backup og meta

အကောင်းမြင်စိတ်ကြောင့် အသက်ပိုရှည်စေခြင်း အကြောင်းရင်း (၃) ချက်

“တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ”လို့ ကျွန်တော်တို့ ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေထဲ ဖတ်ခဲ့ရပါတယ်။ ရှေးဆိုရိုးတွေကလည်း “ပျော်ပျော်နေ သေခဲ” လို့ ပြောကြတယ်။

ဆိုတော့ ပျော်ပျော်နေရင် တကယ် အသက်ရှည်တာလား။ လေ့လာမှုတွေအရတော့ အကောင်းမြင်ဝါဒီသမားတွေက အသက်ရှည်ရှည် ပိုနေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ။

၁။ အကောင်းမြင် ဝါဒီတွေက ကျန်းမာရေး ပိုကောင်းကြပါတယ်။

အကောင်းမြင်တတ်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀% လျော့နည်းပြီး ကင်ဆာရောဂါ ဖြစ်နေချိန်မှာတောင် အသက်ရှင်နိုင်ခြေ ပိုများပါတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။

နောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေက Immunoglobulin A (အင်မျူနို ဂလိုဘျူလင် အေ) ဆိုတဲ့ ပဋိပစ္စည်းကို ထုတ်ပေးပြီး ဒါက ဖျားနာမှုတွေကို ရှေ့တန်းက တိုက်ထုတ်ပေးနေတဲ့ ပဋိဇီဝပစ္စည်းပါ။ ဒါကြောင့်လည်း အကောင်းမြင်တတ်သူတွေက ကျန်းမာရေး ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုတွေ နည်းပါတယ်။

အကောင်းမြင်ဝါဒီတွေက ပုံမှန် လက်တွေ့သမားနဲ့ အဆိုးမြင်ဝါဒီတွေထက် ပိုပြီး စိတ်ဖိစီးမှု နည်းတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ သူတို့ကိုယ် သူတို့ ယုံကြည်ကြပြီး ကောင်းတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြသလို ကောင်းတာတွေ ဖြစ်လာဖို့ပဲ ကြိုးစားကြလေ့ ရှိပါတယ်။

မကောင်းတာတွေ ဖြစ်လာခဲ့ရင်တောင် ဒါဟာ သင်ခန်းစာ ယူရမယ့် အခွင့်အရေး၊ ပိုကောင်းတာတွေ ဖြစ်လာဖို့လို့ တွေးလေ့ရှိတာကြောင့် အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားသွားနိုင်ကြပါတယ်။ ပြီးတော့ အန္တရာယ်တွေကို ရင်ဆိုင်ရဲသလို သူတို့ ဘဝမှာ ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို အလွယ်တကူ ဖန်တီးနိုင်ကြပါတယ်။

၃။ အကောင်းမြင်တတ်သူတွေက ကျန်းမာရေးနဲ့ ညီတဲ့ လှုပ်ရှားမှုတွေမှာ ပိုပါတတ်ကြပါတယ်။

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အကောင်းမြင်တတ်တဲ့သူတွေဟာ လေ့ကျင့်ခန်းလည်း ပုံမှန် လုပ်ဖြစ်ကြသလို အရာရာမှာလည်း တက်တက်ကြွကြွ ရှိနေတတ်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။

စိတ်ဖိစီးမှုတွေ နည်းတာကြောင့် ညဘက်တွေမှာလည်း ပုံမှန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတာကြောင့် သူတို့တွေအတွက် ကျန်းမာရေး မကောင်းစေမယ့် အကြောင်းရင်းတွေက အတော်လေး နည်းတယ်လို့ ဆိုရင်မမှားပါဘူး။

နောက်ပြီး ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင်တောင်မှ ရင်ဆိုင်နိုင်စွမ်းက ပုံမှန်ထက် ပိုများတတ်ကြပါသေးတယ်။

ဒါတွေကတော့ အကောင်းမြင်စိတ်ဟာ အသက်ရှည်ခြင်းနဲ့ ဘယ်လို ဆက်စပ်နေတာလဲဆိုတဲ့ အဓိက အကြောင်းရင်း (၃) ချက်ပါပဲ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellmind.com/the-benefits-of-optimism-3144811

https://exploringyourmind.com/optimism-and-health-are-they-related/

https://www.sciencedaily.com/releases/2019/08/190826150700.htm

ယခုပုံစံ

13/09/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကောင်းမြင်တတ်ခြင်းသည် ဆယ်ကျော်သက်များတွင်ဖြစ်သော စိတ်ဓါတ်ကျရောဂါကို ကာကွယ်ပေးနိုင်သည်

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။