စိတ်ကျလက္ခဏာ ပြင်းထန်လာရင်
- ညအိပ်မပျော်ဘူး သို့မဟုတ် အရမ်းအိပ်လွန်းတယ်
- ဆတ်ဆတ်ထိမခံ စိတ်တိုလွယ်တယ်
- ကိုယ်အမြဲနှစ်သက်နေကျအရာတွေ၊ အလုပ်တွေကို စိတ်မဝင်စားတော့ဘူး
- မကောင်းတာတွေဖြစ်လာတော့မယ်လို့ ခံစားနေရတယ်
- မျှော်လင့်ချက်မဲ့သလို ခံစားလာရတယ် (လမ်းပျောက်နေတယ်)
- သေသွားရင်ကောင်းမယ် ဆိုတဲ့အတွေး ခဏခဏပေါ်နေတယ်
- သိပ်ကိုပြင်းထန်လာရင် ထင်ယောင်ထင်မှားဖြစ်တာတွေ၊ ကယောင်ကတမ်းမြင်တာတွေဖြစ်လာတယ်
- စားတာ၊အိပ်တာ၊အပေါ့အလေးစွန့်တာတွေ၊အလုပ်တာဝန်တွေမှာ သူများအကူအညီလိုအပ်လာတယ်
- ဘဝကြီးက စိတ်ကုန်စရာကောင်းတဲ့အကြောင်း၊ပျောက်ကွယ်သွားချင်ကြောင်းပြောနေခဲ့ရင်
- နာကျင်မှုတစုံတရာမှာပဲ ပိတ်မိခံစားနေရင်
- တယောက်ယောက်အပေါ် အရမ်းအပြစ်တင်နေရင်
- အရက် သို့မဟုတ် မူးယစ်ဆေးတွေ အလွန်အကျွံသုံးနေရင်
- အာရုံမဲ့ လှုပ်ရှားတာတွေ၊ စိတ်နဲ့လူနဲ့မကပ်ဘဲ မတော်တဆတွေ အများကြီးလုပ်မိရင်
- လုံးဝမအိပ်သလောက်နီးနီး အအိပ်မမှန်ရင်
- မလိုအပ်ဘဲဒေါသကြီးလွန်းနေတာ ဒါမှမဟုတ် မကျေနပ်ကြောင်း အပြင်းအထန်ပြောနေရင်
- စိတ်အပြောင်းအလဲ သိသိသာသာမြန်လွန်းရင် ကုသစောင့်ရှောက်မှု၊ အားပေးမှုလိုအပ်နေပါပြီ။
ကူညီပါ
စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေကို ကူညီပေးနိုင်တာက နည်းလမ်းအဆင့် ၅ ခုရှိပါတယ်။ ကိုယ့်မှာဖြစ်နေလည်း ကိုယ့်ကိုအခုလိုကူညီပေးနိုင်မယ့် ရင်းနှီးသူတစ်ယောက်ကို အကူအညီတောင်းပါ။ ကိုယ်ချစ်ခင်ရသူတွေမှာ အထက်ပါလက္ခဏာတွေတွေ့ရရင်လည်း ဒီ ၅ ချက်နဲ့ ကူညီပေးလိုက်ပါ။ လမ်းပျောက်နေသူကို အလင်းရောင်ပေးရတာ အမွန်မြတ်ဆုံးအလုပ်တွေထဲ ပါဝင်ပါတယ်နော်။