backup og meta

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံ

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံ
အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံ

နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာ၊ သောက်သုံးလိုက်သမျှဟာ လက်ရှိ ကျန်းမာရေးကိုရော သက်ကြီးပိုင်းမှာပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာက ရောဂါတွေကို ကာကွယ်ရာ ရောက်သလို  ကျန်းမာရေးကို စောင့်ရှောက်ရာလည်း ကျပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေ ကျန်းမာအောင် စားသုံးတာက ကိုယ်တိုင်ရော တစ်မိသားစုလုံးပါ ကျန်းမာစေဖို့ အထောက်အပံ့ ပေးနိုင်တယ်ဆိုတာပါ။

ဒီတော့ ကိုယ်တိုင်ရော မိသားစုတွေပါ ကျန်းမာစေဖို့ လေဒီတွေအနေနဲ့ ဘယ်လို ကျန်းမာအောင် စားသောက်နေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကျန်းမာစွာ စားသောက်ခြင်းက ဘာတွေ အထောက်အကူပြုလို့လဲ………..

ကျန်းမာစွာ စားသောက်တာက

  • ခန္ဓာကိုယ်နဲ့ဦးနှောက်ကို အင်အားပြည့်စေတယ်။ တွေးတောဖို့ရော လှုပ်ရှားဖို့ပါ အင်အားပြည့်စေပါတယ်။
  • ကျန်းမာအသက်ရှည်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ရရှိစေတယ်။ ဥပမာ သံဓာတ်က ကြွက်သားနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေတယ်။ ဗီတာမင် C က ကိုယ်ခံအား ကောင်းစေတယ်။ အရေပြားဆဲလ်တွေ ကျန်းမာစေတယ်။ ဗီတာမင် A က ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေတယ်။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိလို့ရမယ်။
  • နှလုံးရောဂါ နဲ့ ဆီးချိုလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်။

ကိုယ် ရွေးချယ်လိုက်တဲ့ စားသောက်မှုပုံစံက ကျန်းမာရေးကို အများကြီး သက်ရောက်နေပါတယ်။

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံဆိုတာ

လေဒီတို့အနေနဲ့ ကျန်းမာချင်တယ်ဆိုရင် အခုလို စားသုံးပေးလို့ ရပါတယ်။

သစ်သီး နဲ့ ဟင်းသီးဟင်းရွက်

ကျန်းမာနေစေဖို့ဆိုရင် နေ့တိုင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန် စားသုံးပေးဖို့ လိုပါမယ်။  နေ့လယ်စာစားတဲ့အခါ ထမ်းနဲ့ အသီးအရွက်ကြော် တစ်မျိုးမျိုးကို ဆတူစားပေးပါ။

အချိုစာတွေအစား သစ်သီးတွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက် စားပေးပါ။ သစ်သီးဖျော်ရည်ထက် သစ်သီးကိုပဲ စားစေချင်ပါတယ်။

ပရိုတင်း 

ကျန်းမာကြံ့ခိုင်ဖို့ဆိုရင် ပရိုတင်းကို လိုအပ်ပါတယ်။ လုံလောက်တဲ့ ပရိုတင်းကို ရစေဖို့ဆိုရင် ပင်လယ်စာ၊ အဆီမပါတဲ့ အနီရောင် အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန် စတာတွေကို တစ်ပတ် နှစ်ကြိမ် စားပေးပါ။

ကောက်နှံ

ထမင်း၊ အုတ်ဂျုံ၊ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို စတာတွေကို စားပေးပါ။ အမျိုးသမီးတွေ ကျန်းမာစေဖို့ ဒီအစားအစာက အရေးကြီးပါတယ်။ အမျိုးသမီး အများစုက ဒီအာဟာရကို ပြည့်ဝအောင် မစားမိတတ်ကြပါဘူး။

နို့ထွက်ပစ္စည်း

အမျိုးသမီးတွေအနေနဲ့ တစ်နေ့တာကို နို့ ၃ ခွက်လောက် သောက်သင့်ပါတယ်။ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်တို့ကို စားပေးတာက အရိုပါးတာ၊ အရိုးပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။  နို့နဲပ နို့ထွက်ပစ္စည်းတွေက အရိုးသန်မာစေဖို့ အားဖြည့်ပေးတဲ့ ကယ်လ်ဆီယမ်ကို ပြည့်ဝစွာ ရရှိစေပါတယ်။

ရေသောက်ပေးပါ

ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အတော်လေး အထောက်အကူပြုပေးပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Healthy eating and women https://www.womenshealth.gov/healthy-eating/healthy-eating-and-women Accessed Date 12 August 2020

Diet and Nutrition Tips for Women https://www.helpguide.org/articles/healthy-eating/diet-and-nutrition-tips-for-women.htm Accessed Date 12 August 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီ တို့ရေ … စကင်န်ကဲ (skin care) ကြမယ်လေ

လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်



Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement