backup og meta

သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား

သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား

တချို့တွေ သရဲ ကြောက်တာများ လူတွေကြားထဲရှိနေရင်းကို ကြက်သီးတဖြန်းဖြန်းထပါတယ်တို့ ဘာတို့။ ကြောက်လွန်းလို့ အမေနဲ့အဖေကြားမှာ ဝင်အိပ်ရင်တောင် သရဲက ခြေထောက်လာဆွဲမှာကြောက်တာ၊ ဟိုးထောင့်ကများ ပေါ်လာမလား၊ ကုတင်အောက်ကပဲထွက်လာမလား တထိတ်ထိတ်နဲ့ရယ်။

ညဘက်ဆို ပြတင်းပေါက်မှန်နားလည်းမကပ်ရဲဘူး၊ ဘွားခနဲပေါ်လာမလား မသိဘူးလေ။ ဒါပေမယ့် နေရာတကာအကြောက်လွန်တာက ကိုယ့်ရဲ့ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်က ရုပ်တည်နဲ့နေလည်း စတဲ့နောက်တဲ့သူတွေကြောင့် ရုတ်တရက်လန့်ရတဲ့အခါ မတော်တဆဖြစ်တာ၊ အကြောက်လွန်ပြီး ရှော့ခ်ဖြစ်တာ၊ လူအထင်အမြင်သေးခံရတာ၊ စတဲ့ နောက်ဆက်တွဲပြဿနာတွေ လည်း ရှိတယ်။

သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား

ကြောက်စိတ်ကတော့ တစ်ခုခုကို စိုးကြောက်တတ်ကြတဲ့ phobia ဆိုတာ လူအတော်များများမှာ ရှိတတ်ကြပါတယ်။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိ ကြောက်ရွံ့တတ်တဲ့စိတ် ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိနေလည်း ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။

ရောဂါအဆင့်မဟုတ်ပေမယ့် ကြောက်လန့်စိတ်တွေ သိပ်အစွန်းရောက်သွားတဲ့အခါ စိတ်ကျန်းမာရေးထိခိုက်လာတာ၊ အိပ်ရေးပျက်ပြီး ကြောင်တာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေ ကြုံလာရနိုင်တယ်။ နောက်ဆုံးမှာ အမှန်တကယ်စိတ်ရောဂါဖြစ်သွားနိုင်တာတော့ရှိတယ်။

သရဲကြောက်စိတ် ဘယ်လိုပြေအောင်လုပ်ကြမလဲ

(၁) ကြောက်တဲ့စိတ်ကို ရင်ဆိုင်ပါ။

လေ့လာမှုတွေအရ ကိုယ့်စိတ်အတွင်းထဲက ကြောက်စိတ်တွေကို ရှောင်ပုန်း၊ ဖုံးကွယ်ထားတာက စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ပိုအင်အားကြီးစေပါတယ်တဲ့။ သရဲ အကြောင်း နားမထောင်ရဲဘူး၊ တစ်ယောက်တည်း မနေရဲဘူး ဆိုတဲ့ ရှောင်ပုန်းမှုတွေက ကိုယ့်စိတ်ကို ပိုအားနည်းစေပါတယ်။ ဒီ့အစား တည်ငြိမ်အောင်ထားပြီး တည့်တည့်ရင်ဆိုင်ဖို့ကြိုးစားကြည့်ပါ။ ကြောက်တယ် ဒါမယ့် ဘာလို့ကြောက်တာလဲ –

  • ဘာလို့ ဒီလောက်ကြောက်နေတာလဲ တွေးကြည့်ပါ။
  • ကိုယ့်ကိုယ်ကိုမေးကြည့် “သရဲရှိနေရင်ရော အဆိုးဆုံး ဘာဖြစ်လာနိုင်မှာလဲ”။ ဂုတ်ချိုးခံရမှာလား၊ ပူးကပ်ခံရမှာလား၊ ကိုယ်သေသွားမှာတဲ့လား။ ကိုယ့်ယုံကြည်ကိုးကွယ်မှုအရရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအရရော ယုံကြည်မှုရှိရှိရပ်တည်နေနိုင်တာပဲလေ။
  • ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ အတွင်းစိတ်ရဲ့ စိုးရိမ်စိတ်တွေကို အခြေခံပြီး ဒီကြောက်စိတ်က ဖြစ်လာတာပါ။ ဥပမာ – တစ်ယောက်တည်းဖြစ်မှာ ကြောက်တာတို့၊ သေမှာကြောက်တာ။

(၂) လက်တွေ့ကျတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

တစ်ခါတလေကျ ယုတ္တိမရှိ၊ အကြောင်းအကျိုးမရှိဘဲ စွတ်ကြောက်တာမျိုးတွေရှိတယ်။ သရဲ ခြောက်တတ်တဲ့နေရာလည်းမဟုတ်၊ ကိုယ်လည်းတစ်ခါမှ မကြုံဖူးပါဘဲ နေနေကျ ကိုယ့်ပတ်ဝန်းကျင်မှာကိုပဲ လူတွေရှိတောင် ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ တစ်အိမ်လုံး လူတွေရှိနေပါလျက် အိမ်နောက်ဖေးကို ကိုယ်တစ်ယောက်တည်းမသွားရဲတာ၊ အိမ်သာမသွားရဲတာမျိုး။

ဒီလိုအခြေအနေမှာ ကိုယ့်စိတ်ကိုယ် ဒါတွေမေးလိုက်ပါ –

  • ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲက သရဲကို ကြောက်နေတာလား။
  • သရဲပေါ်လာရင်ရော ငါ့ကို ဘာလုပ်နိုင်မှာလဲ၊ ငါဘာဖြစ်သွားနိုင်လဲ။
  • လက်တွေ့ကျကျ တွေးကြည့်ရင် နည်းနည်းဖြစ်ဖြစ် စိတ်သက်သာရာရမှာ သေချာပါတယ်။

(၃) တကယ်ရော ရှိလို့လား

ကိုယ့်အတွက် တကယ်ကြောက်စရာမရှိကြောင်း အတွေးတွေနဲ့ ကြောက်စိတ်ကို စတင်ဖြိုခွဲပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ သရဲတကယ်ရှိမရှိကို သံသယမေးခွန်းပြန်ထုတ်ပါ။ သရဲတကယ်ရှိနေတယ်လို့ ကိုယ်က ဘာလို့ ထင်နေရတာလဲ။

ပြန်စဉ်းစားကြည့်ရင် သရဲ အကြောင်းကြားဖူးသမျှအများစုက သူများတွေရဲ့ တဆင့်ပြောစကားတွေ၊ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ ဖြစ်ပြီး ကိုယ်တိုင်ကြုံဖူးခဲ့တာ မရှိသလောက် နည်းနေပါလိမ့်မယ်။ ကိုယ်တိုင် ထူးဆန်းတာကြုံခဲ့တယ်ဆိုရင်တောင် တစ်ခါတလေ တိုက်ဆိုင်မှုကြောင့်ဖြစ်တတ်ပါတယ်။ ရှိလားမရှိလား သုတေသနလုပ်ဖို့မလိုဘူးနော်။ ကိုယ့်စိတ်ကိုယ် အယုံသွင်းဖို့ ပြောတာ။

(၄) သရဲကား သိပ်မကြည့်နဲ့။

ကြောက်တယ်သာပြောတာ။ သရဲကားကြိုက်တဲ့သူတွေ ကြည့်လိုက် သရဲကြောက်တဲ့သူတွေချည်းပဲ။ ထိတ်လန့်ခြောက်ခြားရတဲ့အရသာကို သဘောကျကြတယ်လေ။ ဒီအချက်ကို ကြည့်ရင်ပဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ ဒီကြောက်စိတ်ကို မွေးမြူထားတာ သတိထားမိမှာပေါ့။

ဒါပေမယ့် ဒီလိုဇာတ်ကားတွေကြည့်နေရင်းပဲ အတွင်းကကြောက်စိတ်ကို လောင်စာဖြည့်၊ မီးစာတို့သလို ဖြစ်နေမှာ စိုးရပါတယ်။ ကြည့်ချင်တယ်ဆိုရင် – ကြောက်အောင် ခြောက်တဲ့ကားတွေထက် ရယ်စရာစွက်ထားတဲ့ သရဲဟာသကားတွေ ကြည့်ပါ။ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြည့်ပါ။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်သွင်းပါ။

စိုးရိမ်မှုတွေ၊ ကြောက်စိတ်တွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ပျိုးထောင်ဖို့ပါပဲ။ ကိုယ့်ဘဝမှာ ကြိုးစားခဲ့တာ၊ အောင်မြင်ခဲ့တာ၊ လုပ်နိုင်ခဲ့တာတွေ ပြန်တွေးပါ။ ကိုယ်ဖြတ်ကျော်ခဲ့တဲ့ ဘဝလမ်းတလျှောက်မှာ လုပ်ဆောင်နိုင်ခဲ့တာတွေ ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း ယုံကြည်မှုတည်ဆောက်ပါ။ သရဲ တင် မကဘဲ ဘာကိုမှ မကြောက်တော့တဲ့ ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to stop fearing ghosts and paranormal phenomena https://www.wikihow.com/Stop-Fearing-Ghosts-and-Paranormal-Phenomena Accessed Feb-7, 2020.

Paranormal Phenomenon https://www.sciencedirect.com/topics/psychology/paranormal-phenomenon Accessed Feb-7, 2020.

Science of the Paranormal: Can You Trust Your Own Mind? https://www.livescience.com/52641-science-of-paranormal-ghosts.html Accessed Feb-7, 2020.

Evaluating the Evidence for Paranormal Phenomena https://www.apa.org/pubs/highlights/psyccritiques-spotlight/PSQ_a0040324.pdf Accessed Feb-7, 2020.

What Is Phasmophobia? https://www.verywellmind.com/phasmophobia-2671876 Accessed Feb-7, 2020.

ယခုပုံစံ

16/10/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကြောက်တရားတွေကို အနိုင်ပိုင်းကြမယ်

ရောဂါထက် ကြောက်စိတ်ကြောင့် မြန်မြန်သေဆုံးနိုင်တယ်ဆိုတာ သိရဲ့လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement