မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ညက အိပ်ရေးပျက်ထားလို့ဆိုပြီး နောက်တစ်နေ့နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ ခေါင်းမူးလို့ ဆက်အိပ်တယ်ဆိုပေမယ့် အဲဒါကပိုဆိုးစေတယ်ဆိုတာ သိပါရဲ့လား။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက်ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန်နဲ့ အိပ်ရာထချိန်တွေက နေ့တိုင်း အချိန်မှန်နေသင့်ပါတယ်။ ညဘက်မှာ ပျက်လိုက်ပေမယ့် နောက်နေ့တွေမှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကို ပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲအုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။
နေရောင်ခြည်က စိတ်ကိုလန်းဆန်းစေပြီး နောက်ထပ်အိပ်မပျော်တာမဖြစ်အောင် ဦးနှောက်ကိုအထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ပထမရက်က အိပ်ရေးပျက်ထားတာကို နောက်ရက်မှာ ကောင်းကောင်းအိပ်ပျော်ချင်ရင် အိပ်ရာထတာနဲ့ နေရောင်ခြည်ခံယူပါ။ ညနေဘက်ဆိုလည်း လမ်းခဏထွက်လျှောက်တာမျိုးပေါ့။ နေပူထဲလျှောက်သွားဖို့ မဟုတ်ဘူးနော်။ နားနားနေနေပဲ အပြင်ထွက်ပေးရုံနဲ့ရပါတယ်။
ညနေပိုင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းတွေလုပ်၊ အားကစားရုံတွေသွားတဲ့အထိတော့ မဆိုလိုပါဘူး။ ခဏလောက် လမ်းထွက်လျှောက်တာနဲ့တင် အဆင်ပြေလောက်ပါတယ်နော်။
အစာစားချိန်ကိုမှန်အောင်၊ အလွန်အကျွံမစားမိအောင် ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။ အိပ်ရေးပျက်ထားရင် ကျန်းမာရေးနဲ့မညီတာတွေချည်းတောင့်တနေတတ်သလို ပမာဏကိုလည်း အလွန်အကျွံစားမိတတ်ကြပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။