backup og meta
hellosayarwon logo
ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် ကို အွန်လိုင်းက‌နေတွက်ချက်မယ်

ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် ကို အွန်လိုင်းက‌နေတွက်ချက်မယ်

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ  စစ်ဆေးခြင်း

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ စစ်ဆေးခြင်း

အွန်လိုင်းကနေ  အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး ကြမယ်

အွန်လိုင်းကနေ အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး ကြမယ်

ကလေးဝမ်းအရောင် ရဲ့ အဓိပ္ပာယ်ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

ကလေးဝမ်းအရောင် ရဲ့ အဓိပ္ပာယ်ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

အွန်လိုင်းကနေ နှလုံးရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး နိုင်ပါပြီ

အွန်လိုင်းကနေ နှလုံးရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး နိုင်ပါပြီ

လူကြီးတွေထိုးထားသင့်တဲ့ ကာကွယ်ဆေး တွေကို အွန်လိုင်းကနေ ရှာကြည့်မယ်

လူကြီးတွေထိုးထားသင့်တဲ့ ကာကွယ်ဆေး တွေကို အွန်လိုင်းကနေ ရှာကြည့်မယ်

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

ပိုမိုကြည့်ရှုမည်။
အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

ပိုမိုကြည့်ရှုမည်။
BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

ပိုမိုကြည့်ရှုမည်။
သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
2 years
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
အိပ်စက်ခြင်း
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့

နွေအပူဒဏ်ကို အခုချိန်မှာ လူတိုင်းလိုလို အလူးအလဲ ခံနေကြရပါတယ်။ ဒီလိုမျိုး နေပူနေချိန်မှာ အပူဒဏ်ကြောင့် နေရထိုင်ရ မသက်မသာဖြစ်သလို အနေအထိုင်လည်း မကောင်း၊ အစားအသောက်တွေလည်း ပျက်ကြပါတယ်။ အပူဒဏ်ကြောင့် ခံစားရတဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ အပူချိန်က ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်အောင်လည်း လုပ်ဆောင်ပါသေးတယ်။ ဒီတော့ နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

နွေပူညတွေက အိပ်ပျော်ရခက်စေပါတယ်

နွေရာသီရဲ့ ပူပြင်းမှုက ညဘက်တွေမှာ အိပ်ရေးပျက်စေလောက်တဲ့အထိ နှောင့်ယှက်နိုင်ပါတယ်။ ဒီလိုနဲ့ နွေမနက်ခင်းတွေမှာ ညီးစီစီ ဖြစ်တာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရတာပါ။ နွေရာသီမှာ အိပ်ပျော်ရခက်စေတာက ပတ်ဝန်းကျင်မှာ အပူရှိန်တွေ မြင့်တက်နေတာကတစ်ကြောင်း ခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်နေတာကလည်း တစ်ကြောင်းပါ။ လေထုထဲမှာ စိုထိုင်းဆ များလေလေ နွေညတွေမှာ အပူချိန် များလေလေပါ။

ဒီလို အပူချိန် မြင့်တက်မှုကြောင့် နွေညတွေမှာ အပူချိန် မြင့်တက်ပြီး အိပ်ပျော်ဖို့ ခက်ရတာပါ။ ဒီတစ်ခေါက်တော့ နွေပူနေတဲ့ ညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့

နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

  • ပြတင်းပေါက်တွေ ဖွင့်ထားပါ

အခန်းတွင်းက အပြင်ကထက် ပိုပူနွေးနေမှာ အသေအချာပါ။ ဒါကြောင့် ညဘက်မှာ လေအေးလေးတွေ အခန်းထဲ ဝင်လာပြီး နွေအပူချိန် သက်သာစေဖို့ဆိုရင် ညဘက်အိပ်တဲ့အခါ ပြတင်းပေါက်လေးကို ဖွင့်ထားပေးပါ။ ပြတင်းပေါက်တိုင်းကို ဖွင့်ထားဖို့တော့ မလိုပါဘူး။ အိပ်ခန်းထဲက ပြတင်းပေါက်လောက်ပဲ ဖွင့်ထားရင်ကို အဆင်ပြေပါတယ်။ ကိုယ်အိပ်မယ့်နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ ပြတင်းပေါက်မျိုးပါ။

  • ပန်ကာဖွင့်ထားပါ

ပန်ကာက ဈေးသက်သာပြီး ညဘက်တွေမှာလည်း အေးမြမှုကို ပေးပါတယ်။ ပန်ကာက အခန်းတွင်းက လေပူတွေကို အပြင်ကို ထွက်စေပြီး အခန်းတွင်းမှာ အေးမြတဲ့လေကို ဖြစ်ပေါ်စေပါတယ်။ တစ်ညတာလုံး အရှိန် သိပ်မပြင်းတဲ့ အနေအထားတဲ့ ပန်ကာလေး ဖွင့်ထားပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။

  • ရေများများ သောက်ပါ

ညဘက် မအိပ်ခင် နာရီပိုင်းလောက်အလိုမှာ ခန္ဓာကိုယ် အေးမြပြီး ရေဓာတ် ပြည့်ဝစေဖို့အတွက် ရေအေးအေး တစ်ခွက်လောက် သောက်ပေးပါ။ ရေများများ သောက်ပေးတာက ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ပြည့်ဝစေဖို့ အားဖြည့်ပေးနိုင်မှာပါ။

  • မအိပ်ခင်မှာ ရေကျက်သီးနွေးနဲ့ ရေချိုးပါ

ညဘက်မှာ အပူချိန်ကြောင့် ကောင်းကောင်း အိပ်မပျော်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ညဘက် အိပ်ရာမဝင်ခင်မှာ နာရီပိုင်းအလိုမှာ ရေကျက်သီးနွေးနဲ့ ရေချိုးပေးပါ။ ဒီလို လုပ်ပေးတာက အရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ခန္ဓာကိုယ်မှာ အပူချိန် လျော့ကျစေဖို့ ထောက်ကူပေးပါတယ်။

  • ရေခဲဗူး ထားအိပ်ပါ

အိပ်ရာထဲမှာ ဖြစ်ဖြစ် အိပ်ရာဘေးမှာ ဖြစ်ဖြစ် ရေခဲရေဗူး ဒါမှမဟုတ် ရေခဲဗူးလေး ထားပေးပါ။ ဒီလို ထားအိပ်တာက အိပ်ရာနားက အပူရှိန်ကို သက်သာစေပြီး နွေပူညမှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။

  • အခန်းထဲမှာ မီးအရောင် မှိန်မှိန်ပဲ ထွန်းပါ

မီးလုံးတွေက အပူရှိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နွေညတွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင် မီးလုံးတွေကို ပိတ်ထားပါ။ မီးတွေကို မလိုဘဲ မထွန်းပါနဲ့။ အခန်းကို အမှောင်ချထားလေလေ အပူ သက်သာလေလေပါ။

  • လျှပ်စစ် ပစ္စည်းတွေကို ပိတ်ထားပါ

မီးလုံးတွေလိုပဲ လျှပ်စစ်ပစ္စည်းတွေကလည်း အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲမှာ ညဘက် အပူချိန် မြင့်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ လျှပ်စစ်ပစ္စည်းတွေကို အိပ်ရာနဲ့ ဝေးဝေးမှာ ထားပေးပါ။ မဟုတ်ရင်လည်း မလိုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပေးပါ။

  • ချည်သား အိပ်ရာခင်းတွေကို သုံးပါ

ညအပူရှိန်ကြောင့် အိပ်ရေးပျက်တာမျိုး မဖြစ်စေဖို့ဆိုရင် ချည်သားစစ်စစ်နဲ့ ချုပ်လုပ်ထားတဲ့ ခေါင်းအုံးစွပ်၊ ပေါင်တင်စွပ် နဲ့ အိပ်ရာခင်းတွေကို အသုံးပြုပေးပါ။ ဒီလို လုပ်ပေးတာက အေးမြပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဒီနည်းလမ်းလေးတွေက နွေပူညတွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

သတင်းစကား

နွေညတွေမှာ ကောင်းကောင်း အိပ်မပျော်တာက ရေရှည်မှာ ကိုယ်ခံအား နည်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်ကို လျှော့ချပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ လုပ်ဆောင်ဖို့ လိုသလို ရေများများ သောက်တာ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အိပ်စက်တာမျိုးတွေ လုပ်ဆောင်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sleep tips for the summer https://sleepeducation.org/sleep-tips-for-the-summer/ Accessed Date 20 April 2023

How to Sleep When It’s Hot Outside https://www.sleepfoundation.org/bedroom-environment/sleeping-when-its-blistering-hot Accessed Date 20 April 2023

7 Tips for a Good Night’s Sleep in the Summer Heat and Humidity https://www.everydayhealth.com/sleep/tips-for-sleeping-in-summer-heat-and-humidity/ Accessed Date 20 April 2023

Too hot to sleep? 16 tips to getting sleep on a hot night https://www.resmed.com.au/blog/too-hot-to-sleep-16-tips-to-getting-sleep-on-a-hot-night Accessed Date 20 April 2023

5 Ways to Sleep Better in Summer https://www.sleepmaker.com.au/sleep-guide/5-ways-to-sleep-better-in-summer/ Accessed Date 20 April 2023

ယခုပုံစံ

03/05/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/05/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement
Logo

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

Logo SocialLogo SocialLogo SocialLogo Social

HELLO SAYARWON

ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒတည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

Hello Health အကြောင်းကျွန်ုပ်တို့အကြောင်း

Country FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry Flag
DMCA Icon
©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။