(၂)သင့်ကိုကြောက်စေတဲ့အရာကို တစ်နေ့တစ်ခုလုပ်ပါ။
သင်ကိုယ့်ကိုယ်ကိုယ်မယုံကြည် မလုံမခြုံဖြစ်နေတယ် ဆိုပါစို့။ သိထားရမှာက တစ်လောကလုံးက ကျန်တဲ့လူတွေလဲ သင့်လိုပဲ မလုံမခြုံဖြစ်နေကြတယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့။တ ကယ်တော့ သင်ထင်ထားတာထက်သင်က ပိုစွမ်းဆောင်နိုင်ပြီး သာလွန်ပါတယ်။
အကြောက်တရားကို အနိုင်ယူဖို့ လုပ်သင့်တဲ့ ပထမဆုံးခြေလှမ်းကတော့ ရင်ဆိုင်ကြည့်ဖို့ပါပဲ။ သင်ဟာ လူအများကြား စကားပြောဖို့ကြောက်တဲ့သူတစ်ယော
က်ဆိုပါစို့။ တစ်နေ့ကို လူသစ်တစ်ယောက်နဲ့ စကားနည်းနည်းပြောကြည့်ပါ။ တစ်နေ့နည်းနည်းစီနဲ့ သင့် confidence ကို စုဆောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် comfort zone လို့ခေါ်တဲ့ သက်တောင့်သက်သာနေနေတဲ့ ဘ၀ထဲကနေ ရုန်းထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြည့်လိုက်ပါ။ (၃)အတွင်းစိတ်က ကိုယ့်ကိုယ်ကိုဝေဖန်နေမှုတွေကိုမေးခွန်းပြန်ထုတ်ပါ။ Louise L.Hay က ဒီလိုဆိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို
အဆိုးမြင်ဝေဖန်နေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီ။ ဒါပေမယ့် အလုပ်ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဆိုးမြင်တဲ့ဖက်ကနေဝေဖန်နေတာကို
ရပ်ပြီး အကောင်းဖက်ကပြန်တွေးကြည့်ကြရအောင် တဲ့။ ဥပမာအားဖြင့် သင်ဟာ သင့်ကိုယ်သင် အရှုံးသမားတစ်ယောက်လို့မြင်ထားတယ် ဆိုပါစို့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အရှုံးသမားလို့ပြောဖို့ ဘယ်လိုသက်သေတွေရှိခဲ့လို့လဲ။ အခွင့်အရေးတွေကို ရှာဖွေပါ၊ ပြီးမြောက်အောင်ဆောင်ရွက်ပါ၊ အောင်မြင်မှုသေးသေးလေးပဲဖြစ်ဖြစ် ရလာတာနဲ့ ကိုယ့်ကိုယ်ကိုဂုဏ်ပြုဖို့လဲ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။