စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။