နှလုံးဆိုတာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေ အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေကို ဖြန့်ဝေပေးသလို သူကိုယ်တိုင်အတွက်လည်း သွေးတွေ အောက်ဆီဂျင်တွေ ရဖိုရှိဖို့ လိုအပ်ပြီး နှလုံးသွေးကြောတွေကနေ ထောက်ပံ့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် နှလုံးသွေးကြောတွေ ပိတ်သွားမယ်၊ ကျဉ်းသွားမယ်ဆို နှလုံးကြွက်သားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အောက်စီဂျင်တွေကို မရနိုင်တော့ပါဘူး။ ဒီလို အောက်ဆီဂျင်ပြတ်တာ ကြာသွားရင် နှလုံးကြွက်သား ပုပ်သွားနိုင်ပါတယ်။ ဒါကို ဆေးပညာအရ Myocardial Infarction (နှလုံးကြွက်သားပုပ်သွားခြင်း) လို့ခေါ်ပါတယ်။