သားအိမ်ကင်ဆာ

ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊ အဝလွန်သူတွေမှာလည်း သားအိမ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။

သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးတွေမှာ အဖြစ်များဆုံးထဲ ရှေ့ကပါဝင်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ human papillomavirus(HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရလေ့ရှိပြီး ဒီဗိုင်းရပ်စ်ဟာ အများအားဖြင့် လိင်ကတဆင့် ကူးစက်လေ့ရှိတာပါ။ တချို့ HPV ဗိုင်းရပ်စ်တွေက ဘာရောဂါလက္ခဏာမှမဖြစ်စေဘဲ တချို့တွေကတော့လိင်အင်္ဂါကြွက်နို့ဖြစ်စေကာတချို့HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ HPV ဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ ၁၆ နဲ့၁၈ တို့ကြောင့် ဖြစ်ပွားရတာပါ။ ဒီ HPV ဗိုင်းရပ်စ်အမျိုးအစားတွေဟာ ရောဂါလက္ခဏာ စောစောစီးစီး ပြလေ့မရှိတာမို့အမျိုးသမီးအများစုအနေနဲ့သူတို့မှာ ပိုးကူးစက်ခံနေရမှန်း သတိမထားမိတတ်ကြပါဘူး။

သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှဖြစ်နိုင်ခြေပိုများလာတာပါ။ အန္တရာယ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပေမယ့် စောစောသိ၊ စောစောကုသရင် အသက်ရှင်နိုင်ခြေ ၉၅ ရာခိုင်နှုန်းလောက်မြင့်ပါတယ်။ ကလေးမမွေးဖွားဖူးသူ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှပထမဆုံးကလေးမွေးဖွားသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။

ဘယ်လိုကုသလဲ

ဒီကင်ဆာတွေအတွက်က ခွဲစိတ်မှုနည်းလမ်းအမျိုးမျိုးနဲ့ကုသကြပါတယ်။ ဥပမာ သားအိမ်ထုတ်ရတဲ့ ခွဲစိတ်ကုသမှုဆိုရင် ဗိုက်ကနေခွဲစိတ်တဲ့နည်း၊ မိန်းမကိုယ်ကနေ ခွဲစိတ်ထုတ်ဖယ်တဲ့နည်း၊ မှန်ပြောင်းအသုံးပြုခွဲစိတ်ထုတ်ဖယ်နည်းနဲ့ နောက်ဆုံးပေါ်ကုသနည်းသစ်ဖြစ်တဲ့ အမာရွတ်မကျန် ခွဲစိတ်ကုသနည်းဆိုပြီးရှိတယ်။ အဲဒီထဲကမှ လူနာအတွက် အကျိုးများတဲ့ အမာရွတ်မကျန်ခွဲစိတ်ကုသမှုအကြောင်းပြောပြပေးချင်ပါတယ်။

အမာရွတ်မကျန်ခွဲစိတ်ကုသမှု(Scarless Laparoscopic Surgery) ဆိုတာဘာလဲ

ဒီနည်းက သားအိမ်ထုတ်ဖယ်ဖို့ မိန်းမကိုယ်ကနေတဆင့် မှန်ပြောင်းသုံးပြီးခွဲစိတ်တဲ့ ကုသနည်းသစ်ဖြစ်ပါတယ်။ ဘာတွေအကျိုးကျေးဇူးရှိလဲဆိုတော့ ဒီနည်းနဲ့ဆိုရင် ခွဲစိတ်ဒဏ်ရာအမာရွတ်မကျန်စေနိုင်ဘူး၊ သွေးထွက်နည်းစေတယ်၊ ပြန်သက်သာတာမြန်တယ်၊ နောက်ဆက်တွဲပြဿနာတွေနည်းတယ်လေ။

ဒီကုသမှုကို –

  • သားအိမ်အလုံးတည်ခြင်း
  • သားအိမ်နံရံအကျိတ်
  • သားအိမ်နံရံထူခြင်း
  • သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်
  • သားဥအိမ်အကျိတ်တည်ခြင်း
  • အမျိုးသမီးတွေမှာအဖြစ်များတဲ့ မျိုးပွားလမ်းကြောင်းဆိုင်ရာကင်ဆာတွေအတွက် ရွေးချယ်သင့်ပါတယ်။

ဘာတွေကောင်းတာလဲ

ဒီကုသနည်းနဲ့ သားအိမ်ထုတ်ခွဲစိတ်မယ်ဆိုရင် –