backup og meta

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ကြောက်ရွံ့ခြင်း (Phobias) က အဖြစ်များတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လူတိုင်းနီးပါးမှာ ကြောက်ရွံ့ခြင်း တစ်ခုစီ ရှိတတ်ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က တစ်ခုမကသော ကြောက်ရွံ့ခြင်းတွေကို ခံစားနေရပါတယ်။

အမျိုးသမီး အများစုက အမျိုးသားတွေထက် ကြောက်ရွံ့ခြင်းကို ပိုခံစားရတတ်ကြပါတယ်။ ကြောက်ရွံ့ခြင်း အမျိုးအစားတွေက ဘယ်လောက်ထိ များနေလဲ။ ကိုယ်တိုင်ရော ဘယ်လို ကြောက်ရွံ့ခြင်းတွေကို ခံစားနေရလဲ ဆိုတာကို ဆောင်းပါးလေးထဲမျာ အတူတူ လေ့လာကြည့်ရအောင်လား……….

ကြောက်ရွံခြင်း ခံစားရတဲ့အခါ ဘယ်လိုတွေ ခံစားရနိုင်လဲ။

ကြောက်ရွံ့ခြင်းကို ခံစားရတဲ့အခါ

  • မအီမသာဖြစ်တာ
  • တုန်တုန်ယင်ယင်ဖြစ်တာ
  • နှလုံးခုန် မြန်လာတာ
  • ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားရတာ
  • စိတ်ထဲမှာ ဖိစီးပူပန်မှုတွေ ခံစားရတာမျိုး ဖြစ်လာနိုင်ပါတယ်။

လူအမျိုးမျိုး ကြောက်ရွံ့ခြင်း အဖုံဖုံ

ကြောက်ရွံ့ခြင်းတွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝ အပေါ်မှာ ပုံစံ အမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ သိပ်မပြင်းထန်တဲ့ အနေအထားကနေ ပြင်းထန်လွန်းတဲ့ အခြေအနေ အထိပေါ့။

အချို့ဆို သူ့ဆီမှာ ခံစားနေရတဲ့ ကြောက်ရွံ့တွေကို ကိုယ်တိုင်တောင် မသိတာမျိုး ရှိနေနိုင်ပါတယ်။ ဒီကြောက်ရွံ့ခြင်းတွေက ထဲမှာမှ အတွေ့ရ အများဆုံး ကြောက်ရွံ့ခြင်းတွေက

  • သဘာဝ ပတ်ဝန်းကျင်ကို ကြောက်တာ
  • တိရစ္ဆာန်တွေကို ကြောက်တာ
  • ဆေးကုသမှု ခံယူရမှာကို ကြောက်တာ
  • အချို့သော အခြေအနေတွေကို ကြောက်တာတွေပါ။

ဒါတွေတင်မကသေးပါဘူး။ တွေးတောင် တွေးမိမှာ မဟုတ်တဲ့ ကြောက်ရွံ့ခြင်း အမျိုးအစားတွေကလည် အများကြီးပါ။ ဒီကြောက်ရွံ့ခြင်း အမျိုးအစားတွေကို ကိုယ်တိုင်မှာ ရှိနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့ အင်္ဂလိပ် အက္ခရာ အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။

A

  • အမှောင်ကို ကြောက်ခြင်း (Achluophobia)
  • အမြင့်ကြောက်ခြင်း (Acrophobia)
  • ပျံသန်းရတာကို ကြောက်ခြင်း (Aerophobia)
  • နာကျင်မှုကို ကြောက်ခြင်း (Algophobia)
  • လေဟာပြင်ကို ကြောက်ခြင်း (သို့မဟုတ်) လူစုလူဝေးကို ကြောက်ခြင်း (Agoraphobia)
  • အပ် (သို့မဟုတ်) ချွန်ထက်သော အရာများကို ကြောက်ခြင်း (Aichmophobia)
  • ကားစီးရမှာကို ကြောက်ခြင်း (Amaxophobia)
  • အမျိုးသားများကို ကြောက်ခြင်း (Androphobia)
  • ရင်ခေါင်းတွင် စူးပြီး အောင့်ခြင်း (သို့မဟုတ်) သီးခြင်းကို ကြောက်ခြင်း (Anginophobia)
  • ပန်းတွေကို ကြောက်ခြင်း (Anthrophobia)
  • လူတွေ၊ အစုအဖွဲ့တွေကို ကြောက်ခြင်း (Anthropophobia)
  • ထိတွေ့မှုကို ကြောက်ခြင်း (Aphenphosmphobia)
  • မြေပဲထောပတ်ကို ကြောက်ခြင်း (Arachibutyrophobia)
  • ပင့်ကူကြောက်ခြင်း (Arachnophobia)
  • နံပါတ်တွေကို ကြောက်ခြင်း (Arithmophobia)
  • လျှပ်စီးလက်တာ၊ မိုးခြိမ်းတာကို ကြောက်ခြင်း (Astraphobia)
  • အစီအစဉ် မကျတာ၊ သေသေသပ်သပ် မရှိတာကို ကြောက်ခြင်း (Ataxophobia)
  • အနာအဆာရှိမှာကို ကြောက်ခြင်း (Atelophobia)
  • အရှုံးကို ကြောက်ခြင်း (Atychiphobia)
  • လူရုပ်ပုံတွေကို ကြောက်ခြင်း (Automatonophobia)
  • အထီးကျန်မှာကို ကြောက်ခြင်း (Autophobia)
  • ဘက်တီးရီးယားတွေကို ကြောက်ခြင်း (Bacteriophobia)
  • ဆွဲငင်အားကို ကြောက်ခြင်း (Barophobia)
  • လှေကားထစ်၊ လှေကားခွင်တွေကို ကြောက်ခြင်း (Bathmophobia)
  • ကုန်းနေရေနေ သတ္တဝါတွေကို ကြောက်ခြင်း (Batrachophobia)
  • ပင်အပ်၊ အပ်စတာတွေကို ကြောက်ခြင်း (Belonephobia)
  • စာအုပ်တွေကို ကြောက်ခြင်း (Bibliophobia)
  • အပင်တွေကို ကြောက်ခြင်း (Botanophobia)
  • ရုပ်ဆိုးတာကို ကြောက်ခြင်း (Cacophobia)
  • လှောင်ပြောင် သရော်မှုကို ကြောက်ခြင်း (Catagelophobia)
  • မှန်တွေကို ကြောက်ခြင်း (Catoptrophobia)
  • နှင်းကို ကြောက်ခြင်း (Chionophobia)
  • အရောင်တွေကို ကြောက်ခြင်း (Chromophobia)
  • နာရီတွေကို ကြောက်ခြင်း (Chronomentrophobia)
  • အချိန်ကို ကြောက်ခြင်း (Chronophobia)
  • ကျဉ်းကျပ်တဲ့ နေရာတွေကို ကြောက်ခြင်း (Claustrophobia)
  • လူပြက်ရုပ်တွေကို ကြောက်ခြင်း (Coulrophobia)
  • ကွန်ပျူတာတွေကို ကြောက်ခြင်း (Cyberphobia)
  • ခွေးတွေကို ကြောက်ခြင်း (Cynophobia)
  • သစ်ပင်တွေကို ကြောက်ခြင်း (Dendrophobia)
  • သွားဆရာဝန်ကို ကြောက်ခြင်း (Dentophobia)
  • နေအိမ်တွေကို ကြောက်ခြင်း (Domatophobia)
  • မတော်တဆမှုကို ကြောက်ခြင်း (Dystychiphobia)

E

  • အိမ်ကြောက်ခြင်း (Ecophobia)
  • ကြောင်ကြောက်ခြင်း (Elurophobia)
  • အင်းဆက်တွေကို ကြောက်ခြင်း (Entomophobia)
  • ဆယ်ကျော်သက်တွေကို ကြောက်ခြင်း (Ephebiphobia)
  • မြင်းတွေကို ကြောက်ခြင်း (Equinophobia)

G

  • လက်ထပ်ရမှာကို ကြောက်ခြင်း (Gamophobia)
  • ဒူးခေါင်းတွေကို ကြောက်ခြင်း (Genuphobia)
  • လူအများရှေ့မှာ စကားပြောရမှာကို ကြောက်ခြင်း (Glossophobia)
  • အမျိုးသမီးများကို ကြောက်ခြင်း (Gynophobia)

H

  • ထိတွေ့မှုကို ကြောက်ခြင်း (Haphephobia)
  • နေကို ကြောက်ခြင်း (Heliophobia)
  • သွေးကို ကြောက်ခြင်း (Hemophobia)
  • တွားသွားသတ္တဝါတွေကို ကြောက်ခြင်း (Herpetophobia)
  • စာလုံး အရှည်ကြီးတွေကို ကြောက်ခြင်း (Hippopotomonstrosesquipedaliophobia)
  • ရေကြောက်ခြင်း (Hydrophobia)
  • ဖျားနာမှုကို ကြောက်ခြင်း (Hypochondria)
  • ဆရာဝန်ကို ကြောက်ခြင်း (Iatrophobia)
  • အင်းဆက်တွေကို ကြောက်ခြင်း (Insectophobia)

K

  • အခန်းတွေကို ကြောက်ခြင်း (Koinoniphobia)
  • ကြယ်သီးတွေကို ကြောက်ခြင်း (Koumpounophobia)

L

  • အဖြူရောင်ကို ကြောက်ခြင်း (Leukophobia)
  • လေဆင်နှာမောင်း နဲ့ ဟာရီကိန်းမုန်တိုင်းတွေကို ကြောက်ခြင်း (Lilapsophobia)
  • ကလေးမွေးဖွားမှုကို ကြောက်ခြင်း (Lockiophobia)

M

  • ချက်ပြုတ်တာကို ကြောက်ခြင်း (Mageirocophobia)
  • ကြီးမားတဲ့ အရာဝတ္ထုတွေကို ကြောက်ခြင်း (Megalophobia)
  • အနက်ရောင်ကို ကြောက်ခြင်း (Melanophobia)
  • အရာဝတ္ထု သေးသေးလေးတွေကို ကြောက်ခြင်း (Microphobia)
  • ညစ်ပေတဲ့အရာတွေနဲ့ ပိုးမွှားတွေကို ကြောက်ခြင်း (Mysophobia)

N

  • သေနေတဲ့အရာတွေ၊ အသေကောင်တွေကို ကြောက်ခြင်း (Necrophobia)
  • ညဘက်ကို ကြောက်ခြင်း (Noctiphobia)
  • ဆေးရုံကို ကြောက်ခြင်း (Nosocomephobia)
  • အမှောင်ကို ကြောက်ခြင်း (Nyctophobia)

O

  • ကိုယ်အလေးချိန် တက်လာမှာကို ကြောက်ခြင်း (Obesophobia)
  • အင်္ဂလိပ် ဂဏန်း 8 ကို ကြောက်ခြင်း (Octophobia)
  • မိုးကို ကြောက်ခြင်း (Ombrophobia)
  • မြွေတွေကို ကြောက်ခြင်း (Ophidiophobia)
  • ငှက်တွေကို ကြောက်ခြင်း (Ornithophobia)

P

  • စာရွက်တွေကို ကြောက်ခြင်း (Papyrophobia)
  • ရောဂါ ကြောက်ခြင်း (Pathophobia)
  • ကလေးကြောက်ခြင်း (Pedophobia)
  • နမ်းရှုတ်တာကို ကြောက်ခြင်း (Philematophobia)
  • ချစ်ရမှာကို ကြောက်ခြင်း (Philophobia)
  • ကြောက်ရမှာကို ကြောက်ခြင်း (Phobophobia)
  • ခြေဖဝါးတွေကို ကြောက်ခြင်း (Podophobia)
  • ခရမ်းရောင်ကို ကြောက်ခြင်း (Porphyrophobia)
  • အနားကွေးကွေး အပင်တွေကို ကြောက်ခြင်း (Pteridophobia)
  • ပျံသန်းရမှာကို ကြောက်ခြင်း (Pteromerhanophobia)
  • မီးကို ကြောက်ခြင်း (Pyrophobia)

S

  • ဟောလိုးဝင်းပွဲကို ကြောက်ခြင်း (Samhainophobia)
  • ကျောင်းကြောက်ခြင်း (Scolionophobia)
  • စိုက်​ကြည့်တာကို ကြောက်ခြင်း (Scoptophobia)
  • လကို ကြောက်ခြင်း (Selenophobia)
  • လူတွေရဲ့ ယူဆသတ်မှတ်ချက်တွေကို ကြောက်ခြင်း (Sociophobia)
  • အိပ်စက်မှုကို ကြောက်ခြင်း (Somniphobia)

T

  • အရှိန်ကို ကြောက်ခြင်း (Tachophobia)
  • နည်းပညာကို ကြောက်ခြင်း (Technophobia)
  • မိုးခြိမ်းသံကို ကြောက်ခြင်း (Tonitrophobia)
  • အပ်၊ ဆေးထိုးအပ်စတာတွေကို ကြောက်ခြင်း (Trypanophobia)
  • တွင်း ၊အပေါက် စတာတွေကို ကြောက်ခြင်း (Trypophobia)

V-Z

  • လှပတဲ့ အမျိုးသမီးတွေကို ကြောက်ခြင်း (Venustraphobia)
  • ရောဂါပိုးတွေကို ကြောက်ခြင်း (Verminophobia)
  • စုန်းမ နဲ့ စုန်းကဝေအတတ်တွေကို ကြောက်ခြင်း (Wiccaphobia)
  • သူစိမ်းတွေကို ကြောက်ခြင်း (Xenophobia)
  • တိရစ္ဆာန်တွေကို ကြောက်ခြင်း (Zoophobia)

Takeaways

ကြောက်ရွံ့ခြင်းတွေက နေ့စဉ် လူနေမှု ဘဝကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ကြောက်ရွံ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဆိုပေမယ့် စိတ်ကျန်းမာရေး ပြဿနာဖြစ်တာကြောင့် သေချာ ကုသဖို့ ပြောပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

A to Z: Strange and Common List of Phobias https://www.verywellmind.com/list-of-phobias-2795453 Accessed Date 7 December 2020

Phobias https://www.nhs.uk/conditions/phobias/ Accessed Date 7 December 2020

ယခုပုံစံ

22/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia)

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement