brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘာလို့ အဖြူဆင်း ရတာလဲ ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

ဘာလို့ အဖြူဆင်း ရတာလဲ ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း ဘာကြောင့်ဖြစ်ရတာလဲ

မိန်းမကိုယ် မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ပမာဏ ထိန်းညှိမှုမှာ တစ်ခုခု ပြောင်းလဲမှု ရှိလာတာနဲ့ အဖြူဆင်းခြင်း ရဲ့ အနံ့၊ အရောင်နဲ့ အနေအထား(ဥပမာ – ပျစ်ချွဲမှု အတိုင်းအတာ)တို့ကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ –

  • ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ် စတီးရွိုက်ဆေးသုံးစွဲခြင်း
  • ဘက်တီးရီးယားကြောင့်မိန်းမကိုယ်ရောင်ရမ်းခြင်း(Bacterial vaginosis)
  • မိန်းမကိုယ် မှိုပိုးဝင်ခြင်း
  • သွေးဆုံးခြင်း
  • သန္ဓေတားဆေး
  • သားအိမ်ခေါင်းကင်ဆာ
  • ဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ
  • ဆီးချိုရောဂါ
  • အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာ၊ လိုးရှင်းတွေ၊ရေချိုးဆပ်ပြာတို့နဲ့ဆေးကြောခြင်းတို့ပါဝင်ပါတယ်။

နောက်ဆက်တွဲဘာပြဿနာတွေဖြစ်နိုင်လဲ

အဖြူဆင်းတာ သက်သက်တော့ ရောဂါ မဟုတ်ပေမယ့် နောက်ခံ ကျန်းမာရေး ပြဿနာ တစ်ခုခုရဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးဝင်ခြင်းကအစ ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။ ဥပမာဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဆိုရင်သေချာမကုသရင် ဆိုးရွားတဲ့အခြေအနေတွေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိင်ပါတယ်။ မိန်းမကိုယ်ရောဂါပိုးဝင်ခြင်းတွေကိုသေချာမကုသရင် ကိုယ်ဝန်ကိုပါထိခိုက်နိုင်တာ၊ သားအိမ်နဲ့ သားဥပြွန်တွေအထိရောဂါပိုးပြန့်သွားနိုင်တာ၊ တင်ပါးဆုံအောင်ပိုင်းရောင်ရမ်းခြင်းတို့အပြင် ကလေးရဖို့ခက်တာတွေအထိဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ၊ ကာကွယ်မလဲ

ကုသတဲ့နည်းလမ်းကတော့ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပါလိမ့်မယ်။ ဥပမာ မှိုပိုးဝင်ခြင်းဆိုရင် မိန်းမကိုယ်အတွင်းကိုတိုက်ရိုက်သုံးဖို့ မှိုပိုးသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ်တစ်မျိုးမျိုး ဆရာဝန်က ညွှန်လေ့ရှိပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်းအတွက်တော့ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး သို့မဟုတ် ခရင်မ်တွေ ညွှန်းတတ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ အဓိကအားဖြင့် ဒီအချက်တွေကို ဂရုစိုက်တာကောင်းပါလိမ့်မယ် –

  • မိန်းမကိုယ်သန့်ရှင်းရေးအတွက် သီးသန့်ထုတ်လုပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးပါ။
  • ဆပ်ပြာမသုံးပါနဲ့။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာရည်တွေနဲ့ မိန်းမကိုယ်ကို မဆေးကြောပါနဲ့။
  • ရေမှန်မှန်ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
  • အတွင်းခံမှန်မှန်လဲပါ။
  • ခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲရွေးချယ် ဝတ်ဆင်ပါ။
  • မိန်းမကိုယ်ကို ရောဂါပိုးတွေရောက်မလာစေဖို့ သန့်စင်ခန်းသွားလို့ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်သျှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲဆေးကြောသန့်စင်ပါ။
  • အဝတ်အစားတွေ၊ အထူးသဖြင့် အတွင်းခံနဲ့ဘောင်းဘီတွေကို သိပ်ကျပ်စည်းအောင်မဝတ်ပါနဲ့။ချွေးထွက်ပိတ်လှောင်ပြီး ပွန်းတာ၊လောင်တာ၊ မှိုပိုးဝင်တာ၊ ယားတာတွေဖြစ်လာနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/09/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။