အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။
ဒီလို အရေးကြီးတဲ့ ရင်သားရဲ့ထိပ်ခေါင်း (နို့သီးခေါင်း) လေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိဘဲ ယားယံနေတတ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် မကြာခဏဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုလား၊ ယားနာပဲလား၊ ရင်သားကင်ဆာလားဆိုပြီး စိုးရိမ်စရာဖြစ်လာကြပါလေရော။
ရင်သားထိပ်ခေါင်းယားယံတာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ လူရှေ့သူရှေ့များ ယားယံစိတ်ပေါ်လာရင် ကုတ်မရပြုမရ၊ နေရထိုင်ရခက်နဲ့ဆိုတော့လေ။ နေရထိုင်ရခက်ပြီး စိတ်ကသိကအောက်ဖြစ်စရာပါ။
အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ ယားယံရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ များသောအားဖြင်တော့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လေ့ဖြစ်ထမရှိပါဘူး။
Atopic Dermatitis – Atopic dermatitis ဆိုတာက ယားနာဝေဒနာတစ်မျိုးပါ။ Eczema နှင်းခူလို့လည်း သိကြပါတယ်။ ဒီယားနာဝေဒနာက ရင်သားထိပ်ခေါင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက အလွန်ယားယံတတ်တာကြောင့် ကုတ်ရင်းဖဲ့ရင်း အရေပြားကူးစက်ရောဂါပိုးတွေဝင်သွားရင်တော့ ပြဿနာရှိပါတယ်။
ဒီဝေဒနာက ထိရှလွယ်တဲ့အရေပြားမျိုးရှိသူတွေမှာ ပိုဖြစ်သလို အောက်ပါ အခြေအနေတွေမှာလည်း ဖြစ်တတ်ပါတယ်။
Paget’s Disease – နောက်ထပ်ဖြစ် ရင်သားထိပ်ခေါင်းယားနာမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းကတော့ Paget’s Disease ပါ။ Paget’s disease ဆိုတာကတော့ ရင်သားကင်ဆာရဲ့ မျိုးကွဲတစ်မျိုးဖြစ်ပြီးတော့ အဖြစ်မများတဲ့ ရင်သားကင်ဆာ တစ်မျိုးလို့ လူသိများပါတယ်။
Paget’s disease ကို တိကျသေချာတဲ့ သိပ္ပံပညာနဲ့ ရှင်းပြနိုင်ခြင်းလည်း မရှိပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက ဒါဟာ Ductal ရင်သားကင်ဆာရဲ့ သတိပေးလက္ခဏာလို့ ယူဆကြပါတယ်။ အချို့ကတော့ Paget’s disease ဟာ နို့သီးခေါင်းမှာဖြစ်တဲ့ သီးခြားရောဂါတစ်မျိုးလို့ ယူဆကြပါတယ်။ ဒီရောဂါက နို့သီးခေါင်းကို ယားယံစေနိုင်ပါတယ်။
Paget’s disease ဘာကြောင့်ဖြစ်လဲဆိုတာ သေချာ မပြောနိုင်ပေမယ့် ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေတော့ ရှိပါတယ်။
ဒါကြောင့် ရင်သားယားယံတာဟာ ပုံမှန်အားဖြင့်တော့ သာမန်ယားယံမှုဖြစ်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ Paget’s Disease လို ရောဂါမျိုးဖြစ်နေနိုင်တာမို့ ပေါ့ဆဖို့တော့ မသင့်ပါဘူး။ သာမန် အရေပြားယားယံရုံဆိုရင်တော့ဖြင့် အောက်ပါလိမ်းဆေးတွေကို အသုံးပြုပြီး ကုသနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။