ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
Share now

ကပ်ဆိုး ဘေးဆိုးဆိုတာက တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ဘဲ လူအများစု ကိစ္စပါ။ ဒါကြောင့်  တစ်ခုခု မကောင်းတာတွေ ဖြစ်မယ်၊ ခံစားရမယ်ဆိုရင်လည်း လူတိုင်း ခံစားရမှာပါ။ ကပ်ဘေးကာလ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် လူတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ထူးခြားတဲ့ ပြောင်းလဲနေထိုင်နည်းတွေ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

ကပ်ဘေးကာလကြာလာတာနဲ့အမျှ လူတွေမှာ စိတ်အား၊ ကိုယ်အားတွေ ကျဆင်းလာမှာ အနည်းနဲ့ အများပါပဲ။ ဒါတွေကို ကျော်လွှားဖို့ ကပ်ဘေးကာလမှာ ဘယ်လိုခံယူချက်တွေ ထားသင့်သလဲ။ ဘယ်လိုမျိုး နေထိုင်သင့်သလဲဆိုတာ ပြောပြပေးပါ့မယ်။

ကပ်ဘေးကာလ မှာ ဘယ်လိုနေထိုင်ကြမလဲ။

အရင်ဆုံး ပြောချင်တာက လူအများစု ပြဿနာဆိုပေမယ့် လူတွေအများကြီးကို လိုက်ပြီး ဂရုစိုက်နေတာမျိုးထက် တစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတွေ  ပေါင်းသွားရင် လူအများစုဆိုတာ ဖြစ်လာမှာပါ။

  • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

တစ်ဦးတစ်ယောက်ချင်းစီမှာ ဒီစိတ်ဓာတ်ရှိနေဖို့ လိုပါတယ်။ ကပ်ဘေးကာလဆိုတာ ဘယ်တော့ပြီးမလဲ မသိနိုင်တာကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးရော မထိခိုက်အောင် နေပါ။

  • တစ်နေ့တာ အလုပ်တွေကို မပျက်ပါစေနဲ့။

ကပ်ဘေးကာလ ဆောင်ရန် ရှောင်ရန်တွေကိုလည်း လိုက်နာပါ။ ဒါပေမယ့် ကိုယ်တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကိုလည်း မေ့မထားပါနဲ့။ အစီအစဉ်တကျနဲ့ အရေးအကြီးဆုံးတွေကို ဦးစားပေးလုပ်ပါ။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

  • နည်းနည်းချင်းစီကစပါ။

ကပ်ဘေးကြောင့် ကိုယ့်ရဲ့ နေထိုင်မှုဘဝက ရုတ်တရက်ဆိုသလို ဟန်ချက်ပျက်သွားနိုင်ပါတယ်။ ဒါပုံမှန်ပါပဲ။ တစ်နေ့ကို ဖြည်းဖြည်းချင်းစီ ကိုယ့်ရဲ့ ပုံမှန်ဘဝထဲကို ပြန်လာပါ။ ကပ်ဘေးကနေလည်း ဂရုစိုက်ပါ။

ကပ်ဘေးကာလဆိုတော့ ပျော်စရာတွေက ရှာမှ ရှားပါပဲ။ အတင်းကြီး ပျော်အောင် လုပ်ဖို့ မဟုတ်ပေမယ့် တစ်နေ့မှာ ကိုယ့်ရဲ့ စိတ်ကို သက်သောင့်သက်သာဖြစ်စေမယ့် အလုပ်တစ်ခုခု လုပ်ပါ။ ဥပမာ ပန်းပင်ရေလောင်းတာ ဖြစ်ဖြစ်ပေါ့။

  • အတွေးတွေကို သတိထားပါ။

ကပ်ဘေးနဲ့ ကြုံလာတိုင်း အနာဂတ်ပျောက်တတ်တာ သဘာဝပါ။ ဒီချိန်မှာ ကိုယ့်ခေါင်းထဲကို ဝင်လာတာတွေကလည်း မကောင်းတဲ့အတွေးတွေ၊ စိတ်ဓာတ်ကျစေတဲ့ အတွေးတွေပဲ များပါတယ်။ ဒါပေမယ့် လက်မလျှော့ပါနဲ့။ ကပ်ဘေးကာလမှာ မတူညီတဲ့ ရှုထောင့်က တွေးပြီး အကောင်းမြင်နိုင်အောင် ကြိုးစားပါ။

  • စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပါ။

ကပ်ဘေးနဲ့ ကြုံလာရင် လူတိုင်းက စိတ်ဖိစီးတတ်ကြပါတယ်။ စိတ်ဖိစီးမှုနဲ့အတူ နောက်ကနေ စိတ်ရှုပ်တာ၊ ဒေါသဖြစ်လွယ်တာတွေ ပါလာတတ်ပါတယ်။ လူတိုင်းက ပေါက်ခါနီး ဗုံးလို ဖြစ်နေတော့ နည်းနည်းလောက် ပြောမိဆိုမိတာနဲ့ ပြင်းပြင်းထန်ထန် ဒေါသတကြီး တုံ့ပြန်တတ်ပါတယ်။ ကပ်ဘေးကာလမှာ ချုပ်တည်းရတာများတဲ့အတွက် ဒေါသနဲ့ ဖောက်ထွက်မိတဲ့သဘောပါ။

ဒီလိုမဖြစ်အောင် တစ်နေ့တာ ကုန်ဆုံးလို့ အိပ်ခါနီးပြီဆိုရင် ဝင်လေထွက်လေလေးရှူပြီး စိတ်တွေ လျှော့ချပါ။ လုပ်ငန်းခွင်မှာလည်း ဖိအားတွေ များလာပြီလို့ ခံစားရရင် လုပ်နေတာကို ခဏနားပြီး စိတ်ပြေလက်ပျောက် အာရုံလွှဲလိုက်ပါ။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

  • မျှဝေပါ။

ကပ်ဘေးကာလမှာ ကျန်းမာရေးတင် ထိခိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးတွေ၊ လူမှုရေးတွေပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို ထိခိုက်တာတွေ များလေလေ၊ ပိုပြီး စိတ်ညစ်လေလေပါ။ ဒါကြောင့် ရှိတဲ့သူက မရှိတဲ့သူကို မျှဝေပါ။ ငွေရေးကြေးရေး၊ စိတ်ခွန်အား စသဖြင့် ကိုယ်တတ်နိုင်တာကို မျှဝေထောက်ပံ့ပါ။

  • စိတ်ရှည်ပါ။

စိတ်ရှည်သည်းခံတာကလည်း ကပ်ဘေးကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံး လက်နက်ပါပဲ။ တစ်ရက် နှစ်ရက် မဟုတ်တဲ့အခါကျတော့ ရေရှည်မှာ ဒါကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ စိတ်စွမ်းအင်လိုပါတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ ကပ်ဘေးကာလက နေ့တိုင်းကြုံနေရမှာပါ။

  • လက်ရှိအချိန်ကို တန်ဖိုးထားပါ။

နောက်ဘာဖြစ်မလဲတွေ၊ ဘာလဲတွေ သိပ်မတွေးပါနဲ့။ လက်ရှိအချိန်မှာ ကောင်းအောင်နေပါ။ အကောင်းဆုံးကြိုးစားပါ။ စိတ်ညစ်စရာတွေ  သိပ်မတွေးပါနဲ့။ အချိန်တိုင်းမှာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ရှာလုပ်ပါ။

  • ကျန်းမာရေး ဂရုစိုက်ပါ။

ကျန်းမာရေး ကောင်းမှ ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်လုပ်နိုင်မှာပါ။ စိတ်ပဲပါပြီး ကိုယ်နောက်က လိုက်မလုပ်နိုင်ရင် အလကားပါပဲ။ ဒါကြောင့် နေ့တိုင်း အချိန်မှန် အစာစားပါ။ အိပ်ချိန်တန်အိပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ စိတ်ထိခိုက်မခံပါနဲ့။

Takeaways

ကပ်ဘေးကာလမှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။ စိတ်ညစ်မခံပါနဲ့။ ကိုယ်ကျန်းမာအောင် နေပါ။ မပျော်သင့်တိုင် စိတ်ဖိအားတွေ မများဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးမှုကြောင့် သွေးတက် တာလား။ သွေးတိုးရောဂါကြောင့် သွေးတက်တာလား။ စိတ်ဖိစီးမှုကြောင့် သွေးတက်ရင် ဘာတွေလုပ်ကြမလဲ။ ဘာတွေ မလုပ်ရဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read