backup og meta

သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်

    သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့ အချစ်ရေးဟာ ကြမ်းတမ်းနေတယ်။ ဒါပေမယ့် အဖြေကို ရှာမတွေ့ဘူး ဆိုရင်တော့ သင့်ကိုသင် ပြန်လည်းဆန်းစစ် ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက် ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့ အချက် ၅ချက်ရှိပါတယ်။

    သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်

    သင်ကဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်တွေက

    ၁။ အရာရာတိုင်းဟာ သင့်ကိစ္စပဲ ဖြစ်နေခြင်း

    သင်တို့ နှစ်ယောက်ဟာ ဘာပဲ စီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲ အမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊ သူ့မှာ ဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံး ရှိနေစေချင်တာမျိုးတွေ၊ သင်ဟာ သူ့ရဲ့ အရေးအကြီးဆုံးနဲ့ ပထမဦးစားပေး ဖြစ်ချင်တာမျိုးတွေပဲ ဖြစ်ပါတယ်။

    ၂။ ပွစိပွစိအမြဲပြောနေခြင်း

    ကျွန်ုပ်တို့ အားလုံးဟာ ပြန်ခံပြောတတ် ကြပါတယ်။ ဒါပေမယ့် တချို့လူတွေဟာ အဲဒီလို ပြောတဲ့နေရာမှာ တော်တော်ဆိုး ပါတယ်။ သင်ဟာ တစ်ယောက်ယောက်က သူတို့ရဲ့ ပြဿနာတွေကို တစ်နေ့လုံး ထိုင်ပြောနေတာကို နားမထောင်ချင်သလိုမျိုး ပဲပေါ့။ သင့်ရဲ့ ချစ်သူ ဟာလည်း အဲဒီလိုပဲ ခံစားရမှာဖြစ်ပါတယ်။

    သူကိုယ်တိုင်က ဘာမှမလုပ်ဘဲ အပြစ်ထိုင်ပြောခံနေရတာကို နားထောင်ရတာလောက် ငြီးငွေ့စရာ ကောင်းတာ မရှိပါဘူး။ သင်ဟာ လုံးဝကို အပြစ်ထိုင်ပြောတတ်သူကြီး ဆိုရင်တော့ သင့်ရဲ့ချစ်သူကတော့ ဘာမှပြောမှာ မဟုတ်ပေမယ့် သေချာတာ တစ်ခုကတော့ အဲဒါဟာ သင်တို့ရဲ့ ဆက်ဆံရေးကို လုံးဝ ဖျက်ဆီးနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

    ၃။ သူ့ကို ပြောင်းလဲဖို့ ကြိုးစားခြင်း

    သင့်ရဲ့ချစ်သူဟာ သင့်ချစ်သူပါပဲ၊ သင်ဟာလည်း သင်ပါပဲ။ အကယ်၍ သင်တို့ရဲ့ ဆက်ဆံရေးမှာ ပြောင်းလဲဖို့ လိုလာရင် အဲဒီလို ပြောင်းလဲတာဟာ သဘာဝအတိုင်းလေးပဲ ဖြစ်သင့်ပါတယ်။ ဖိအား တစ်ခုခုကြောင့် မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ကို အတင်းအဓမ္မ ပြောင်းလဲဖို့ ကြိုးစားတာက လုံးဝ အဓိပ္ပာယ် မရှိပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့ သူကိုပေါ့။

    ၄။ သူ့ကို ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်း

    လူတော်တော်များများကတော့ အကျိုးရှိတဲ့၊ အကူအညီပေးနိုင်တဲ့ ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ချစ်သူကို လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်နေရင်တော့ အဲ့ဒါလုံးဝကို မကောင်းပါဘူး။ သင့်ရဲ့ ဝေဖန်မှုဟာ အကျိုးရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင့်ရဲ့ဝေဖန်မှုပုံစံကြောင့် ရှိပြီးသား အကောင်းမြင်စိတ်တောင် ပျောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် သင်ဝေဖန်တော့မယ် ဆိုရင် သက်သောင့်သက်သာ ဖြစ်စေပြီး အပြုသဘောဆောင်တာမျိုးကို နှစ်ကိုယ်ကြားပဲ ပြောသင့်ပါတယ်။

    ၅။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်ရှိခြင်း

    သင်ဟာ သင့်ချစ်သူနဲ့ ပြေလည်တဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ စကားပြောဆိုမှု ရှိရမယ် ဆိုတာကို သိပြီးသား နေမှာပါ။ ဒါပေမယ့် သင်ဟာ ဆက်ဆံရေး မကောင်းဘူး။ တစ်ခုခု အဆင်မပြေတဲ့အခါ သင့်ရဲ့ခံစားချက်တွေကို ဖွင့်ပြောပြလေ့ မရှိဘူး။

    အဆင်မပြေတဲ့ အချိန်မှာ သင်ကိုယ်တိုင်ကလည်း ပြဿနာတွေ သယ်လာလေ့ ရှိတယ်။ သင့်ရဲ့ခံစားချက်ကို လူချင်းတွေ့ပြီး ပြောရတာထက် စာရိုက်ပြောရတာကို ပိုနှစ်သက်တယ်။ ဒါတွေဟာ သင့်ကို ချစ်သူကောင်း တစ်ယောက် မဖြစ်နိုင်အောင် တားဆီးနေတဲ့ အရာတွေ ဖြစ်တယ်။

    သင်ကဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီလား ဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement