backup og meta

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

    ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် အချက်လေတွေ ရှိပါတယ်။ သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လို ခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။

    RS ဘဝကို အဆုံးသတ်ပြီး အိမ်ထောင်သည်ဘဝကို စတင်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲ လှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။

    ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

    အရေးကြီးဆုံးက လက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ။

    ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက် ကတော့

    (၁) သေချာပြီလား

    ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင် လုပ်ပါ။ ဒီလူနဲ့ တစ်သက်လုံးအတူအသက်ကြီးသွားဖို့ သေချာပြီလား၊ အဆိုးအကောင်းတွေ အတူခံယူဖို့ အဆင်သင့်ဖြစ်ပြီလား။

    (၂) ယုံကြည်ရပြီလား

    နှစ်ယောက်ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကို အပြန်အလှန်ပွင့်လင်းကြရဲ့လား။ နှစ်လွှာပေါင်းလို့ ရတဲ့အထိ တစ်သားတည်း ယုံကြည်လို့ရပြီလား ဆန်းစစ်ပါ။

    ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။

    (၃) ဆက်ဆံရေးက ဘယ်လိုရှိလဲ

    ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန် ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။

    • တကယ်ချစ်တာလား။
    • တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလား။
    • သူနဲ့အတူရှိချိန် ပျော်ရွှင်ရလား။
    • သူက ကိုယ့်အပေါ်ကောင်းရဲ့လား။
    • အကြိုက်တူ၊ တန်ဖိုးတာချင်းတူရဲ့လား (အတွေးအမြင်၊ ခံယူချက် စတာတွေ)။
    • ဘဝအတွက် ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေတူသလား။
    • ကိုယ်နဲ့သဟဇာတဖြစ်ရဲ့လား စတဲ့အချက်တွေက တစ်သက်လုံးလက်မတွဲခင် တွေးကြည့်သင့်တဲ့အရာတွေပါ။

    (၄) ရင်းနှီးပွင့်လင်းတဲ့သူတွေ ဖြစ်ပြီလား

    ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။

    တွေ့ဆုံချိန်မှာ တသီးတသန့် ဂရုစိုက်နေထိုင်ရတယ်၊ စကားသတိထားပြောနေရတယ်၊ စိတ်ဆိုးမှာကြောက်နေတယ်၊ အထင်သေးမှာ စိုးနေတယ်၊ ကိုယ့်အမူအကျင့်တွေ သူ့ရှေ့မှာ ဖုံးကွယ်ထားမိတယ်၊ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်လို ပြုမူတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ သူနဲ့ဆို ပျော်ရွှင်ပွင့်လင်းနေတာမျိုးမဟုတ်ဘဲ ထိန်းချုပ်အောင့်အည်းနေရတာတွေများနေတာက နောက်အတူနေတဲ့အခါ ပြဿနာရှိလာနိုင်တဲ့အချက်ပါ။

    (၅) လေးစားမှုရှိလား

    လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင် နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။

    (၆) ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ပေါင်းစည်းပြီးပြီလား

    နှစ်ယောက်အတူလျှောက်လှမ်းကြမယ့် ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ ကလေးဘယ်နှယောက်ယူမလဲ ၊ ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။

    (၇) ညှိနှိုင်းလို့ရတဲ့သူလား

    ကိုယ်ရွေးချယ်ထားတဲ့ လက်တွဲဖော်လောင်းက ဘယ်အရာမှာမဆို ညှိလို့နှိုင်းလို့ရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်၊ အတွေးအမြင်၊ ခံယူချက်တွေ မတူတာ သဘာဝမို့ အချင်းချင်းပြုပြင်ခိုင်းစရာမှ မလိုတာပဲ။ နားလည်မှုနဲ့ ညှိနှိုင်းမယ်ဆိုရင် လုံလောက်ပြီလေ။

    (၈) မလောပါနဲ့။

    နောက်ဆုံးအချက်ကတော့ လက်ထပ်ပွဲလေးလှပေမယ့် အားကျရုံနဲ့ မလောပါနဲ့လို့။ ကိုယ့်ဘဝအတွက် သေချာခိုင်မာပြီဆိုမှ အလှပဆုံး လက်ထပ်ပွဲလေးပြင်ဆင်လို့ နောက်မကျသေးပါဘူး။ ဟန်ချက်ညီတဲ့ တွဲဖက်မှုကို တစ်သက်တာ ပိုင်ဆိုင်နိုင်ကြဖို့ စေတနာ ဗလပွနဲ့ ရက်ရက်ရောရော အကြံပေးလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement