ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
သံသယလွန်ကဲ စိတ်ဝေဒနာ ဖြစ်ပွားမှုများစေတဲ့ အဓိကအကြောင်းအရင်းကတော့
- လိင် ။ ။ အမျိုးသားများသည် ပိုအဖြစ်များသည်။
- မိသားစုတွင်း စိတ်ရောဂါသည်ရှိခြင်း ။ ။ သံသယလွန်ကဲ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျားရောဂါသည်၏ ဆွေမျိုးများတွင် ပိုအဖြစ်များသည်။
- ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ ။ ။ ကလေးဘဝအစောပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရဖူးခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကို ဘယ်လိုအတည်ပြုပါသလဲ
သံသယလွန်ကဲ စိတ်ဝေဒနာကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုပေါ်တွင် အခြေခံပြီး အတည်ပြုသတ်မှတ်သည်။ ဆရာဝန်က ပြည့်စုံသော ဆေးစစ်ဆေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ မေးမြန်းစစ်ဆေးခြင်းများကို ပြုလုပ်သည်။ လိုအပ်လျှင် ခန္ဓါကိုယ် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သည်။ သံသယလွန်ကဲ စိတ်ဝေဒနာကို အတည်ပြုနိုင်သော ဓါတ်ခွဲစစ်ဆေးနည်း မရှိပါ။ သို့သော် ဆရာဝန်က ဖြစ်စေသော အကြောင်းရင်း၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကို ဖယ်ထုတ်ဖို့ များစွာသော စစ်ဆေးမှုများကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေသော အကြောင်းရင်းရောဂါ မတွေ့ရှိလျှင် ဆရာဝန်က သင်၏ စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးရန် စိတ်ကျန်းမာရေး ဆရာဝန်ကို လွှဲပေးလိမ့်မည်။
စိတ်ကျန်းမာရေး ဆရာဝန်က ရှုပ်ထွေးနက်နဲသော စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ သူတို့က သင့်ငယ်ဘဝ၊ ကျောင်း၊ လုပ်ငန်းခွင် နှင့် ဆက်ဆံရေးအကြောင်းကို မေးမြန်းလိမ့်မည်။ သူတို့က သင်၏ အတွေးပုံရိပ်များကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို မေးမြန်းလိမ့်မည်။ ထိုမေးခွန်းများသည် သင်အခြေအနေတစ်ရပ်ကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို စစ်ဆေးခြင်းဖြစ်သည်။ ဥပမာ။ ။ သင်သည်လမ်းပေါ်တွင် တစ်စုံတစ်ယောက်၏ ပိုက်ဆံအိတ်ကို တွေ့လျှင် ဘယ်လိုလုပ်မလဲဆိုသော မေးခွန်းမျိုးကို မေးလိမ့်မည်။ ထို့နောက် စိတ်ကျန်းမာရေး ဆရာဝန် က ရောဂါအတည်ပြုပြီး ကုသမှုကို စီစဉ်ပေးလိမ့်မည်။
Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကို ဘယ်လိုကုသပါသလဲ
ဤရောဂါ ခံစားနေရသော လူနာများသည် ဆရာဝန်အပေါ်သံသယစိတ်များသောကြောင့် ကုသမှုသည် ခက်ခဲပါသည်။ အကယ်၍ ကုသမှုကို လက်ခံလျှင် စကားပြောကုထုံးနှင့် ဆေးဝါးများသည် ထိရောက်ပါသည်။
- စိတ်ကုထုံး (ပြောဆိုဆွေးနွေးခြင်းပုံစံ) သည် သံသယလွန်ကဲ စိတ်ဝေဒနာအတွက် အကောင်းဆုံးကုထုံးတစ်ခုဖြစ်သည်။ ကုသမှုသည် ယေဘုယျ ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာစေရန် အဓိကထားပြီး လူမှုဆက်ဆံရေးနှင့် ကိုယ်ကိုယ့်ကို တန်ဖိုးထားမှုကို မြင့်တင်ပေးသည်။
- ဆေးဝါးသည် ဤစိတ်ဝေဒနာအတွက် အဓိက ကုထုံးမဟုတ်ပါ။ သို့သော် စိုးရိမ်ပူပန်မှုကို သက်သာစေသောဆေး၊ စိတ်ကျရောဂါသက်သာဆေး (သို့) စိတ်ရောဂါအတွက်ပေးသောဆေးများသည် လူနာရောဂါလက္ခဏာ ပြင်းထန်လာသောအခါ (သို့) စိတ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသော အခါတွင် ပေးပါသည်။
ကုသမှုကို လက်ခံသောသူများသည် အလုပ်ဆက်လုပ်နိုင်ပြီး ကျန်းမာသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်သည်။ သို့သော် သူတို့သည် ဘဝတစ်လျှောက် ကုသမှုကို ဆက်လက်ခံယူရမည်။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာကို အမြစ်ပြတ်ကုသနည်း မရှိပါ။ သံသယလွန်ကဲ စိတ်ဝေဒနာ ရောဂါလက္ခဏာများ ဆက်လက်ဖြစ်နေမည်ဖြစ်သော်လည်း အများ၏ ထောက်ပံ့မှု၊ ဂရုစိုက်မှုများနှင့် ရောဂါကို ကုသနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံသယလွန်ကဲ စိတ်ဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ဤစိတ်ဝေဒနာကို ကုသနိုင်သော နည်းလမ်းမရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာသည် လူနာသည် အခြားလူများကို မယုံကြည်၊ သံသယစိတ်များသောကြောင့် အုပ်စုဖွဲ့ကူညီခြင်းနည်းလမ်းမျိုးသည် မဖြစ်နိုင်သလို အန္တရာယ်တောင်များသေးသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။