backup og meta

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။

    သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်တယ်ဆိုတာ သိပါသလား။ မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမာရေး၊ သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင်။

    သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။

    ( ၁ ) အတွင်းခံဝတ်ပြီး အိပ်တာ။

    အတွင်းခံ ဆိုတာ မိန်းမကိုယ်ကို အပြင်ကနေ ကာထားတဲ့ အရာဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံ ဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။ အတွင်းခံ ဝတ်အိပ်တဲ့အခါ အောက်ဆီဂျင် ထိတွေ့တာ နည်းသွားပြီး ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများ သွားနိုင်ပါတယ်။

    ( ၂ ) Gym မှာဆော့ထားတဲ့ ချွေးစို အတွင်းခံတွေကို အကြာကြီးဝတ်ထားတဲ့အခါ။

    တချို့ ရှိပါတယ်။ Gym မှာ ကစားပြီး ချွေးစိုတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်ထားတာမျိုးပေါ့။ ဒီလို ချွေးစိုနေတဲ့ အတွင်းခံကို အချိန် အကြာကြီး ဝတ်ထားခြင်းဟာ အနံ့အသက်ကို မကောင်းစေတဲ့အပြင် မိန်းမကိုယ် မှိုစွဲတာ၊ ဘက်တီးရီးယားပိုးတွေ ဝင်တာနဲ့ ချွေးလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ( ၃ ) လစဉ်သုံးပစ္စည်းတစ်ခုတည်းကို တစ်နေ့လုံးသုံးတာ။

    လစဉ်သုံးပစ္စည်း ဆိုတာ သွေးတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေ အများကြီး ရှိတဲ့ နေရာ တစ်ခုဖြစ်တာကြောင့် ရာသီလာချိန် သူတို့ကို ၆ နာရီတစ်ခါ ပုံမှန် လဲပေးသင့်ပါတယ်။ မဟုတ်ရင် မိန်းမကိုယ်ထဲ ပိုးအလွယ်တကူ ဝင်သွားပါလိမ့်မယ်။

    ( ၄ ) ဆီးခုံမွေး မကြာခဏ ရိတ်ခြင်း။

    ဆီးခုံမွေး မကြာခဏ ရိတ်တာ၊ ဖယောင်းနဲ့ အမွေးချွတ်တာတွေဟာ မွေးညှင်းအိတ် ရောင်ခြင်းကို ဖြစ်စေပြီး ဆီးခုံပတ်လည် ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။

    ( ၅ ) စိတ်ဖိစီးမှုများတာ။

    စိတ်ဖိစီးမှု များလွန်းတဲ့အခါ ကိုယ်တွင်းဖြစ်စဉ်တွေ၊ ဟော်မုန်းတွေ အားလုံး ကမောက်ကမ ဖြစ်ကုန်တာကြောင့် မိန်းမကိုယ်တွင်းက ညီမျှတဲ့ pHတွေပါ လိုက်ပြောင်းလဲပြီး မိန်းမကိုယ် ယားယံတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ( ၆ ) သကြားအစားများတာ။

    သကြားဟာ မိန်းမကိုယ် မှိုစွဲခြင်းကို အဓိက ဖြစ်စေတဲ့ yeast infections တို့ အကြိုက်ပါ။ ဒါ့ကြောင့် အချို များများ စားလေလေ မိန်းမကိုယ် ပိုးဝင်ပြီး မှိုစွဲတဲ့ ပြဿနာ ပိုဖြစ်လေလေပါ။

    ( ၇ ) မိန်းမကိုယ် အတွင်းထဲထိ ဆေးတာ။

    ဒါကတော့ အသန့်လွန်တဲ့ အမျိုးသမီးတွေ အတွက်ပါ။ မိန်းမကိုယ်ကို သန့်စေချင်လွန်း၊ ပိုးတွေ ကင်းစေချင်လွန်းပြီး အတွင်းထဲထိ ဆပ်ပြာတွေနဲ့ ဆေးတတ်ကြပါတယ်။ ဒီအခါမှာ မိန်းမကိုယ် pHပျက်၊ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ပျက်စီးပြီး ပိုးဝင်လွယ်တတ်ပါတယ်။

    မိန်းမကိုယ် ပိုးဝင်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အဖြူတွေ ဆင်းတာ၊ မိန်းမကိုယ် ယားယံတာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

    ကဲ …. ဒီအပြုအမူလေးတွေ လုပ်မိနေသေးလား။ မလုပ်မိဘူးဆိုရင်လည်း မလုပ်ဖြစ်အောင် ဆက်ထိန်းပြီး လုပ်မိတယ်ဆိုရင်လည်း မလုပ်မိတော့အောင် ရှောင်လိုက်တော့လို့ အကြံပြုပါရစေ လေဒီလေးတို့ရေ ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement