backup og meta

အသားတွေထဲမှာ ဝက်သား ကိုအကြိုက်ဆုံးလား ။ ။

အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာ ဝက်လို့တောင် တင်စားရလောက်အောင် အသားတွေထဲမှာ ဝက်သား က မြန်မာလူမျိုးတွေ အကြိုက်ဆုံး အသားတစ်ခုပါ။ သီချင်းထဲတောင်ထည့်ဆိုရတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်က အလှူလုပ်ပြီဆို မပါလို့ကို မဖြစ်အောင်တို့မြန်မာတွေက ဝက်သားဆို သိပ်ကြိုက်ကြပါတယ်။ အသားချည်းဆိုလို့ကတော့ စိတ်မဝင်စားဘဲ သုံးထပ်သားလေးမှ ရင်ခုန်တာမျိုး။ ဝက်သားတုတ်ထိုးဆိုလည်း ၁၀၀၀၀ ဖိုးတောင်မလောက်ချင်တဲ့ ကိုကိုမမတို့ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဝက်သားက ကျန်းမာရေးအတွက် တကယ်ရော ကောင်းရဲ့လား။ တော်တော်များများကတော့ဝက်သားက စားကောင်းတာမှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ လက်ခံထားကြပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။ ဆက်ပြီး လေ့လာကြည့်ရအောင်နော်။ ။

ဝက်သားမှာ ပါဝင်တဲ့ အာဟာရဓါတ်များ ။ ။

  • Calories 297
  • Water 53%
  • Protein 7g
  • Carbs 0g
  • Sugar 0g
  • Fiber 0g
  • Fat 8g
  • Saturated 72g
  • Monounsaturated 25g
  • Polyunsaturated 87g
  • Omega-3 07g
  • Omega-6 64g
  • Trans fat –

အခြားအသားတွေလိုပဲဝက်သားကလည်း ပရိုတင်းပါဝင်မှု အများဆုံဖြစ်တဲ့ အသားတစ်မျိုးဖြစ်ပါတယ်။ အခြား အသားတွေနဲ့ မတူတာကတော့ အခြားအသားတွေထက် အဆီဓာတ် များနေရခြင်းပါ။ ဒါကြောင့် အဆီပို မတက်ချင်တဲ့သူတွေ၊ ကိုယ်အလေးချိန်ထိန်းသူတွေအနေနဲ့ ဝက်သားစားမယ်ဆိုရင် အဆီနည်းပြီး အသားများတဲ့ ဝက်သားကို ရွေးစားဖို့လိုအပ်ပါတယ်။

ဝက်သား စားခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ ။ ။

အသားအားလုံးထဲမှာ ဝက်သားဆိုတာ ကျန်းမာရေးကို တော်တော်အကျိုးမပြုတဲ့ အသားတစ်ခုပါ။ စားလိုက်ရင် ခံတွင်းမြိန်စေပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အခြား အကြောင်းအရာတွေ အများကြီးရှိပါတယ်။

  • ဝက်သားက ရောဂါပိုးတွေ အများဆုံးသယ်ထားပြီး အညစ်ပတ်ဆုံးအသားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်ဆိုတဲ့ အကောင်ဟာ တွေ့သမျှ အကုန်စားတဲ့ သတ္တဝါ တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကိုလည်း ကောင်းကောင်း မချေပေးတဲ့ ဝက်ရဲ့အစာခြေစနစ်ကြောင့် စားသမျှလူတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေက ဝက်အဆီထဲမှာအများဆုံး စုနေတတ်ပါတယ်။
  • ဝက်ပေါင်ခြောက်တို့၊ ဝက်အူချောင်းတို့၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့ ဝက်သားပြားတို့ဟာ လူကြိုက်အများဆုံး အစားအစာတွေပါ။ သူတို့ကိုကြိုက်လို့ များများစားလေ သူတို့မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ နိုက်ထရိတ်တွေကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုများလေလေပါပဲ။
  • ဝက်နားရွက်ပြာရောဂါ (Swine Flu) – နာမည်ကြီး ဗိုင်းရပ်စ်ရောဂါ တစ်မျိုးပါ။ ဝက်အချင်းချင်းကူးစက်ပြီး ဝက်မှတဆင့် လူတွေဆီ ၊ပြီးနောက် လူတွေ အချင်းချင်းစီကို ကူးစက်ပျံ့ပွားစေတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။ ဝက်နားရွက်ပြာရောဂါဖြစ်နေတဲ့ ဝက်ကို ကိုင်မိပြီး လက်သေချာ ပြန်မဆေးတာ၊ ရောဂါပိုးရှိနေတဲ့ ဝက်သားမကျက်တကျက်ကို စားမိတာတွေဟာ လူတွေဆီကို ကူးစက်နိုင်တဲ့နည်းပါ။ ဒီလို ဝက်သားထဲရှိနေတဲ့ ရောဂါပိုးတွေ အကုန်သေဖို့ဆို ဝက်သားကို အပူချိန် ၁၆၇ ဒီဂရီ ဖာရင်ဟိုက် လောက်ပေးပြီး ကျက်အောင်ချက်သင့်ပါတယ်။
  • ကပ်ပါးရောဂါ တစ်မျိုးဖြစ်တဲ့ Trichinosisမျက်စိထဲတွေ့သမျှ အကုန်စားနေတဲ့ ဝက်မှာ ကပ်ပါးတွေ အများကြီး ကပ်နေမယ်ဆိုတာ ပြေးမကြည့်ဘဲနဲ့တောင် သိနေနိုင်တဲ့ ကိစ္စပါ။ မကျက်တကျက်ချက်ထားတဲ့ ဝက်သားတွေစားရင် သူတို့မှာပါလာတဲ့ မသေသေးတဲ့ သန်ဥတွေ လူတွေရဲ့ အူထဲရောက်သွားပြီး ဝမ်းပျက်ဝမ်းလျှောတာ၊ သန်ထိုးလို့ ဗိုက်အောင်တာ၊ ကိုယ်ပူတာ၊ ကြွက်သားတွေအောင့်တာ နဲ့ ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
  • အခြားနာမည်ကြီးဖြစ်တဲ့ သန်ပြားတုတ်ကောင်ကလည်း ဝက်သားထဲမှာ ပျော်မြူးနေတဲ့ တုတ်ကောင် သန်ကောင် အမျိုးအစားတစ်ခုပါ။ မကျက်တကျက်သာချက်လို့ကတော့ သူတို့တွေ သင့်ဗိုက်ထဲ ရောက်သွားမယ်ဆိုတာကို ဗေဒင်မေးနေဖို့တောင် မလိုပါဘူး။
  • ဝက်သားမှာပါတဲ့ အဆီအများစုဟာ ပြည့်ဝဆီတွေဖြစ်တာကြောင့် သင့်သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဆောင်းတွင်းရောက်ရင် ကိုယ်ချက်ထားတဲ့ဝက်သားဟင်းခွက်ထဲက ခဲနေတဲ့ ဝက်ဆီတွေကိုပဲကြည့်လေ။ ဒီအဆီတွေက သွေးတွင်းအဆီပိတ်တာကို ဘယ်လောက်တောင် ဖြစ်စေမလဲဆိုတာ။ ။
  • သွေးတွင်း အဆီဓာတ်များလေလေ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများလေလေပါပဲ။ ။

ကဲ ခုလောက်ဆို ဝက်သားက ကျန်းမာရေးအတွက် ကောင်းလား မကောင်းဘူးလားဆိုတာကို သေချာသိသွားလောက်ပါပြီ။ မကောင်းမှန်းလည်းသိတယ်၊ မစားဘဲနဲ့လည်း မနေနိုင်လို့ရှိရင်တော့ ဝက်သားကို အသားချည်းပဲရွေးစားပြီး ကျက်အောင် မီးပြင်းပြင်းနဲ့ ချက်ဖို့ ပဲ မှာပါရစေ ။ ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nutritionadvance.com/is-pork-good-or-bad-for-you/ Accessed Date 22.1.2019

https://draxe.com/why-you-should-avoid-pork/Accessed Date 22.1.2019

https://www.healthline.com/nutrition/foods/pork#section6Accessed Date 22.1.2019

ယခုပုံစံ

03/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီဓါတ်နှင့် နှလုံးရောဂါ

Trichuriasis (သန်ကောင်ထိုးခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement