
နောက်နေတာမဟုတ်ဘူးနော်။ ညတိုင်းအချိန်မှန်အိပ်သင့်တယ်ဆိုပေမယ့် ကိုယ့် ဦးနှောက် ကပြေးနေတာအရှိန်မကုန်သေးဘဲ အိပ်ဖို့အသင့်မဖြစ်သေးတဲ့အချိန်တွေရှိတယ်။ ဒီလိုဖြစ်လာရင် အတင်းကြီးလှိမ့်အိပ်မနေပါနဲ့။ အိပ်မပျော်တဲ့အတွေးပေါင်းသောင်းခြောက်ထောင်က ဖိစီးလာလိမ့်မယ်။ အဲ့တော့ သင့်ခန္ဓါကိုယ်ကို ပင်ပန်းလာ၊ပျင်းရိလာစေတဲ့အထိ မပင်ပန်းတဲ့အလုပ်တစ်ခု ထလုပ်ပါ။ ဥပမာ ပျင်းစရာကောင်းတဲ့စာအုပ်(ကိုယ်နှစ်သက်လေ့မရှိတဲ့အမျိုးအစား)ဖတ်တာမျိုး၊ရေနွေးနဲ့ရေထချိုးတာမျိုး၊ ကိုယ်တခြမ်းမှီပြီး သီချင်းအေးအေးလေးနားထောင်နေတာမျိုး။ အိပ်ရာထဲလှိမ့်ရင်း မျက်စိကြောင်နေတာထက် အပြင်မှာခဏအချိန်ဖြုန်းပြီး အိပ်ငိုက်လာတာနဲ့ ချက်ချင်းဝင်အိပ်ပါ။
အလုပ်ကိစ္စ သို့မဟုတ်ငွေရေးကြေးရေးကိစ္စ တို့လို စိတ်ဖိစီးစေနိုင်တဲ့အကြောင်းအရာတွေကြောင့် အတွေးတွေများနေတတ်ပါတယ်။ အိပ်ချိန်နီးတဲ့အခါ ဒီအတွေးတွေကိုဖျောက်သင့်တယ်၊ စိတ်လှုပ်ရှားရတဲ့ရုပ်ရှင်တွေလည်း ပိတ်ပါ၊ အွန်လိုင်းလည်း မတက်ပါနဲ့။ ဒါတွေအသုံးပြုချိန်ကို အနည်းဆုံး တစ်နာရီတော့ အိပ်ချိန်နဲ့ ခွာထားပါ။