လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။ အိပ်ချင်လာတယ်ပေါ့။ မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။
လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။ အိပ်ချင်လာတယ်ပေါ့။ မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။
တကယ်တော့ နေ့လယ်စာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာဟာ သဘာဝအစာခြေစနစ်လုပ်ငန်းစဉ်နဲ့ အိပ်စက်မှုလုပ်ငန်းစဉ်က ဆက်စပ်နေတာကြောင့်ပါပဲ။ ပြောရရင် သဘာဝဖြစ်စဉ်တစ်ခုလို့ ဆိုမယ်ဆို ဆိုလို့ရပါတယ်။
ဒါပေမယ့်လည်း ဒါကြောင့်ချည်းတော့ နေ့တိုင်း အိပ်ချင်စိတ်ပေါ်နေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်စားလိုက်တဲ့အစားအစာကြောင့်လည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ကိုယ်မှီဝဲစားသုံးလိုက်တဲ့ အစားအစာက ပင်ပန်းနွမ်းနယ်စေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတာပါ။ ဒါကို Postprandial Somnolence လို့ ခေါ်ပါတယ်။
နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ ဆိုတော့ လေ့လာချက်တွေအရဆိုရင်တော့ နေ့လယ်စာစားပြီးချိန်တွေမှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်တဲ့။ ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။
အစားအစာအများစုမှာ ပါဝင်နေတဲ့ ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းတွေက လူကို ပင်ပန်းစေနိုင်ပါတယ်။ တခြားအစားအစာတွေထက်စာရင် ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ပြီးချိန်မှာ အိပ်ချင်စိတ်ပိုဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒီအစားအစာတွေကို စားသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က ဆီုရိုတိုနင် (Serotonin) ကို ပိုမိုထုတ်လုပ်ရတာကြောင့် ပိုပင်ပန်းတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဆီရိုတိုနင်ဟာ အိပ်စက်မှုအတွက် အရေးပါတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ ဒါ့အပြင် ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေမှာ ပါရှိတဲ့ Tryptophan ဆိုတဲ့ Amino Acid ကလည်း ဆီရိုတိုနင်ကို ပိုပြီးထုတ်လုပ်ဖြစ်အောင် ကူညီတတ်ပါသေးတယ်။ ဒါကြောင့် Tryptophan များများပါလေလေ ပိုအိပ်ချင်လေလေပါပဲ။ Tryptophan အများအပြားပါဝင်တဲ့ အစားအစာတွေကတော့
အောက်ပါအစားအစာတွေကတော့ ကာဘိုဟိုက်ဒြိတ် ပါဝင်မှုများပြားတဲ့ အစားအစာတွေပါ။
အစားအသောက်ကြောင့် Postprandial Somnolence ဖြစ်လာဖို့ဆိုရင် အစားအသောက်ပမာဏ အများကြီးမှီဝဲစားသောက်တာနဲ့ဆက်စပ်နေတတ်ပါတယ်။ နေ့ခင်းနေ့လယ်စာကို အများကြီးမှီဝဲမိရင် အိပ်ချင်စိတ်ပိုဖြစ်တတ်တာကို သတိထားမိကြမှာပါ။ နောက်ပြီး အစာစားလိုက်တဲ့အခါ သွေးအတွင်းက သကြားဓာတ်ပမာဏ မြင့်တက်သွားတာကလည်း အိပ်ချင်စိတ်ကို ဖြစ်စေဖို့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ သဘာဝလည်ပတ်မှုစနစ်က အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်ခြင်းရှိမရှိဆိုတဲ့ အချက်ပေါ်မှာ သက်ရောက်ပါတယ်။ လူတွေဟာ ည ၂ နာရီ နဲ့ နေ့လယ် ၂ နာရီလောက်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တတ်တဲ့သဘာဝရှိတယ်လို့ အမေရိကန်အခြေစိုက် The National Sleep Foundation က ဆိုထားပါတယ်။ ဒါကြောင့် နေ့ခင်းနေ့လယ်မှ တရေးတမောအိပ်စက်ဖို့ သူတို့က အကြံပြုထားတာပါ။ နေ့လယ်စာစားလိုက်လို့ အိပ်ချင်စိတ်ပေါ်လာတာနဲ့ နေ့လယ် ၂ နာရီလောက်ဆိုရင် အိပ်ချင်စိတ်ဖြစ်တတ်တဲ့ လူသဘာဝတို့ပေါင်းစပ်ပြီး နေ့ခင်းနေ့လယ်ဆိုရင် လူတွေငိုက်မြည်းကြတာဖြစ်ပါတယ်။
အောက်ပါကျန်းမာရေးပြဿနာတွေကြောင့်လည်း အစာစားပြီးချိန်တွေမှာ အိပ်ချင်တတ်ပါတယ်။
အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ တခြားသော အကြောင်းတရားတွေ ရှိပါသေးတယ်။ ဒါတွေကတော့
အမှန်တော့ ဒါကသဘာဝဖြစ်စဉ်လို့ ပြောလို့ရနိုင်ပါတယ်။ ထွေထွေထူးထူးတာနေတာမျိုးထက် အချိန်ရလို့ တရေးတမော အနားယူလိုက်မယ်ဆိုရင် လူလည်း ပိုပြီး အားအင်ပြည့်ဖြိုးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ လုပ်ငန်းခွင်ထဲမှာမို့၊ အလုပ်ရှိနေလို့ ဒီလို အိပ်ချင်လို့မဖြစ်ဘူးဆိုရင်တော့ အောက်ပါအတိုင်း ကြိုးစားကြည့်ပါ။
ဒီနည်းလမ်းတွေက အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာကို တားဆီးပေးနိုင်ပါလိမ့်မယ်။ နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ ဆိုတာကို သိသွားပြီ ထင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။