Procedure ပြီးနောက်
- Procedural sedation လုပ်ပြီးနောက် မောပန်းတာ၊ ခေါင်းကိုက်တာ၊ အစာအိမ်မှာ မသက်မသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒါတွေဟာ ပုံမှန်ဖြစ်စဉ်ပါပဲ။ သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူက အခြေအနေကို ထိန်းချုပ်ပေးပါလိမ့်မယ်။
- အကယ်၍ သင်က ပြင်ပလူနာဖြစ်မယ်ဆိုရင် procedure ပြီးတဲ့နောက် တစ်ယောက်ယောက်က သင့်ကို အိမ်ပြန်ပို့ပေးသင့်ပါတယ်။
- ကျန်းမာစေတဲ့ အစားအစာတွေ စားပါ။
- ကားမမောင်းပါနဲ့။ အရက်၊ ဆေးလိပ်မသောက်ပါနဲ့။
Procedure ပြီးနောက် သင့်ကိုယ်ခန္ဓါကိုယ်ကို ဂရုစိုက်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
Procedural sedation ဆိုတာ ကုသတဲ့နေရာမှာ လူနာတွေအတွက် နာကျင်တာ၊ မသက်မသာတာတွေ မဖြစ်စေတဲ့ ဘေးကင်းသော နည်းလမ်းတစ်ခုပါ။ သူက general anesthesia ရဲ့ တခြားနည်းလမ်းတစ်ခုပါ။ procedure ပြီးတဲ့နောက်မှာ သင့်ကို မြန်မြန်သက်သာလာစေဖို့နဲ့ သင့်ပုံမှန်နေ့စဉ်ဘဝထဲ ပြန်လည်ရောက်ရှိဖို့ ကူညီပေးနိုင်ပါတယ်။ ဘေးအန္တရာယ်ရှိပေမယ့်လည်း ဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာမယ်ဆိုရင် ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။