ကိုယ့်မှာလိုအပ်တဲ့အရာမဟုတ်တဲ့ပစ္စည်းနဲ့ တန်ဖိုးနည်းပစ္စည်းလေးတွေကိုခိုးချင်တဲ့စိတ်ကိုထိန်းလို့မရတာထိန်းပေမယ့်ခဏခဏပြန်လုပ်ချင်တဲ့စိတ်မျိုးရှိနေခြင်း။ သင်ကသူများပစ္စည်းကိုမခိုးယူခင်မှာစိတ်ဖိစီးမှုတွေတအားများလာတတ်ခြင်း။ သင်ကခိုးယူနေချိန်မှာ စိတ်ကျေနပ်သွားခြင်း၊စိတ်ပျော်သွားခြင်း၊စိတ်သက်သာရာရခြင်းတွေကိုခံစားရရင်။ ခိုးတယ်ဆိုတဲ့အချိန်မှာလက်တုန့်ပြန်ချင်လို့ခိုးယူတာမျိုးစိတ်တိုဒေါသထွက်လို့ခိုးယူတာမျိုးစိတ်ထွေပြားရှုပ်ထွေးပြီးခိုးယူတာမျိုးတွေမဟုတ်ပါဘူး။ ဒီခိုးယူမှုမျိုးဟာတစ်ခြားစိတ်ရောဂါအခြေအနေတွေနဲ့ပတ်သက်ဆက်နွယ်တာမျိုး စိတ်အခြေအနေအတက်အကျမြန်တဲ့ရောဂါမျိုးတို့နဲ့ဆက်သွယ်နေတာမျိုးသိပ်မရှိတတ်ပါဘူး Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ
မခိုးရမနေနိုင်တဲ့ရောဂါကိုမိမိဘာသာကျော်လွှားဖြတ်သန်းဖို့ရာကတော့ တော်တော်ကိုခက်ခဲပါတယ်။ ကုသမှုခံယူခြင်းမရှိခဲ့ပါကမခိုးရမနေနိုင်တဲ့ရောဂါဟာတအားကိုရှည်ကြာသွားနိုင်ပါတယ်။
မခိုးရမနေနိုင်တဲ့ရောဂါကိုကုသခြင်းမှာဆေးပေးပြီးကုသခြင်း၊စိတ်ကိုကုသပေးခြင်း၊တစ်ခါတစ်လေတော့ အဲ့လိုရောဂါရှင်တွေစုထားတဲ့ အုပ်စုလေးတွေမှာစကားပြောပေးခြင်းနဲ့ကုလို့ရပါတယ်။ သို့သော်လည်း မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်ဟာနဲ့တော့အကောင်းဆုံးထားပြီးကုလို့ရပါတယ်လို့မရှိသေးပါဘူးစစ်တမ်းကောက်ယူသူတွေကတော့ ဘယ်အရာနဲ့ကုရင်အဆင်ပြေဆုံးဖြစ်မလဲဆိုတာသိဖို့ကြိုးစားနေကြတုန်းပါပဲ။
သင့်အနေနဲ့လည်း သင့်အတွက်အဆင်ပြေဆုံးဖြစ်မယ့် ကုသမှုမျိုးစုံကို ကြိုးစားပြီးလုပ်ကြည့်သင့်ပါတယ်။
မခိုးရမနေနိုင်တဲ့စိတ်ကိုမိမိအနေနဲ့ဘယ်လိုထိန်းချုပ်တားစီးနိုင်မလဲ
သင်ကအထူးကျွမ်းကျင်သူတွေဆီကနေကုသမှုခံယူပြီးမှန်ကန်တဲ့ထိန်းချုပ်နိုင်တဲ့စိတ်ရအောင် သင့်ကိုယ်သင်ဂရုစိုက်ပြီးအောက်ကအချက်တွေကိုလိုက်နာနိုင်ပါတယ်။
- ကုသမှုကိုသေချာစွာခံယူပါ။ ဆေးသောက်ပါဆိုရင်သေချာသောက်ပြီးသူတို့ရဲ့အချိန်ဇယားအတိုင်းချိန်းတဲ့ အချိန်တိုင်းတက်ရောက်ပေးပါ။
- ကိုယ့်ဘာသာသိနားလည်အောင်လုပ်ပါ။
မခိုးရမနေနိုင်တဲ့ရောဂါအကြောင်းကိုသေချာသိအောင်လုပ်ပါဒါမှသင်က အန္တရာယ်ဖြစ်စေတဲ့အချက်တွေ၊ဖြစ်လာနိုင်စေတဲ့ အဖြစ်အပျက်တွေ။ ကုသမှုအကြောင်းအရှာုတွေကိုသင်သေချာနားလည်နိုင်မှာဖြစ်ပါတယ်။
- ဘာတွေကသင့်ကို ခိုးချင်တဲ့စိတ်ကိုဖြစ်စေတာလဲ
သင့်ရဲ့ခိုးချင်တဲ့စိတ်ကိုဖြစ်စေတဲ့ ခံစားချက်တွေ၊အတွေးတွေ၊အခြေအနေတွေကို ဖော်ထုတ်ပါ အဲ့ဒါမှပဲ သင်ကထိုအချက်တွေကိုလိုက်ပြီး စီမံဆောင်ရွက်နိုင်မှာမို့ပါ။
ဆေးသုံးစွဲခြင်းနဲ့ တစ်ခြားစိတ်ရောဂါပြသနာများရှိခဲ့ပါက ကုသမှုခံယူပါ။
- ကျန်းမာရေးကောင်းစေတဲ့ ထွက်ပေါက်ကိုရှာပါ။
သင့်ရဲ့ခိုးချင်တဲ့စိတ် ခါးပိုက်နှိုက်ချင်တဲ့ဆန္ဒကို လျှော့ချနိုင်ဖို့အတွက် လေ့ကျင့်ခန်းများလုပ်ခြင်း တစ်ခြားအပန်းဖြေနိုင်တဲ့နည်းလမ်းတွေနဲ့ ရှာဖွေဖော်ထုတ်ကြည့်ပါ။
- သက်တောင့်သက်သာနေထိုင်တတ်ဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့လေ့လာပါ။
တရားမှတ်ခြင်း၊ယောဂဆော့ခြင်း၊ထိုက်ချိ ဆော့ကစားခြင်းတို့နဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ကြိုးစားပါ။
သင့်ရဲ့ရည်မှန်းချက်မှာသေချာအာရုံစိုက်ပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
မိမိချစ်ရတဲ့လူတွေကိုဘယ်လိုကူညီထောက်ပံ့မလဲ။
တစ်ကယ်လို့သင်ချစ်ခင်ရတဲ့လူတစ်ယောက်ယောက်ကမခိုးရမနေနိုင်တဲ့ရောဂါအနေနဲ့ ကုသမှုခံယူနေရတယ်ဆိုရင် သင်ကသူတို့ရဲ့ကုသတဲ့ အစီအစဉ်တွေကိုအသေးစိတ်နားလည်သိရှိအောင်လုပ်ပါ ပြီးတော့သူတို့အောင်မြင်စွာလုပ်နိုင်တာကိုအားပေး ပါ။ သင်ချစ်ခင်ရတဲ့လူရဲ့ ကုသမှုအတန်းတွေကိုကူညီပြီးလိုက်တက်ပေးခြင်းအားဖြင့် သူတို့ကိုဘာတွေကခိုးချင်စိတ်ဖြစ်အောင်လုပ်ပေးနေသလဲဘာတွေနဲ့ မခိုးချင်အောင်လုပ်နိုင်မလဲတားနိုင်မလဲဆိုတာတွေသိရတော့ ပိုပြီးအကုူအညီရနိုင်ပါတယ်။
မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်လိုတားဆီးကြမလဲ
မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်အရာကဖြစ်စေလဲဆိုတာသေချာမသိတာကြောင့် ဘာတွေနဲ့တားရမလဲဆိုတာလဲရေရေရာရာ ပြောလို့မရသေးဘူးဖြစ်နေပါတယ်။ မခိုးရမနေနိုင်ဖြစ်လာတာနဲ့တစ်ပြိုင်နက် ကုသမှုခံယူလိုက်မယ်ဆိုရင် မခိုးရမနေနိုင်တဲ့ရောဂါဖြစ်တဲ့အထိမရောက်နိုင်ပဲ ၎င်းရဲ့အကျိုးဆက်တွေ ဆိုးဝါးတဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကိုလည်းတားပေးနိုင်မှာပါ။
(တကယ်လို့သင့်မှာမေးစရာတွေရှိခဲ့တယ်ဆိုရင် သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဘယ်ဟာကသင့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာသိနိုင်အောင်လုပ်ပါ။)
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။