မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 22, 2020 . 2 mins read
Share now

ကိစ္စတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း ဖိုးဘီးယား (Phobia) စိတ်ဝေဒနာတွေထဲက မိန်းမကြောက် စိတ်ဝေဒနာ (Gynophobia) ဆိုတာ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များတဲ့ ပုံမှန်မဟုတ် ကြောက်ရွံ့ခြင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိတ်မှာ အမျိုးသမီးရဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ယောက်ျားမာနကို ချိုးနှိမ်ခံရခြင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေစိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

ဒီစိတ်ဝေဒနာက အမြစ်တွယ်ပြီး ကြီးလာတဲ့အခါ မိန်းမတွေနဲ့ ပတ်သက်လာရင် ကြောက်ရွံ့တဲ့ စိတ်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ ရွံရှာခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ကာ နေ့စဉ်ဘဝမှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ Gynophobia လို့ခေါ်တဲ့ မိန်းမကြောက် စိတ်ဝေဒနာဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။

Gynophobia ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

  • အမျိုးသမီးတွေအကြောင်း တွေးမိတဲ့အခါ ကြောက်ရွံ့စိတ်၊ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်လာတာ
  • ကိုယ့်ရဲ့ ကြောက်ရွံ့မှုဟာ အသိစိတ်ကို ဖုံးလွှမ်းသွားတာ
  • ဒီကြောက်ရွံ့ခြင်းကို ဘယ်လိုမှ ထိန်းချုပ်လို့မရလောက်အောင် မျက်နှာမှာပေါ်လွင်နေတာ
  • အမျိုးသမီးတစ်ယောက် ကိုယ့်အနားကပ်လာလေ စိတ်ထဲကနေ ပိုပြီးခြောက်ခြားလေလေ ဖြစ်တာ
  • အမျိုးသမီးတွေရှိတဲ့နေရာနဲ့ ဝေးရာမှာနေတာ၊ တမင်တကာ ရှောင်လွှဲပြီး နေတာ
  • ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ရင်ဘတ်ထဲမှာ မွန်းကျပ်နေတာ
  • နှလုံးခုန်နှုန်းမြန်ပြီး ချွေးစေးပြန်လာတာ
  • အသက်ရှူကြပ်လာတာ
  • ဗိုက်ထဲက အောင့်သလိုလို ခံစားရတာ
  • ခေါင်းထဲမှာ မူးဝေလာခြင်း
  • သတိလစ်ခြင်း အစရှိတဲ့ လက္ခဏာများကို တွေ့ရပါတယ်။

ဘယ်အသက်အရွယ်မှာ ဒီစိတ်ဝေဒနာအစပျိုးလာလဲ။

များသောအားဖြင့် အရွယ်ငယ်သေးတဲ့အချိန်မှာ ဒီကြောက်ရွံ့မှုဟာ အစပျိုးလာတတ်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို သူစိမ်းအမျိုးသမီးတွေ လာထိမှာ၊ ကိုင်မှာကို အရမ်းစိုးရိမ်နေတာ၊ မကြိုက်တာ၊ လုံးဝအသားထိခွင့်၊ စကားပြောခွင့်မပေးတာမျိုးတွေ လုပ်တဲ့အခါ၊ မိန်းမတွေရဲ့ မကောင်းကြောင်းကို ငယ်ငယ်ကတည်းက သင်ပေးတာ၊ အမြဲလိုလို ပြောဆိုနေတဲ့အခါ ကလေးက မိဘတွေရဲ့ အပြုအမူကိုကြည့်ပြီးတော့ အမျိုးသမီးတွေအပေါ် ကြောက်ရွံ့စိတ်ဝင်သွားနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်၊ လူငယ်ဘဝမှာ အသက်ကြီးကြီး သို့မဟုတ် ရွယ်တူ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ အလိုမတူဘဲ မုဒိမ်းကျင့်ခံရတာတွေကြောင့် စိတ်ဒဏ်ရာအနေနဲ့ အမျိုးသမီးတွေအပေါ် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းလက္ခဏာတွေ ပြလာတတ်ပါတယ်။

ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။

ဖိုးဘီးယားတွေထဲမှာ နေ့စဉ်လူမှုဘဝကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့ ပုံမှန်မဟုတ် ကြောက်ရွံ့စိတ်ဖြစ်ပါတယ်။ တခြားအရာတွေနဲ့ မတူဘဲ လူ့ဘဝကြီးက နေ့စဉ် အမျိုးသားတွေရော၊ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တာကြောင့် ဝေဒနာရှင်ရဲ့ စိတ်ထဲမှာလည်း တော်တော်လေးကို အနေရကြပ်နေမယ်။ လူ့ပတ်ဝန်းကျင်မှာလည်း တခြားသူတွေ ပြောစရာ၊ အထင်သေးစရာ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ တခြားသူတွေလိုမျိုးမဟုတ်ဘဲ အမျိုးသမီးတွေအပေါ် ပုံမှန်ထက်ပိုတဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်နေတယ်ဆိုရင် စိတ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်ဖို့ လိုအပ်ပါတယ်။

ဘယ်လိုကုထုံးတွေနဲ့ ကုသမှုခံယူမလဲ။

လူမှုရေးရာဆိုင်ရာ ကြောက်ရွံ့မှုကို အခြေခံတဲ့ စိတ်ဝေဒနာဖြစ်တာကြောင့် ဒီကြောက်ရွံ့မှုနဲ့ပတ်သက်ပြီး ဝေဒနာရှင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်ဖို့၊ ကြောက်ရွံ့မှုကို ကျော်လွှားဖို့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အစပိုင်းမှာ စိတ်ပညာရှင်တွေအနေနဲ့ ဝေဒနာရှင်ရဲ့ ဘဝဇာတ်ကြောင်း၊ အတိတ်မှာဖြစ်ဖူးတဲ့ အဖြစ်အပျက်တွေ၊ ဝေဒနာရှင်ရဲ့ လက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်အခြေအနေ၊ မိသားစု၊ အချစ်ရေး စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေကို သုံးသပ်ပြီးသွားတဲ့အခါမှာ စိတ်ကုထုံးဖြင့် စတင်ကုသပေးသွားမှာပါ။ ဒီကုထုံးတွေထဲမှာတော့

  • Exposure Therapy (အမျိုးသမီး အသုံးအဆောင်များဖြင့် ရင်းနှီးစေခြင်း၊ ဓာတ်ပုံများကို ပြသခြင်း)
  • Cognitive Behavioral Therapy (ကြောက်ရွံ့မှုကို လက်တွေ့ရင်ဆိုင်ခြင်းဖြင့် ထိန်းချုပ်စေခြင်း)
  • Medication (နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတဲ့ Beta Blockers ၊ စိတ်ငြိမ်ဆေးများပေးခြင်း) ဖြင့် ကုသပေးနိုင်ပါတယ်။

များသောအားဖြင့် Gynophobia ကို ကုသဖို့ ဆေးဝါးတွေမလိုအပ်ပါဘူး။ စိတ်ကိုငြိမ်အောင် ကိုယ်တိုင်ထိန်းချုပ်ပေးတဲ့ ကုထုံးနည်းလမ်းတွေကသာ အကောင်းဆုံးပါပဲ။ စိတ်ရှည်ပြီး ဆရာဝန်ပြောတဲ့လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်၊ ရက်ချိန်းကို မှန်မှန်သွားပြီး ပြသမယ်ဆိုရင်တော့ ပျောက်ကင်းဖို့ ပိုလွယ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းပိတ်ဆို့ မှုကြောင့် မလွှဲမရှောင်သာ ရင်ဆိုင်နေကြရတဲ့ ကျန်းမာရေးပြဿနာများ

ခရီးသည်၊ လမ်းပိတ်ဆို့၊ ပင်ပန်းဆင်းရဲ၊ သောက၊ နှလုံးရောဂါ၊ နှလုံးရပ်၊ နှလုံးဖောက်ပြန်တာ၊ လေဖြတ်တာ၊ စိတ်ဝေဒနာ၊ စိတ်ဖိစီးတာ၊ အမျိုးအစား ၂ ဆီးချို၊ အဆုပ်ကင်ဆာ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ရောဂါထိန်းချုပ်ဆေးနဲ့ ပတ်သက်ပြီး မှားသိထားတဲ့အရာတွေ

စိတ်ရောဂါ ထိန်းချုပ်ဆေး စိတ်ကျရောဂါ စိုးရိမ်ပူပန် စိတ်ဖိစီးမှု စိတ်ကုထုံး အတွေးအခေါ် ဘေးထွက်ဆိုးကျိုး ခေါင်းမူးခေါင်းကိုက် ဗိုက်အောင့် လိင်တံမထောင်မတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
စိတ်ကျန်းမာရေး ဇူလိုင် 31, 2020 . 2 mins read

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

စိတ်ချမ်းသာ ပျော်ရွှင် အပင်စိုက် သစ်ပင်ပန်းမန် ခရီးထွက် သဘာဝ ကျန်းမာရေး စိတ်ကုထုံး စိတ်ဖိစီးမှု အထီးကျန် နေရောင်ခြည် မွှေးရနံ့ အတွေး မျက်စိ စိတ်အာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
စိတ်ကျန်းမာရေး ဇူလိုင် 31, 2020 . 2 mins read

Delusion အမျိုးအစားများအကြောင်း

Delusion ထင်ယောင်ထင်မှား Schizophrenia bipolar disorder စိတ်ကျရောဂါ ဖောက်ပြန် ယုံကြည်မှုမှားယွင်း မနာလိုဝန်တို စိတ်ဝေဒနာ စိတ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကပ်ဘေးအတွင်းမှာ ဘယ်သူတွေ အထီးကျန်အဆန်ဆုံးဖြစ်နေလဲ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 3 mins read
Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
စိတ်ကျန်းမာရေးအကြောင်း

စိတ်ကျန်းမာရေးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 5 mins read
မိခင်အမျိုးအစားကွဲ (၄)မျိုး

မိခင်အမျိုးအစားကွဲ (၄)မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read