ဒီခေတ်လူနေမှုပုံစံအရ အိပ်မရ တဲ့ ပြဿနာ၊ အိပ်ရေးပျက်တဲ့ ပြဿနာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ အပြိုင်အဆိုင်များလွန်းတဲ့ ဒီခေတ်ကြီးမှာ အလုပ်က အလုပ်မှာတင် လုပ်လို့ မပြီးဘဲ အိမ်ထိ၊ အတွေးတွေထဲထိလိုက်လာတာကြောင့် ညညဆို အိပ်ပျော်ဖို့ခက်လာပါတယ်။ မိုးသာလင်းသွားတယ်။ တစ်မှေးမှ မမှေးလိုက်ရတဲ့ ညတွေလည်း အများသားမလား။