Delusion ဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီး ထင်ယောင်ထင်မှား ယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။ Delusion အမျိုးအစားများအကြောင်း လေ့လာလိုက်ရအောင်နော်။
Delusional disorder, Schizophrenia (စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊ bipolar disorder (စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလို့မခေါ်ပါဘူး။
ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ အချက်အလက် ဆီလျော်အောင် အချိန်ပေးပြီး ရှင်းပြ၊ ပြုပြင်ပေးတာတောင် မပြောင်းလဲဘဲ ဆက်ပြီး တည်ရှိနေမယ်ဆိုရင်တော့ အဲဒီလို အခြေအနေမျိုးကို delusion လို့ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အတွေ့ရများတဲ့ delusionအမျိုးအစားလေးတွေအကြောင်းကို အနည်းငယ် မျှဝေပေးသွားမှာပါ။
Delusion အမျိုးအစားများအကြောင်း
Delusion အမျိုးအစားများအကြောင်း ကတော့
ဒီdelusion အမျိုးအစားကတော့ သူ့ကို တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခု က လိုက်ပြီး ခြိမ်းခြောက်နှောင့်ယှက်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာမျိုးပါ။
ဒီလိုdelusion ပုံစံမျိုးကတော့ depression လို့ခေါ်တဲ့ စိတ်ကျဝေဒနာ ဖြစ်နေတဲ့ သူတွေမှာ အဖြစ်များပါတယ်။ ဒီလက္ခဏာ ခံစားနေရတဲ့သူဟာ သူ့ကိုယ်သူ အရမ်းဆိုးရွားတဲ့ ပြစ်မှုတစ်ခုခုလုပ်ထားတယ်၊ သူက အပြစ်ရှိတယ်၊ ပြစ်ဒဏ်ခံယူထိုက်တယ် စသည်ဖြင့် မိမိကိုယ်ကို အမြဲ အပြစ်ရှိတယ်ဆိုပြီး ထင်နေတာမျိုးပါ။ သူ့ကို အပြစ်မရှိကြောင်း ချက်ကျလက်ကျ ရှင်းပြမယ်ဆိုရင်လည်း သူ့ယုံကြည်ချက်က မပျောက်သွားနိုင်ပါဘူး။
ဒီdelusion ကတော့ သူ့မှာ ဘယ်လောက် ချမ်းသာသာ၊ ပိုက်ဆံတွေရှိရှိ ဆင်းရဲနေတယ်၊ မွဲနေတယ်၊ ငါဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးလူသားတစ်ယောက်ပဲ ဆိုပြီး ထင်နေတာမျိုးပါ။ သူပိုင်ဆိုင်တဲ့ အချက်အလက်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြပြီး ရှင်းပြလည်း သူဆင်းရဲတယ်လို့ပဲ ယုံကြည်နေတဲ့ ပုံစံမျိုးပါ။
- Grandiose Delusion (Delusion of Grandeur)
Delusion of Grandeur ကတော့ ကိုယ့်ကိုကိုယ် အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့သူလို့ အထင်မှားနေတာမျိုးဖြစ်ပါတယ်။ သူဟာ ကမ္ဘာစစ်ကြီးကို တောင် ပြီးဆုံးအောင် စွမ်းဆောင်နိုင်တယ်၊ super power ရှိတယ်၊ စသည်ဖြင့် အရမ်းကို ကြီးမြတ်တဲ့သူအဖြစ် ကိုယ့်ကိုကိုယ်မြင်နေတာ ဖြစ်ပါတယ်။
ကိုယ့်ဆီမှာ သေနိုင်လောက်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတယ်ဆိုပြီး ယုံကြည်နေတာမျိုးကိုတော့ Hypochondriacal delusionလို့ခေါ်ပါတယ်။ ဆရာဝန်ကိုယ်တိုင် အထောက်အထားပြပြီး ရှင်းပြလည်း သူ့ယုံကြည်မှုက မပျက်သွားနိုင်ပါဘူး။
Jealousy ဆိုတဲ့အတိုင်း မနာလို ဝန်တိုတဲ့ သဘောဖြစ်ပြီး ကိုယ့်ရဲ့ ယောကျ်ား(သို့) မိန်းမ(သို့) ချစ်သူရည်းစားက ကိုယ့်အပေါ် သစ္စာမရှိဘူး၊ ဖောက်ပြန်နေတယ်လို့ တစ်သတ်မှတ်တည်း ယုံကြည်နေတာမျိုးပါ။
ဒီလို delusionပုံစံမျိုးက schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာ အထက်ဂိုဏ်းကနေ စေခိုင်းတာ၊ တစ်စုံတစ်ယောက်က သူ့ကို ကြိုးကိုင်စေခိုင်းနေတာ လို့ ထင်ယောင်ထင်မှား ယုံကြည်နေတဲ့ အမျိုးအစားဖြစ်ပါတယ်။
ဒါကတော့ ကိုယ့်ကိုကိုယ်သေသွားပြီ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း မရှိတော့ဘဲ အရာအားလုံး ရပ်တန့်သွားပြီလို့ ထင်နေတာမျိုးပါ။
Mixed ကတော့ တစ်ခုတည်းကို မှားယွင်း ယုံကြည်နေတာမျိုး မဟုတ်ဘဲ ဖော်ပြပါ delusion အမျိုးအစားတွေ ရောပြီးဖြစ်နေတဲ့ အရော အမျိုးအစားဖြစ်ပါတယ်။
ဒီလို delusionလက္ခဏာကို ခံစားနေရတဲ့သူတွေဟာ အဲဒီ ယုံကြည်နေတဲ့ အချက်ကလွဲရင် အခြားနေရာတွေမှာ လူကောင်းပကတိအနေနဲ့လည်း ရှိနေနိုင်ပါတယ်။ စိတ်ဝေဒနာနဲ့ ရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ အခြားရောဂါ လက္ခဏာတွေနဲ့ တွဲပြီးရှိနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဝေဒနာရှိတဲ့ သူတွေဟာ ကုသမှုခံယူမယ်ဆို လူကောင်းပြန်ဖြစ်နိုင်ပြီး ကုသမှုမခံယူဘဲ ပေါ့ဆနေမယ်ဆိုရင် အသက်အန္တရာယ်ထိဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် delusionဖြစ်နေတဲ့ သူတစ်ယောက်ကတော့ သူ့ယုံကြည်ချက်တွေက မှားတယ်၊ ပြသနာရှိတယ်လို့လည်း မထင်တာကြောင့် ဆေးကုသဖို့ ခံယူဖို့စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို အဖြစ်များတဲ့ delusionအမျိုးအစားတွေကို သိထားပြီး တစ်စုံတစ်ယောက်မှာ တွေ့ရတဲ့အခါ အမြန်ဆုံး စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ကူညီဆောင်ရွက်ပေးကြပါစို့နော်။
ရေးသားသူ – Khine Phoo Ngon