backup og meta

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာ ရှောင်လွဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲ ဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့ အချိန် ဒီဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ဆိုပြီး သိချင်နေကြပါတယ်။

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလို ရာသီရက်တွေကို တိုအောင် လုပ်လို့ ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။

ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ ။ ။

နောက် ၃ ရက်လောက်ဆို စာမေးပွဲ ဖြေရတော့မယ်။ ရာသီက ဒီနေ့မှ စလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ ရာသီသွေးဆင်းတဲ့ရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်း တချို့ ရှိပါတယ်။။

  • တစ်ကိုယ်ရည်အာသာဖြေခြင်း 

ရာသီလာနေတဲ့ အချိန် တစ်ကိုယ်ရည်အာသာ ဖြေပြီးနောက်၊ လိင်ဆက်ဆံပြီးနောက် ကာမစိတ် အထွတ်အထိပ်ရောက်တဲ့ အချိန်ဆို သားအိမ်ကို ညှစ်လိုက်သလို ဖြစ်တာကြောင့် ရာသီသွေး များများ ပိုဆင်းတယ်လို့ ဆိုပါတယ်။ ဒီလို များများ ပိုဆင်းလိုက်တာကြောင့် ရာသီသွေးဆင်းတဲ့ရက်လည်း တိုသွားပါတယ်။

  • လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်း လုပ်တဲ့အချိန် ကြွက်သားတွေ လှုပ်ရှားရတာကြောင့် သားအိမ်ကို အားပြုသလို ဖြစ်သွားပြီး ရာသီသွေး ဆင်းများစေလို့ ရာသီသွေးဆင်းတဲ့ရက် တိုသွားတတ်ပါတယ်။

တခြားအချိန်တွေဆို ပြဿနာမရှိပေမယ့် မြန်မြန်ပြီးချင်တဲ့ လတွေဆို တမ်ပွန် သုံးတဲ့အခါကျ ဆင်းတဲ့သွေးတွေကို လမ်းကြောင်း ပိတ်ထားသလို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သွေးတွေ ဆင်းသင့်သလောက် မဆင်းဘဲ ရာသီလာချိန် ကြာနေတတ်ပါတယ်။

  • ဓမ္မတာလာချိန် ကိုက်ခဲတဲ့အခါသောက်တဲ့ အကိုက်အခဲပျောက်ဆေး ။

စတီးရွိုက် မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, naproxen, နဲ့ ibuprofen တို့ဟာ ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်သလို ရာသီသွေးဆင်းတဲ့ ရက်ကိုလည်း တိုစေတတ်ပါတယ်၊၊

ဟော်မုန်းတွေ ထည့်ထားတဲ့ သန္ဓေတားဆေးတွေ ဟာ သင့်ရာသီစက်ဝန်း အပေါ် သက်ရောက်မှု ရှိတာကြောင့် ရာသီသွေး ဆင်းတဲ့ရက်ကို တိုစေတတ်သလို ရာသီစက်ဝန်း တစ်လ နဲ့ တစ်လကိုလည်း မှန်စေတတ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက်ကို မြန်မြန် ပြီးအောင် လုပ်တယ်ဆိုတာ သဘာဝနည်း အတိုင်းနဲ့ ဆိုရင် ပြဿနာ မရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ အများစုထင်ကြသလို သွေးကျန်တာတွေ၊ ချုပ်တာတွေ ဖြစ်မှာမဟုတ်ပါဘူး။

တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်း ကြာတယ်၊ သွေးဆင်းတာလည်း များတယ် ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ် ဆိုရင်တော့ ဆရာဝန်ဆီ သွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ။

ကဲ … ရာသီသွေးဆင်းတဲ့ရက်က အရေးကြီးတဲ့ ရက်တစ်ခုခုနဲ့ တိုက်ဆိုင်နေတာကြောင့် ရာသီသွေးဆင်းရက်ကို တိုချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက အဆင်ပြေမယ့် နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။

ရေးသားသူ− Dr Thin Yadanar @Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/womens-health/how-to-make-your-period-end-faster#nutrition

Accessed Date 29.3.2019

https://www.medicalnewstoday.com/articles/322958.php

Accessed Date 29.3.2019

 

 

ယခုပုံစံ

06/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement