သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

သားဥအိမ်ဆိုတာဘာလဲ ။ ။

သားဥအိမ်ဆိုတာ သန္ဓေသားတစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သားဥတွေကိုထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။ သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ သုက်ကောင်လေးတို့တွေ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။ ဒါတင်မကသေးပါဘူး။ ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတွေကိုလည်း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ်မရှိတော့ရင် ဘာတွေဖြစ်သွားမလဲ ။ကိုယ်ဝန်ရောရနိုင်သေးလား ။ ။

သားဥအိမ်ကို ထုတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ။ ။

သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ခေါ်ပါတယ်။ သားအိမ်တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကိုဖြစ်စေ၊ နှစ်ခုလုံးကိုဖြစ်စေ မေ့ဆေး၊ ( ဒါမှမဟုတ်) ထုံဆေးပေးပြီး ခွဲထုတ်တဲ့ အကြီးစားခွဲစိတ်မှုတစ်ခုပါ။

သားဥအိမ်ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့

  • Endometriosis( သားအိမ်တွင်း ဆဲလ်များနေရာလွဲခြင်း)
  • ကင်ဆာ မဟုတ်တဲ့ သားအိမ်မှာအလုံးတည်ခြင်း ( သားဥအိမ် အရည်အိတ်တည်ခြင်း)
  • Ovarian torsion( သားဥအိမ် လိမ်နေခြင်း) နဲ့
  • သားအိမ်ကင်ဆာဖြစ်ပြီး သားဥအိမ်ကိုပြန့်သွားတဲ့အခါ
  • သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ မြင့်မားနေတဲ့အခါ မျိုးတွေမှာ သားဥအိမ်ကိုထုတ်လိုက်ကြလေ့ရှိပါတယ်။ ။

သားဥအိမ်ကို ထုတ်တော့မယ်ဆိုပါတော့။ လူနာရှင်ဘက်က ဘာတွေ သိထားသင့်လဲ ။ ။

သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ၊ ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။

ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သားဥအိမ်ကိုထုတ်လိုက်တဲ့အခါ

သားဥအိမ် ၂ ဘက်လုံးထုတ်တဲအခါ

  • ကလေးမရနိုင်တော့ခြင်း – သားဥအိမ် နှစ်ဘက်လုံးထုတ်လိုက်ရတဲ့ အမျိုးသမီးတွေဟာ သဘာဝအတိုင်း ကလေးမရနိုင်တော့ပါဘူး။ ကလေးလိုချင်ရင်ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ယူမှရတော့မှာပါ။
  • သွေးဆုံးလက္ခဏာများခံစားရခြင်း – ရာသီစက်ဝန်းထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တဲ့အခါ သွေးဆုံးခြင်းလက္ခဏာတွေကိုခံစားရမှာပါ။

သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း

  • သားဥအိမ် ၁ ဘက်တည်းထုတ်ထားရင်တော့ ကလေးရနိုင်သေးသလို အရွယ်မတိုင်ခင် သွေးဆုံးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သားဥအိမ်ကို တစ်လုံးတော့ချန်ခဲ့စေချင်ပါတယ်။

ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ်ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက်တစ်လုံးချန်ခဲ့ပါ။

အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက်တာ ပိုကောင်းပါတယ်။

သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်ရပြီးနောက်ကိုယ်ဝန် ရချင်ရင် ဘယ်လိုလုပ်ရမလဲ ။ ။

သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်တဲ့အခါ သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူလို့ရပါသေးတယ်။

သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ ARTဆေးသောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

လိင်တံ ထိပ်အရေပြား တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေး ဘက်တီးရီးယား အနံ့အသက် ဆီးလမ်းကြောင်း ခွဲစိတ်မှု ကူးစက်ရောဂါ ထုံဆေး နာကျင်မှု လိင်ဆက်ဆံခြင်း အတွင်းခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

ရာသီလာ သွေးတုံးသွေးခဲ ရာသီချိန်ကိုက်ခဲ သားအိမ်ခေါင်းကင်ဆာ ကိုယ်ဝန်ပျက်ကျ သားအိမ်တစ်ရှူး နေရာမှား သားအိမ်အလုံးတည်ခြင်း ကလေးမရ သွေးဆင်းများ ဟော်မုန်းမညီမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read