂျင် တိုးမြင့်လာစေမယ့် နည်းလမ်းများ ။ ။

ရှားစောင်းလတ်ပတ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ များပြားလှတဲ့ ကော်လာဂျင်ဟာ သင့်အသားအရေကို တင်းရင်းစိုပြေမှု ဖြည့်စွမ်းပေးမှာ အသေအချာပါ။ မျက်နှာပေါ်မှာပဲ လိမ်းလိမ်း၊ ရှားစားလတ်ပတ်ကို စားစား ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မှာပါ။

ဗီတာမင် C

ဗီတာမင် C နဲ့ ကော်လာဂျင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ဗီတာမင် C မှာပါဝင်တဲ့ Hyaluronic acid က ကိုယ်တွင်းက ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့အပြင် စားစရာတွေကနေရတဲ့ ကော်လာဂျင်စုပ်ယူအားကိုလည်း ကောင်းစေတာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးဖို့လိုတယ်နော် ။ ။

ဂျင်ဆင်

ဂျင်ဆင်းမြစ်မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာနိသင် အများကြီးပါတာအားလုံးသိကြမှာပါ။ ကျန်းမာရေးအတွက် အကျိုးပြုသလို ကိုယ်တွင်းက ကော်လာဂျင်ထုတ်လုပ်တဲ့ အပိုင်းမှာလည်း အကူအညီ အများကြီးပေးပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည့် ေတွကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေ ပြန်လည်ရှင်သန်ဖို့အားပေးသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ဂျင်ဆင်းများ အများကြီးပါဝင်တာကြောင့် တင်းရင်းစိုပြေတဲ့အသားအရေပိုင်ဆိုင်ချင်တဲ့ လူတိုင်းအတွက် ဂျင်ဆင်းက မရှိမဖြစ်ပါ။

တရုတ်နံနံ

ဟင်းတွေထဲ ထည့်ချက်တဲ့ တရုတ်နံနံမှာ သွေးတွင်းက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို တိုက်ထုတ်ပေးတဲ့ Linolenic acidဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အပြင် ဗီတာမင်C လည်း ပါဝင်တာကြောင့် ကော်လာဂျင်ထုတ်လုပ်မှုကို ပိုအားကောင်းစေပါတယ်။ ဒါေ့ကြာင့် Detox Juice တွေထဲ နံနံပင်ထည့်ဖျော်ကြတာဖြစ်ပါတယ်။

ရေညှိ

ဒီပင်လယ်ကြီးကပေးတဲ့ သဘာဝ ပစ္စည်းတစ်ခုဖြစ်တဲ့ ရေညှိဟာ ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို အစွမ်းကုန်မြင့်တင်ပေးပြီး စိုပြည်လှပတဲ့ အသားအရေတစ်ခုကို ဖန်တီးပေးနိုင်တဲ့ အရာဆိုလည်း မမှားပါဘူး။ မျက်နှာပေါ်မှာ တိုက်ရိုက် ပေါင်းတင်တာ၊ ရေညှိပါတဲ့ အစားအသောက်တွေ စားပေးတာမျိုးလုပ်လို့ရပါတယ် ။

ဒါတွေကတော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက တင်းရင်းစိုပြည့်တဲ့ အသားအရေတစ်ခုရဖို့အတွက် သဘာဝအတိုင်း ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်နိုင်မယ့် နည်းတွေပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/ways-to-boost-collagen#aloe-vera

Accessed Date 10.4.2019

https://www.mindbodygreen.com/0-20060/5-foods-to-naturally-build-collagen-for-glowing-youthful-skin.html

Accessed Date 10.4.2019

ယခုပုံစံ

26/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Thin Yadanar @ Frances မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေလေးတင်းရင်းစေဖို့ ကြိုးထိုးကြမယ်

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement